..............................

Monday, October 31, 2011

ဂဒါဖီသား လက်နက်ချနိုင်ဖို့ ICC ညှိနှိုင်းနေ

စနေ, 29 အောက်တိုဘာ 2011

တရားခံပြေးတစ်ဦးဖြစ်ပြီး သေဆုံးသွားတဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ သားဟာ တရား ဥပဒေ အရ ရင်ဆိုင်ဖို့ အတွက် လက်နက်ချဖို့ ကြားခံ တစ်ဦးက တဆင့် ဆွေးနွေးနေကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး ICC က ပြောဆို လိုက်ပါတယ်။

ဆာဟိ အယ်လ် အစ္စလာမ် ဂဒါဖီ ကို အာဖရိကနိုင်ငံ တစ်ခုကို ထွက်ပြေးနိုင်ဖို့ ကြေးစား တပ်ဖွဲ့တွေက အကူအညီ ပေးနေကြောင်း လေ့လာ သိရှိရတယ်လို့ ICC နိုင်ငံတကာ တရားရုံးရဲ့ ရှေ့နေ လူးဝစ် မိုရီနို အိုကမ်းပိုး ကပြောပါတယ်။

ဂဒါဖီရဲ့သားကို လေယာဉ်နဲ့ တင်ဆောင်လာမယ်ဆိုရင် လေယာဉ်ကို ICC တရားရုံး အနေနဲ့ ကြားဝင် ဟန့်တားပိုင်ခွင့် ရှိတယ်လို့လည်း မိုရီနို အိုကမ်းပိုး ကပြောပါတယ်။ မကြာခင်က ရရှိတဲ့ သတင်းတွေအရ ဆာဟိ အယ်လ် အစ္စလာမ် ဟာ ဆာဟာရကို ဖြတ်ပြီး အိမ်နီးချင်း နိုင်ငံ တစ်ခုကို သွားနေတယ်လို့ ဆိုပါတယ်။

ဆာဟိအစ္စလာမ်ဂဒါဖီအပေါ် နိုင်ငံတကာ တရားရုံးက လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ တရား စွဲဆို ထားတာဖြစ်ပါတယ်။ သူ့အဖေအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြားခံလူက တဆင့် ပြောဆိုရာမှာ ဆာဟိအစ္စလာမ်က သူဟာ အပြစ်မရှိသူ တစ်ဦး ဖြစ်ပါတယ်လို့ ပြောကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြ ထားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့