..............................

Wednesday, May 23, 2012

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

2012-05-22

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ကိုယ်တိုင်လက်ခံဖို့အတွက် နော်ဝေးနိုင်ငံကို အသွား ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

ILO ညွှန်ကြားရေးမှူးချုပ်က - အခုကျင်းပမယ့် ILO ညီလာခံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပမှာ မိန့်ခွန်းပြောကြားတဲ့နေရာ ဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကနေ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့