..............................

Monday, November 19, 2012

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ချို့ ပတ်သက်မှု ရှိ

2012-11-18

ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေအတွင်း တစ်ချို့ဖြစ်ရပ်တွေမှာ ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ တစ်ချို့က မူဆလင်တွေကို သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း၊ မီးလောင်ရာ ကျေးရွာတွေက ထွက်ပြေး သူတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖေါ်ပြ လိုက်ပါတယ်။

ကျောက်ဖြူမြို့က အကြမ်းဖက်မှုတွေမှာဆိုရင် ကမန် မူဆလင်တွေကို ဒေသခံတွေက တိုက်ခိုက်မှုမှာ အစိုးရ လုံခြုံရေး တပ်တွေက ကာကွယ် တားဆီးမှု ပျက်ကွက်ခဲ့တယ်လို့ HRW အဖွဲ့က ထုတ်ပြန်ချက်ကို အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မီးလောင်ပျက်စီးသွားတဲ့ မူဆလင် ရိုဟင်ဂျာတွေ အများစု နေထိုင်တဲ့ ကျေးရွာ အတော် များများရဲ့ ဓါတ်ပုံတွေကို ဂြိုလ်တုကနေ တဆင့် ရိုက်ကူး ယူထားတာကိုလည်း HRW အဖွဲ့က ဖေါ်ပြထားကြောင်း HRW အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြ ထားပါတယ်။

တစ်ချိန်တည်းမှာလည်း သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါ ရခိုင်ပြည်နယ် အရေး ကိစ္စကို ထည့်သွင်းဆွေးနွေးပေးဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့