..............................

Monday, February 15, 2010

ဦးတင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ်သက်တမ်း ကုန်ဆုံးပြီး ယနေ့တွင် စစ်အစိုးရက ပြန်လည် လွှတ်ပေးလိုက်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

လွှတ်ပေးလိုက်သည်နှင့် နေအိမ်အတွင်းသို့ အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်များ အပါအဝင် ပါတီဝင်များနှင့် သူ့ကို ထောက်ခံ သူများက ဝမ်းသာအားရ ကြိုဆိုကြသလို သတင်းထောက်များ၏ မေးခွန်းများ မနားတမ်း ဖြေကြားနေရသော အသက် ၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းကို မေးခွန်း ၃ ခု မေးမြန်းခွင့် ရရှိခဲ့သည်။

အခုလို လွတ်လာတော့ ဘယ်လိုခံစားရပါသလဲရှင်။

ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့ လူတွေက အခုထက်ထိ အကျဉ်းကျ နေတာပဲ။

ဆက်ပြီးတော့ ဘာတွေ လုပ်မယ်လို့ စဉ်းစားထားပါသလဲရှင်။

အဖွဲ့ချုပ်ကိုသွားပြီး၊ သတင်းပို့ပြီးတော့ ပေးတဲ့တာဝန်ကို လုပ်ရမှာပေါ့ဗျာ။ ပါတီ CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အမိန့်ကို နာခံ ရမှာပေါ့ဗျာ။ ပါတီ့ရှေ့ရေး ညီညီညွတ်ညွတ် တိုင်ပင်ပြီးတော့ လုပ်ရမှာပေါ့။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘဘရဲ့ ရပ်တည်ချက် သဘောထားက ဘယ်လိုပါပဲရှင်။

ဆက်လက်ပြီးတော့ လုပ်စရာရှိတာက ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ကိစ္စက ဆုံးခန်းတိုင်အောင် မရောက်သေးဘဲကိုး။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရအောင်တော့ လုပ်ရမှာပေါ့။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့