..............................

Thursday, March 21, 2013

မိတ္ထီလာ အဓိကရုဏ်းကြောင့် သံဃာတစ်ပါးနဲ့ လူတစ်ဦးသေဆုံးပြီး မြို့ခံ ၂၀ ဆေးရုံရောက်

2013-03-20

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့မှာ မနေနေ့လည် (မတ်လ ၂၀ )က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေ ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအဝင် မြို့ခံတစ်ဦးသေဆုံးခဲ့ပြီး၊မြို့ခံအယောက် ၂၀ ကျော်ကိုလည်း မိတ္ထီလာဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ တင်ပို့ထားရတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ယနေ့နေ့လည်က မိတ္ထီလာမြို့မဈေး ရွှေဆိုင်မှာ ရွှေလာရောင်းသူနဲ့ ရွှေဆိုင်ပိုင်ရှင်တို့ကြား စတင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မိတ္ထီလာမြို့မဈေးအတွင်းက ဈေးဆိုင်တစ်ချို့နဲ့ဆိုင်ခန်းတစ်ချို့အပြင် အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုရာ ပလီတစ်ခု ဖျက်စီးခံခဲ့ရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ဖြေရှင်းဖို့အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် ခေါင်းဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့ကို ဒီကနေ့ ညနေကရောက်ရှိလာပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရှေ့တန်းစခန်းဖွင့်လှစ်ထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဒီကနေ့ မနက်ပိုင်းမှာ RFA ကိုအတည်ပြုပြောကြားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး လူမှုကွန်ယက်ဖြစ်တဲ့ "ရဲဇာနည်"ဖေစ့်ဘုတ်စာမျက်နှာမှာလည်း ဒီကနေ့နေ့လယ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ည ၈ နာရီကျော်က မိတ္ထီလာဆေးရုံကြီးကို တက်ရောက်ဆေးကုသခံယူနေရတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးနဲ့ မိတ္ထီလာမြို့ခံ ဦးသန်းမြင့်နိုင်တို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခဖြစ်စဉ်တွေ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့အတွက် မတ်လ ၂၀ ရက်ည ၁၀ နာရီခန့်မှာတော့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ မိတ္တီလာမြို့၊ရန်မျိုးအောင် ရပ်ကွက်က အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းနေတယ်လို့ မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးက RFA ကိုပြောပါတယ်။

မီးသတ်ကားတွေမှာ လုံခြုံရေး အစောင့်အရှောက် လိုက်ပါခြင်းမရှိတဲ့အတွက် မီးလောင်ကျွမ်းနေတဲ့နေရာကို ဝင်ရောက်ငြိမ်းသတ်ဖို့ အခက်အခဲတွေ့နေရတယ်လို့လည်း သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့