..............................

Thursday, January 6, 2011

ကြာအင်းဆိပ်ကြီးမြို့ အိတ်ချိန်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

Wednesday, 05 January 2011


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်း ရုံးဝင်း အတွင်းရှိ ဆက်သွယ်ရေး တာဝန်ခံ၏ နေအိမ်အနီး၌ ဂျန္န၀ါရီ ၃ ရက်နေ့ နံနက် ၂ နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ယမန်နေ့ထုတ် နအဖပိုင် သတင်းစာ တွင် ဖေါ်ပြထားသည်။

ဆက်သွယ်ရေးတာဝန်ခံ၏ နေအိမ်အနောက်ဘက် မီးဖိုချောင်အနီး၌ ၎င်းဗုံး ပေါက်ကွဲမှုကြောင့် နေအိမ်အုပ်နံရံ ၊ ပြူတင်းပေါက် ၊ သွပ်အမိုးနှင့် တံခါးမကြီးတို့ ပျက်စီးသွားပြီး ၄င်းနေရာ အနီးတွင် အမျိုးသားတစ်ဦး၏ ခန္တာကိုယ် အစိတ်အပိုင်းများ တွေ့ရသည်ဟု ဆိုသည်။

ဗုံးထောင်သူ၏ ခန္တာကိုယ်အစိတ်အပိုင်းများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းစာက ဆိုထားသော်လည်း မည်သည့် အဖွဲ့အစည်း ၏ လက်ချက် ဖြစ်ကြောင်း ဖေါ်ပြထားခြင်း မရှိပေ။

လွန်ခဲ့သည့်နှစ် ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်တို ဘာလ ဆန်းပိုင်းက မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွင့်တိုင် အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများကို နအဖက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲ ပုံချလေ့ရှိသည်။

ယခုအခါ ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နယ်ခြားစောင့်တပ် လက်မခံသည့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် DKBA တပ်ဖွဲ့များနှင့် နအဖ စစ်တပ်တို့ကြား တိုက်ပွဲများ လွန်ခဲ့သည့်နှစ် ယနေ့ အထိ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့