နန်းဒေ၀ီ   
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009 
နယူးဒေလီ (မဇ္စျိမ)။      ။ အင်းစိန်ထောင်တွင် နှစ်လကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် News Watch အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာနှင့် သတင်းထောက်မှာ ယခုအပတ်အတွင်း အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့သည်။
တရားသူကြီးများ လာဘ်စားသည့်အကြောင်း ဂျာနယ်က ရေးသားဖော်ပြရာတွင် ပုဒ်မအသုံးအနှုန်း မှားယွင်း ဖော်ပြမှုကြောင့် အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုမနောထွန်းကို နိုဝင်ဘာလ အစောပိုင်းက ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အမှု ဆိုင်ခဲ့ရသည်။
" တရားရုံးက လာဘ်စားနေတယ်ဆိုပြီး သတင်းရေးတယ်။ အဲဒါကို ဘယ်လို ဥပဒေ ပုဒ်မနဲ့ အရေးယူလို့ ရတယ်ဆိုတဲ့ quotes (ကိုးကားချက်) ကိုတော့ တရားရေးရာ စာစောင်ထဲကနေ ကိုးကားထားတယ်။ ကိုးကားတဲ့ ပုဒ်မ အသုံးအနှုန်းက မှားသွားတယ်။ ဒါကြောင့် …တရားရုံးကို မထီမဲ့မြင် ပြုတယ်ဆိုပြီးတော့" ဖမ်းဆီး တရားစွဲခံရသည်ဟု News Watch နှင့် နီးစပ်သည့် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။   
သူက ဆက်ပြီး " အမှု အသွားအလာအရ အမှုတင် မရဘူးဖြစ်နေတော့ ရုံးထုတ်အချိန်ယူပြီး နောက်ဆုံး ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်" ဟု ပြောသည်။   
ဦးခင်မောင်အေးနှင့် ကိုမနောထွန်းသည် News Watch စတင်ထုတ်ဝေကတည်းက လုပ်ကိုင်ခဲ့ကြသည်။ သူတို့ကို အလုပ် ပြန်ခန့်ရေးအတွက် ဂျာနယ်တိုက်က စဉ်းစားနေဆဲ ဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။
Ref:  မဇ္စျိမ
Saturday, February 7, 2009
အယ်ဒီတာနှင့် သတင်းထောက် ပြန်လွတ်
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment