..............................

Monday, October 3, 2011

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ရန်ပိုင် Friday, 30 September 2011 18:24
E-mail Print
ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန် ပွဲစဉ်တွင် မြန်မာပရိသတ် တချို့၏ ရမ်းကားမှုကြောင့် ပွဲဖျက်သိမ်း လိုက်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) က အရေး ယူလိုက်ပြီ ဖြစ်သည်။

ထိုဖြစ်ရပ်အတွက် FIFA က မြန်မာ ဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန် အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာ ပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့် အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေး ယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန် ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။

အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့