..............................

Friday, April 20, 2012

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

2012-04-19

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည် ဆိုတဲ့ စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစား လိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေ ခုံရုံးက ဒီစကားရပ်ကို ပြန်လည် ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက် ခဲ့တဲ့ နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့ အကြောင်း သူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတစ်ခုပဲ ဖြစ်သေးတဲ့အတွက် သမ္မတအပါအဝင် အစိုးရ တစ်ဖွဲ့လုံးရဲ့ သဘောထား မဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးက ပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေ အနေနဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိ ပြုရတာကို အခြေခံ ဥပဒေကို လေးစား လိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလည်း ဒီစကားရပ်နဲ့ ကျမ်းကျိန်ရမှာ ဖြစ်တဲ့ အတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ကာကွယ် စောင်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့