..............................

Thursday, April 11, 2013

ရေကျော် ဗလီမီး ရှို့မီးမဟုတ်ဟု အစီရင်ခံစာအရ ဝန်ကြီးချုပ် အတည်ပြု

စောဇင်ညီ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၀ ရက် ၂၀၁၃

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းရှိ ရေကျော်ဗလီ မီးလောင်မှုသည် ရှို့ မီးမဟုတ်ဘဲ ပေါ့ဆမှုကြောင့်သာ လောင်ကျွမ်းသည့်မီး ဖြစ်ကြောင်း စုံစမ်းရေး အစီရင် ခံစာအား ကိုးကား၍ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

“အပြင်မှာ ကောလာဟလတွေ ထွက်သလို ဘယ်ဘာသာကမှ လာရှို့တာ မဟုတ်ဘူး။ မီးအားမြှင့်စက် အပူလွန်ကဲလို့ လောင်တာပါ” ဟု ဦးမြင့်ဆွေ က ယတိပြတ် ပြောသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီခန့်က အစ္စလာမ် ဘာသာဝင် တို့၏ ဗလီ ဝတ်ကျောင်း မီးလောင်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အစီရင်ခံစာနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် မီဒီယာများ ဧပြီလ ၁၀ ရက်နေ့ ညနေက အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သည်။

မီးလောင်စဉ် ဗလီ တာဝန်ရှိသော ဆရာမှာ မီးသတ်ရန်သာ အာရုံရှိနေပြီး ကလေးများအား ကယ်ရန် မေ့လျော့ခဲ့၍ ကျောင်းသား ၁၃ ဦး သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း စုံးစမ်း စစ်ဆေးမှုက ဆိုသည်။ စုံစမ်း စစ်ဆေးရေးခုံရုံး၏ အဆိုပါ အစီရင်ခံစာအား အစ္စလာမ် အဖွဲ့အစည်းကြီး ငါးခုကို ချပြရာတွင် ထိုအဖွဲ့များက ယုံကြည်ကြောင်းလည်း ဦးမြင့်ဆွေ က မီဒီယာများကို ပြောသည်။

မီးလောင်ခံရသည့် ဗလီအား မြို့တော်စည်ပင်ထံ စာတင်၍ ပြန်လည် တည်ဆောက်ကာ ဗလီအဖြစ် ဆက်လက် ပြုလုပ်ခွင့် ရှိကြောင်း အစိုးရအဖွဲမှ တာဝန်ရှိသူများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့