..............................

Thursday, January 28, 2010

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010

မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ်သည် ယနေ့ မနက်ပိုင်း ၈း၃၀ ခန့်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည် ဟု ထိုင်းနှင့် တရုတ်နယ်စပ် သတင်းရပ်ကွက်များ ကပြောပါသည်။

“အခုက ကားတွေ ခရီးတင်ကားတွေ မိုင်းလား နယ်မြေတွေကနေ အပြင်ထွက်ခွင့် မရတော့ဘူး၊ ကျိုင်းတုံကနေ ၀င်လာရင်တော့ ရတယ်။ လူထုလဲ အိမ်ပြင် မထွက်ဖို့ မိုင်းလား အာဏာပိုင်တွေက အမိန့် ထုတ်ထားတယ်”- ဟု အမည်မဖေါ်လိုသူ တဦး က ပြောပါသည်။


NDAA-ESS မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ်(အလယ်)၊ အတွင်းရေးမှူး ၂ ဦးနွေဦး


အခြားသတင်းရပ်များက ယနေ့ မနက် ၆း၃၀ နာရီ တွင် ဦးမင်းအိမ်က အဖေါ်တယောက် နှင့် အိမ်ရှေ့တွင် လမ်းလျှောက်နေစဉ် သေနတ် သမားက ၀င်ရောက် ပစ်ခတ်သွားသည်ဟု ဆိုပါသည်။

ဦးမင်းအိမ် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည် ဆိုသည်ကို မိုင်းလား အာဏာပိုင်တို့က စုံစမ်းဖေါ်ထုတ် ဆဲဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့