2013-05-13
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အတွက် ဒီကနေ့နေ့လည်ပိုင်းက လက်ပံတောင်းတောင်ဒေသခံ အမျိုးသမီး ၅ဝဝ ကျော်ဟာ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် မကြာခဏ ဆန္ဒပြခဲ့ ကြပေမယ့်  အခုလိုဒေသခံ အမျိုးသမီးတွေ ချည်းပဲ ဆန္ဒပြတာကတော့ ပထမဆုံး အကြိမ်ဖြစ်ကြောင်း တုံရွာသူ မသန်းသန်းထွေးက RFA ကို အခုလိုပြောပါတယ်။
“ရွာသားတွေကို ယောက်ျားလေးတွေ မြင်လို့ရှိရင် ဖမ်းမယ် ဆီးမယ်လို့ သူတို့က မတရားပြောထား တယ်လေ၊ ရွာသားတွေ မပါပါဘူးရှင့်၊ ရွာသူအမျိုးသမီးတွေပဲ ဆန္ဒပြနေတာပါရှင့်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေးရယ်၊ မီးလောင်ဗုံး တရားခံများ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အရေးရယ်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ တောင်ယာမြေများပေါ် ထွန်ယက်စိုက်ပျိုးဖို့ရယ် ဆန္ဒပြနေတာပါရှင့်”
ဒီနေ့ဆန္ဒပြရာမှာ ဒေသခံတွေက တောင်းဆိုချက် ၁၀ ချက်ကို ကြွေးကြော်ပြီး တုံရွာထိပ်ကနေ ညောင်ပင်ကြီးဆိပ်အထိ လမ်းလျှောက် ချီတက် ခဲ့ကြတယ်လို့သိရပါတယ်။
သူတို့တောင်းဆိုချက်တွေထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့၊ ပုဒ်မ၁၄၄ ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံး အသုံးပြုခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့ အပါအ၀င် ၀မ်ပေါင်ကုမ္ပဏီကို  အလိုမရှိ၊ ၀မ်ပေါင် အလိုကျ မတရား ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေ ရုတ်သိမ်းပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
Ref:  RFA News 
Tuesday, May 14, 2013
ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဒေသခံ အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment