..............................

Wednesday, September 15, 2010

NLD အပါအဝင် ၉၀ ပြည့်နှစ် ၅ပါတီဖျက်သိမ်းခံရ (Update)

အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀

ဖနိဒါ (ချင်းမိုင်) ။ ။ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ယနေ့မှစ၍ တရား မဝင်တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၆ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၊ 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ တို့ကို ဖျက်သိမ်းကြောင်း ပါရှိသည်။

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခု မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့် ရှိတယ်။ ဒါဟာ အထူးအဆန်း မဟုတ်သလို လုပ်ပိုင်ခွင့် မရှိဘဲ လုပ်တယ်လို့ပဲ မြင်တယ်” ဟု NLD ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

“ပါတီဝင်အားလုံးက ညီညီညွတ်ညွတ်နဲ့ အေးအေးဆေးဆေး လုပ်နေတာဆိုတော့ မအံ့သြကြပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဆိုသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရပြီး တရားမျှတမှု ကင်းသည့် ဥပဒေ များကြောင့် ရွေးကောက်ပွဲကို NLD က သပိတ်မှောက် ထားသည်။

မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် NLD ပါတီဝင်များကမူ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည့် ပါတီကို ဖျက်သိမ်းမည်ဟု ကြိုတွက် ထားခဲ့ကြောင်း ဆိုကြသည်။

........................................................................

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ယနေ့မှစ၍ တရားမဝင်တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၆ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

“မြန်မာ့အသံ ၆ နာရီသတင်းမှာ ပြောသွားတယ်။ NLD နဲ့ တခြားပါတီ ၅ ခုဟာ ဒီနေ့က စပြီး တရားမဝင်တော့ဘူး ဆိုပြီးတော့ ကော်မရှင်က ကြေငြာတယ်လို့ ဆိုတယ်” ဟု NLD ပါတီဝင်တဦးက တယ်လီဖုန်းမှ တဆင့် ပြောကြားသည်။

“နောက်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကို မြန်မာ့အသံတို့ မြဝတီတို့၊ နိုင်ငံပိုင် သတင်းစာတွေက နေပြီးတော့ တရားဝင် မဲဆွယ်ခွင့်ပေးမယ်။ ဒါပေမဲ့ မဲဆွယ်ခွင့် ပေးတဲ့နေရာမှာလဲ ကန့်သတ်ချက်တွေ အများကြီးဘဲ” ဟု သူက ထပ်ပြောသည်။

မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် NLD ပါတီဝင်များကမူ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သော ပါတီကို ဖျက်သိမ်းမှာ ကြိုတင် တွက်ထားခဲ့ကြောင်း ဆိုသည်။

အသေးစိတ် ဆက်လက်စုံစမ်းလျှက်ရှိပြီး ထပ်မံ သတင်းပေးပို့မည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့