..............................

Thursday, January 31, 2013

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို USAID က ဒေါ်လာ ၄.၂ သန်း ထပ်မံ ကူညီ

2013-01-30

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ် ခံစားခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ဒေါ်လာ ၄.၂ သန်း ဒုတိယ အကြိမ် ထပ်မံ ကူညီခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ပထမဦးဆုံး အကြိမ် ကူညီခဲ့ပါတယ်။ အခု တစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော် ရှိပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဇန်နဝါရီလ ၃ဝ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို နည်သူမည်ဝါ မခွဲခြားပဲ နိုင်ငံတကာ အခြေခံမူတွေ၊ စံချိန်စံညွှန်းတွေ အတိုင်း ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့