..............................

Friday, March 16, 2012

မကြာခင် ပြည်ပခရီး ထွက်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

2012-03-15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဝေးတော့တဲ့ ကာလအတွင်း ပြည်ပခရီး ထွက်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ဟောင်ကောင် တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေ ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံတဲ့ ဗီဒီယို မိန့်ခွန်းမှာ ပြောဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မကြာခင်ကာလမှာ ပြည်ပခရီးထွက်ခွာဖို့ အခြေအနေတွေ ပေါ်ပေါက် လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီလို အခြေအနေ ပေးလာရင် အခု ဆုချီးမြှင့်တဲ့ ဟောင်ကောင် တက္ကသိုလ်ကို ခဏတာပဲ ဖြစ်ဖြစ် လာရောက် လည်ပတ်မှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ စိတ်ပါဝင်စား ထောက်ခံကူညီတဲ့အတွက် ဟောင်ကောင် တက္ကသိုလ်ကို ကျေးဇူး တင်ကြောင်း ပြောဆို ခဲ့ပါတယ်။

ဆက်လက်ပြီး “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာဟာ တရား ဥပဒေ စိုးမိုးရေး အတွက် ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ တရားစီရင်ရေး ကဏ္ဍ နှစ်ပေါင်းများစွာ ချွတ်ချော် ပျက်စီးနေတာကြောင့် လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ ဥပဒေ ပြဋ္ဌာန်းရေးနဲ့ တရားစီရင်ရေး ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား သွားပါမယ်” လို့ ဗီဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့