..............................

Thursday, May 9, 2013

အင်ဒိုနီးရှားက မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူတွေ နောက်ထပ် ဖမ်းမိ

2013-05-08

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာသံရုံးဗုံးခွဲဖို့ ကြံစည်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် အကြမ်းဖက် အဖွဲ့ဝင်တွေ ပုန်းအောင်းနေတဲ့ နေအိမ် တစ်ခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဒီကနေ့ ဝင်ရောက် စီးနင်း ဖမ်းဆီးရာမှာ အကြမ်းဖက် သမားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။

ဂျာကာတာမြို့က နောက်ဆုံးရရှိတဲ့သတင်းအရ အကြမ်းဖက်သမား သုံးယောက်ကို အသေ ဖမ်းမိပြီး၊ နှစ်ယောက် ကိုတော့ အရှင် ဖမ်းမိတယ်လို့ အင်ဒိုနီးရှား ရဲချုပ်က ပြောပါတယ်။

သူတို့ဆီကနေ ပစ္စတိုသေနတ် ၃ လက်နဲ့ လက်လုပ်ဗုံး ၂ လုံးလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အနောက်ဂျာဗားခရိုင်က စင်ဂွန်ဒီဝါရွာမှာ မနက် ၁၁ နာရီခွဲက စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီ အပြန်အလှန် ပစ်ခတ်မှုဟာ နာရီ အတော်ကြာမြင့်ခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် Boy Rafli Amar က ပြောပါတယ်။

အကြမ်းဖက်သမားတွေ ခိုလှုံနေတဲ့အိမ်ဟာ လယ်ကွင်းပြင်ထဲမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်း ပစ်ခတ်နှိမ်နင်းနေတာကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်သမားတွေဟာ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက အဲဒီအိမ်ကို ငှားရမ်း အသုံးပြုနေခဲ့ပြီး အခု စီးနင်းဝင်ရောက် ဖမ်းဆီးတဲ့ အခါ ပြန်ပြီးခုခံတဲ့အတွက် ပစ်ခတ်နှိမ်နင်း ခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲချုပ်က ပြောပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့