..............................

Friday, December 7, 2012

လက်ပန်းတောင်းတောင် စီမံကိန်းအရေး မြို့ကြီးတွေမှာ သံဃာတော်တွေ ထိုင်သပိတ် စတင်

2012-12-06

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က တောင်းဆိုခဲ့တာတွေကို အာဏာပိုင်တွေဘက်က တုန့်ပြန် လိုက်လျောမှု မရှိသေးတဲ့အတွက် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အရှေ့ရပ်မှာရှိတဲ့ အိမ်တော်ရာဘုရားမှာ သံဃာတော်အပါး (၃၀၀) လောက်ဟာ ဒီကနေ့ နေ့လည်တစ်နာရီမှာ ထိုင်သပတ်ကို စတင် ဆင်နွဲခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင် အထွေထွေ သပိတ်ဖြိုခွဲခဲ့စဉ်က ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို သမ္မတ ဦးသိန်းစိန် အစိုးရက အမြန်ဆုံးဝန်ချတောင်းပန်ဖို့၊ သပိတ်စခန်းတွေ ဖြိုခွဲမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ဆိုတဲ့ သုံးချက်ကို ၁၀ ရက်အတွင်း အကောင်အထည်ဖော်ပေးဖို့ သံဃာတွေက တောင်းဆိုကြောင်း သိရပါတယ်။

ဒီကနေ့ ထိုင်သပိတ်ကို သံဃာတော်တွေနဲ့အတူ အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်က အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ အဖွဲ့က ကိုမာကီးနဲ့ ဇနီးဖြစ်သူ တောင်သူလယ်သမား အရေး ဆောင်ရွက်သူ မစုစုနွေးတို့ ပါဝင်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မ မြို့မှာလည်း ဒေသခံ သံဃာတော်တွေက ထိုင်သပိတ် ဆင်နွှဲ ခဲ့ကြပါတယ်။ အထက်မြန်မာပြည် သံဃာတွေရဲ့ ဆော်သြမှုအတိုင်း ဝါးခယ်မမြို့က သံဃာတွေက အောက်မြန်မာပြည် သံဃာတွေ အနေနဲ့ ပါဝင် ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း ဝါးခယ်မမြို့က အောင်ရတနာ စာသင်တိုက် ဆရာတော် ဦးက္ကန္ဒာစာရက မိန့်ကြားပါတယ်။

အလားတူ အထက်မြန်မာပြည် မြိုကြီးတွေဖြစ်တဲ့ ချောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ တောင်းကြီး၊ မိုးကုတ်မြို့တွေမှာ ဒီတောင်းဆိုချက်တွေ အတိုင်း ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေက တစုံတရာတားမြစ်တာ မရှိပေမယ့် စောင့်ကြည့် မှတ်တမ်း တင်တာတွေ ရှိခဲ့ပြီး ဆန္ဒပြပွဲဟာ နေလည် ၂ နာရီမှာ အဆုံးသတ်ခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့