..............................

Wednesday, September 21, 2011

ရန်ကုန် တရုတ်သံရုံးရှေ့ တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးထား

2011-09-20

မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။

တစ်ကိုယ်တော် ဆန္ဒပြခဲ့သူရဲ့ အမည်က ကိုအောင်သိန်းခေါ် ကိုကျော်ဝင်း ဖြစ်ပြီး ဒီကနေ့ ကို မွန်းလွဲ ၁၂ နာရီခွဲ ခန့်မှာ အာဏာပိုင် တွေက ဖမ်းဆီးသွားပြီး အခု ဒဂုံမြို့နယ် ရဲစခန်းမှာ စစ်ဆေး နေတယ်လို့ တရုတ်သံရုံးရှေ့ကို ရောက်ရှိခဲ့တဲ့ ရန်ကုန်မြို့ခံ သတင်းထောက် တစ်ဦးက RFA ကို ပြောပြပါတယ်။

“သူက ဧရာဝတီ စီမံကိန်းကို ချက်ချင်းရပ်ဆိုတဲ့ စားသားကို ကိုင်ထားတယ်လို့ ပြောတယ်။ နောက်ဆုံး သိရတာကတော့ ဒဂုံ ရဲစခန်းမှာ စစ်ဆေး နေတယ်လို့ သတင်းကြားတယ်”

အမေရိကန် နိုင်ငံသားဖြစ်ပြီး ရနောင်းကနေ ဝင်လာသူ တောင်ဥက္ကလာ ၇ ရပ်ကွက် ၁၁ လမ်းနေ အဘ ဦးနောင်တင်လှရဲ့သား လို့လည်း သိရပါတယ်။

အခုလို တစ်ကိုယ်တော် ဆန္ဒပြမှု ဖြစ်ခဲ့တဲ့အတွက် လူတစ်ဦး ဖမ်းဆီးခဲ့တဲ့ အကြောင်း တရုတ် သံရုံးက ယဉ်ကျေးမှု ဌာန အနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း အမည်မဖော် လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ကိုးကားပြီး ရန်ကုန် AFP သတင်းက ရေးပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့