..............................

Friday, September 28, 2012

တရားဥပဒေစိုးမိုးရေးလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2012-09-27

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရှိဖို့ဆိုရင် တရားဥပဒေ စိုးမိုးရေးကို ပြန်လည် တည်ဆောက် ရမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးလုပ်ပိုင်ခွင့် အာဏာတွေ ပေးထားကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားရေး မဏ္ဌိုင်တစ်ရပ် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယေးလ်တက္ကသိုလ်မှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့သလို အမေရိကန် ကွန်ဂရက်က ပေးအပ်တဲ့ အမြင့်ဆုံး ဆုကိုလည်း လက်ခံ ယူခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ချီးကျူး ဂုဏ်ယူကြောင်း ထည့်သွင်းပြောဆို သွားခဲ့ပါတယ်။


Ref: RFA News

0 comments:

အပေါ်သို့