..............................

Tuesday, April 9, 2013

ကော်မတီ ၇ ခုဖွဲ့ပြီး ပါတီ လုပ်ငန်းစဉ်တွေ ဆောင်ရွက်မည်

2013-04-08

ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ် ခဲ့တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

အဲဒီကော်မတီတွေထဲက လူငယ်ရေးရာကော်မတီကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် သွားမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ အသစ် ဖွဲ့စည်းလိုက်တဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ရဲ့ ပထမဆုံး အကြိမ် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းမယ့်ကော်မတီတွေ ကတော့ တောင်သူ လယ်သမားရေးရာ ကော်မတီ၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ အပါအ၀င် နိုင်ငံရေး ပါတီတွေနဲ့ ဆက်ဆံရေးကော်မတီတွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့