..............................

Monday, October 24, 2011

ဂဒါဖီအုပ်စိုးမှု အဆုံးသတ်ကြောင်း လစ်ဗျားကြေညာ

တနင်္ဂနွေ, 23 အောက်တိုဘာ 2011

လစ်ဗျားနိုင်ငံဟာ ဂဒါဖီရဲ့ ၄၂ ကြာအုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပြီလို့ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အခမ်း အနားမှာ လစ်ဗျား ယာယီ ခေါင်းဆောင်တွေက ကြေညာ လိုက်ပါတယ်။ အဲဒီ အခမ်းအနားကို လူပေါင်း သောင်းနဲ့ချီပြီး တက်ရောက် ခဲ့ကြပါတယ်။

အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီရဲ့ ခေါင်းဆောင် မူစတာဖာ အဗ္ဗဒဲလ် ဂျလေး (Mustafa Abdel Jalil) က “ဂဒါဖီခေတ်လွန် ကာလတွေမှာ အစ္စလာမ် ဥပဒေတွေကသာ ဥပဒေပြုဖို့ အတွက် အဓိက အရင်းအမြစ်တွေ ဖြစ်မယ်လို့” - လစ်ဗျား ပြည်သူတွေကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ လစ်ဗျားနိုင်ငံကို စတင် ပြန်လည်တည်ဆောက်မှာ ဖြစ်တဲ့အတွက် လစ်ဗျား ပြည်သူတွေ အနေနဲ့ အမုန်းတရား တွေကို ပယ်ဖျက်ဖို့ သူက တိုက်တွန်း လိုက်ပါတယ်။

လစ်ဗျားပြည်သူတွေဟာ ၁၉၆၉ ခုနှစ်တုန်းက ဂဒါဖီ ဖြုတ်ချခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်တုန်းက သုံးခဲ့တဲ့ လစ်ဗျား အလံတွေကို ဝှေ့ယမ်းပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ မစ္စတာဂျလေးက ဒီတော်လှန်ရေး အတွင်း အသက် ပေးသွားခဲ့တဲ့ အတိုက်အခံ တပ်ဖွဲ့ဝင်တွေနဲ့ ထောင်ပေါင်းများစွာသေ ဆန္ဒပြသူတွေကို ဂုဏ်ပြုခဲ့ပြီး သူတို့ဘက်က ကူပြီး တိုက်ပေးခဲ့တဲ့ နေတိုးနဲ့ အာရပ် နိုင်ငံတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

တခြားသတင်းတစ်ပုဒ်မှာတော့ ဆီရီးယားအစိုးရအနေနဲ့ ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းနေမယ် ဆိုရင် အရေးယူ ပိတ်ဆို့တာတွေကို ဆက်လုပ် သွားမယ်လို့ ဥရောပ သမဂ္ဂက ခြိမ်းခြောက် လိုက်ပါတယ်။


Ref: VOA News

0 comments:

အပေါ်သို့