..............................

Friday, July 31, 2009

ဒေါ်စုကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် လှုံ့ဆော်စာများ ဖြန့်ကြဲ

ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 21 နာရီ 51 မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် နိုးဆော်ထားသော စာများကို ရန်ကုန်မြို့ တာမွေမြို့နယ် အတွင်း ယနေ့ ညနေက ဖြန့်ကျဲ သွားခဲ့သည်ဟု တွေ့မြင် လိုက်သူများက ပြောသည်။

တိုက်ပွဲဦးဆောင် ကော်မတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေး အဖွဲ့ချုပ်က ဖြန့်ချီခြင်း ဖြစ်သည်ဟု စာတွင် “၃၁ ရက်နေ့မှာ ဒေါ်စုကို ထောင်ချတော့မည် ဖြစ်ပါသဖြင့် ကျရာနေရာမှ တိုက်ပွဲဝင်ရန်” နိုးဆော်ထားသည်ဟု ဆိုသည်။

အနည်းဆုံးစာရွက် ၂၀ ခန့် ဖြန့်ကျဲသွားခဲ့ပြီး ရဲက သိမ်းဆည်း သွားခဲ့သည်ဟု ဆိုသည်။

မနက်ဖြန်တွင် ပြုလုပ်မည့် အင်းစိန်ထောင်တွင်း တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချကာ အပြစ်ပေးလျှင် လူထုအုံကြွမှု ဖြစ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးများ တိုးမြှင့် ချထားသည့် ကြားမှ လှုံ့ဆော်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့