..............................

Friday, September 28, 2012

သမ္မတ ဦးသိန်းစိန် ကုလအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား

2012-09-27

ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အမြင်တွေ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်လို့  ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့သလို တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကိုလည်း ကျင်းပပေးခဲ့ ပါတယ်။ ဒါ့အပြင် စာနယ်ဇင်းတွေကို ဆင်ဆာဖြတ်တောက်တာကိုလည်း ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ သည်းခံစိတ်နဲ့ ဆွေးနွေးဖြေရှင်းတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်း လာနေပြီဖြစ်ကြောင်း အထွေထွေ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး တိုးတက်မှုတွေကြောင့် နိုင်ငံရေး အရ တရားဝင်မှုတွေ တိုးလာနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံနိုင်ငံရေး တည်ငြိမ်မှုတွေကို အထောက်အကူဖြစ်သလို ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း ပိုမိုကောင်းမွန် လာဖို့အတွက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြောင်းလဲမှုတွေ အတွက်လည်း လမ်းပွင့် လာခဲ့ကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့