..............................

Monday, March 25, 2013

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ နေအိမ်မီးရှို့ ဖျက်ဆီးမှု ဖြစ်ပွား

2013-03-24

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ် မီးရှို့ဖျက်ဆီးမှု တချို့ဖြစ်ပွား ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အနော်ရထာ ရပ်ကွက်မှာ ပလီ တစ်ခု အပါအဝင် အိမ်ငါးလုံး ဖျက်ဆီး ခံရတဲ့အတွက် နေပြည်တော်က ရဲတပ်ဖွဲ့တွေကိုပါ ခေါ်ယူပြီး အခြေအနေကို ထိန်းသိမ်းနေရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။

" ဒီနေ့ည သူတို့လာဖျက်စီးလို့ ပလီတစ်လုံး အပါအဝင်အိမ် လေးငါးခြောက်လုံး ပါသွားတယ်။အခုတော့ သက်ဆိုင်ရာ လူကြီးတွေ ဝိုင်းဝန်း ထိန်းသိမ်းလို့ ငြိမ်သွားပါပြီ၊ ရဲတပ်ရင်းတော့ မဟုတ်ဘူးပေါ့၊ နေပြည်တော်ဘက်က ရဲတပ်ဖွဲ့ဝင်တွေ တော်တော်များများ လာကြပါတယ်"

မနေ့ညကပဲ အမည်မသိ လူအုပ်စုတွေက ရွာသစ်ကြီးကျေးရွာ အနော်ရထာ ရပ်ကွက်၊ မြဝတီ ရပ်ကွက်နဲ့ ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားခဲ့တယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။

" လုံခြုံရေး ရောက်သွားတဲ့ နေရာဆို သူတို့က ထွက်ပြေးတယ်၊ ဟိုဘက်ဝိုင်းလိုက်၊ ဒီဘက်ဝိုင်းလိုက် အဲ့လိုဖြစ်နေတာ၊ အနော်ရထာရယ်၊ မြဝတီရယ်၊ ဗိုလ်မင်းရောင်ရယ် ဒါလောက်ပဲ"

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက် ထိန်းသိမ်း နေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့အရာရှိတဦးက RFA ကိုပြောပါတယ်။

" ကျွန်တော် သိသလောက်ကတော့ ပြောရင် သူတို့ဆီမှာသွားတာ အရပ်သားတွေက နည်းနည်းစုနေလို့ ကျွန်တော်တို့ဆီကနေ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်တွေ အင်အားနဲ့ သွားဖြေရှင်းလိုက်တော့ ပြီးသွားပါပြီခင်ဗျ၊ ဘာမှမဖြစ်တော့ပါဘူး"

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ စနေ့နေ့ ညက ဖြစ်ပွါးခဲ့တဲ့ ဆူပူမငြိမ်မသက်မှုသတင်းတွေဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့