..............................

Friday, May 10, 2013

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စာချုပ်သစ် ပြန်ချုပ်ဖို့ တောင်းဆို

2013-05-09

ယခင် စစ်အစိုးရလက်ထက်က တရုတ်ဝမ်ပေါင်ကုမ္ပဏီ နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေးကော် မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေ အတိုင်း အသစ်ပြန်လည် ချုပ်ဆိုဖို့ လက်ပံတောင်းတောင်ဒေသ ခံတွေနဲ့ သံဃာတော်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်း ဆိုလိုက်ကြပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေ အတိုင်း ဆက်လက်ဆောင်ရွက်မယ် ဆိုရင် ဒေသခံရွာသူ၊ ရွာသားတွေ အတွက် အကျိုး ရှိနိုင်ကြောင်း လက်ပံတောင်းဒေသက ပခုက္ကူကျောင်း ဆရာတော် ဦးက၀ိနြေ္ဒာဘာသက မိန့်ကြားပါတယ်။

ဒါ့အပြင် ကြေးနီစီမံကိန်းဒေသမှာ လက်ရှိထုတ်ပြန်ထား တဲ့ ပုဒ်မ ၁၄၄ ကို ပြန်လည် ရုတ်သိမ်းပေးဖို့နဲ့ ဒေသခံ ရွာသားတွေကို အကူအညီပေးနေသူတွေ အပေါ် ထုတ်ပြန် ထားတဲ့ ဥပဒေ ပုဒ်မတွေကိုလည်း ရုတ်သိမ်းပေးဖို့ တောင်းဆို ခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့