..............................

Monday, April 11, 2011

ဦးသိန်းစိန်ထံ NLD စာရေးသား

2011-04-10

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ အစိုးရအဖွဲ့သစ်ကို ပထမဆုံး စတင် ဆက်သွယ်မှု အနေနဲ့ သမ္မတ ဦးသိန်းစိန် ထံကို ပြီးခဲ့တဲ့ရက်ပိုင်းက စာတစောင် ရေးသားပေးပို့ လိုက်ပြီဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံတော် သမ္မတကြီးဆီကို စာတစောင် ရေးထားပါတယ်။ ဒီစာက ပိတ်ရက်တွေနဲ့ သူတို့ဆီကို ရောက်မရောက် ဆိုတာက ရှိနေတော့ ရောက်လောက်တဲ့ အချိန် ကျရင်တော့ ကျနော်တို့ အသိပေးပါ့မယ်။ ဒါက ကျနော်တို့ ကြိုးစား ဆက်သွယ်မှု တခုပေါ့လေ”

NLD ပါတီအနေနဲ့ သမ္မတ ဦးသိန်းစိန်ထံ ရေးသားတဲ့စာပါ အကြောင်းအရာ အသေးစိတ်ကို လာမယ့် သီတင်းပတ် အတွင်း အများပြည်သူကို အသိပေး ထုတ်ပြန် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ NLD ပါတီ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက် ကြိုးပမ်း သွားမှာဖြစ်ပြီး၊ လက်ရှိ အစိုးရသစ် အနေနဲ့ NLD ပါတီရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ အပေါ် ကန့်သတ် ပိတ်ပင်မှုတွေ ဆောင်ရွက် လာလိမ့်မယ်လို့ မထင်မြင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့