..............................

Wednesday, January 13, 2010

ခမရ ၈၀ နဲ့ ထောက်လှမ်းရေးတပ်အကြား တင်းမာမှုမြင့်မား

January 12, 2010

ပဲခူးတိုင်း အနောက်ဖက်ခြမ်း ပြည်ခရိုင် အင်းမရွာမှာ အခြေစိုက်တဲ့ တပ်မ ၆၆ က တပ်ရင်းဖြစ်တဲ့ ခမရ ၈၀ နဲ့ ခမရ ၅ ထောက်လှမ်းရေး တပ်ဖွဲ့တွေ အကြား တနင်္ဂနွေ ညက ပစ်ခတ်မှုတွေ ဖြစ်ခဲ့စဉ် ဒဏ်ရာ ရခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ တပ်ကြပ်ကြီး သေဆုံးသွားပြီ ဖြစ်ပါတယ်။

ခမရ ၅ ထောက်လှမ်းရေး တပ်ဖွဲ့က အကြောင်းမကြားဘဲ လာရောက်စစ်ဆေးတာကို ခမရ ၈၀ က တပ်ထဲ အဝင် မခံတဲ့အတွက် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ပွားရာကနေ နောက်ဆုံး ပစ်ခတ်မှုတွေ အထိ ဖြစ်ခဲ့ရတာပါ။

ပစ်ခတ်မှုအတွင်း အဲဒီ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယ အပါတ် ကတည်းက အာဏာ ဖီဆန်လာခဲ့တာပါ။

အဲဒါကြောင့် လုံခြုံရေးအရ ထောက်လှမ်းရေးတပ်တွေက သူတို့ကို ဝိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အင်းမရွာသားတွေကတော့ ခမရ ၈၀ တပ်ရင်းဖက်ကို ထောက်ခံကြပြီး အကူ အညီပေးဖို့ အဆင်သင့် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက ညောင်လေးပင် ခရိုင်ဖက်မှာ လှုပ်ရှားတဲ့ ခလရ ၂၀ တပ်ရင်း ကလည်း ဘာအကြောင်းကြောင့် အဲဒီကို ရောက်နေလဲ ဆိုတာ မသိရတဲ့ အတွက် အခြေအနေဟာ ပိုတင်းမာ လာနေတယ်လို့ အခင်းဖြစ်ပွားတဲ့ နေရာက ဒေသခံ တဦးက ပြောပါတယ်။


Ref: BBC News

0 comments:

အပေါ်သို့