..............................

Tuesday, August 7, 2012

ပြည်သူ့လွှတ်တော်၌တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီကို အသစ်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည်

Tuesday, 07 August 2012

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အသစ် ထပ်မံ ဖွဲ့စည်းခြင်းကို ပြည်သူ့ လွှတ်တော် မှ သဘော တူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့် အညီ ကျင့်သုံး နေထိုင်မှု ရှိစေရန် ကြပ်မတ် ထိန်းကျောင်းရမည် ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စု အဆင့် ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

ကော်မတီကို (၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူး မဲဆန္ဒနယ်၊ (၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၃) ဦးမင်းဆွေ၊ ဒိုက်ဦး မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၇) ဦးခင်မောင်မြင့် ဇီးကုန်း မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၄) ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ် အဖွဲ့ဝင် (၁၅) ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်၊ အတွင်းရေးမှူး တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Ref: EMG News

0 comments:

အပေါ်သို့