..............................

Thursday, October 9, 2008

ရွေးကောက်ပွဲမတိုင်ခင် ဖိနှိပ်မှုများ ပိုတိုးလာကြောင်း NLD ပြောကြား

2008-10-08
၂ဝ၁ဝ ပြည့်နှစ်မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ မတိုင်ခင် အာဏာပိုင်တွေက နိုင်ငံရေး အတိုက်အခံတွေကို ပိုပြီးဖိနှိပ်လာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာလ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် နှစ် ၂ဝပြည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် နှစ် ၂ဝပြည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
၂ဝဝ၇ ခုနှစ် ပြီးခဲ့တဲ့ နှစ်အတွင်း NLD က အဖမ်းဆီး အထိန်းသိမ်းခံခဲ့ရတဲ့ ပါတီဝင် အများစုဟာ အခုအခါ တရားရုံးတွေမှာ အာဏာပိုင်တွေရဲ့ နိုင်ငံရေး စွဲချက်မျိုးစုံကို ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခု အောက်တိုဘာလဆန်းအထိ အချိန်တိုအတွင်း အနည်းဆုံး NLD ပါတီ ဝင် ၃ဝ ခန့်ဟာ ထောင်ဒဏ် ၂ နှစ်ကနေ ၂ နှစ်ခွဲအထိ အပြစ်ဒဏ်ခံခဲ့ရတယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
စစ်အစိုးရအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို အခုလို တိုးပြီး နှိမ်နင်းလာတာဟာ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ သူတို့စိတ်တိုင်းကျ လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ပါတီဝင်တွေဖြစ်တဲ့ ဦးစိုွးွ့ကယ်၊ ဒေါ်ခင်အေးနဲ့ ဦးမြင့်သိန်းတို့ဟာ ရပ်ရွာ တည်ငြိမ်မှုကို ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၂ နှစ် ခွဲစီ အပြစ်ပေးခံခဲ့ရကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကိုလှိုင်အေးနဲ့ ကိုစန်းပွင့်တို့ကို ဒီစွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေးတာ ခံခဲ့ရကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
စစ်အစိုးရရဲ့ မေလ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး လမ်းညွန်ချက် ၇ ရပ် ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ဦးတည်ထားပါတယ်။
ဒါပေမဲ့ အန်အယ်ဒီပါတီကတော့ ဒီဆန္ဒခံယူပွဲဟာ တရားမျှတမှုမရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ref: RFA News

0 comments:

အပေါ်သို့