..............................

Friday, November 23, 2012

ဒီမိုကရေစီ တကယ်လိုလားရင် ဖွဲ့စည်းပုံ ကို ပြင်မှဖြစ်မယ်လို့ ဒေါ်စု ပြောကြား

2012-11-22

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီ နည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆို လိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် အင်္ဂါနေ့က ဆက်သွယ်မေးမြန်းရာမှာ သမ္မတ အိုဘားမားက မြန်မာပြည်မှာ ပြည်သူလူထုက ရွေးချယ်တဲ့ အစိုးရက သာလျှင် တိုင်းပြည် အုပ်ချုပ်ခွင့် ရှိရေးကို အာမခံတဲ့ ဖွဲ့စည်းပုံ ဥပဒေတခု ပေါ်ပေါက်ဖို့လိုကြောင်း ပြောဆိုခဲ့တာနဲ့ ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုပြုပြင်ဖို့အတွက် NLD ပါတီတခုတည်းရဲ့ သဘောထားနဲ့ ဆောင်ရွက်မှာ မဟုတ်ပဲ လွတ်တော် ကိုယ်စားလှယ် အများစုနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးဌာနတွေက နိုင်ငံတော်ဘဏ္ဏာငွေ ကျပ်သန်းပေါင်း ၆ သောင်းခန့် အလွဲသုံးစားပြုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီ ကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့ လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တက္ကသိုလ်တချို့ကို သွားရောက်လေ့လာခွင့် ရခဲ့ရာမှာ အင်မတန် အားကျစရာကောင်းကြောင်း နဲ့ မကြာခင် ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေးအတွက် ကော်မတီတခု ဖွဲ့စည်းဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောဆိုခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့