..............................

Wednesday, February 6, 2013

မြစ်ကြီးဧရာ ထိန်းသိမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်မှာ အတည်ပြု

2013-02-05

ဧရာဝတီမြစ်ကြီးကို ပြန်လည် ထိန်းသိမ်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ဧရာဝတီမြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။

အမျိုးသားမြစ်ကြီး ထာဝရရှင်သန်ဖို့ ဧရာဝတီမြစ် ကော်မရှင် ဖွဲ့စည်းရေး ဆိုတဲ့ အဆိုတစ်ခုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့် က တင်းသွင်း ခဲ့ရာမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံ ခဲ့တဲ့အတွက် ဧရာဝတီမြစ်ကော်မရှင် ဖွဲ့စည်းသွားဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ကြေညာခဲ့ပြီး အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ က ကိုယ်စားလှယ် ဦးအောင်ချစ်လွင် ကလည်း ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာ ရှိတဲ့ ကျောက်တွင်း ကုမ္ပဏီ၊ ရွှေမျှော လုပ်ငန်းတွေကြောင့် မြစ်အတွင်း သဲသောင်ထွန်းမှုတွေ များလာနေတာကို ဆွေးနွေး ခဲ့ပါတယ်။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဝင်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့