နေမျိုး
တနင်္လာနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်တွင် ဒေသခံ တောင်သူ လယ်သမား ၅၀၀ ခန့်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး အတွက် တနင်္လာနေ့ မွန်းလွဲပိုင်းက ချီတက် ဆန္ဒပြ ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ မစန္ဒာ က ပြောသည်။
“တုံရွာ ကနေ ညောင်ပင်ကြီး(ဆိပ်ကမ်းရွာ) အထိ၊ ရွာတွေက အများကြီးရှင့် ၂၆ ရွာက ရွာသားတွေရှင့်။ နေ့လည် ၂ နာရီက စပြတာ အခု ညောင်ပင်ကြီး ရောက်နေပြီရှင့်။ လုံခြုံရေးက ဆားလင်းကြီးနဲ့ မုံရွာက ရဲတွေပါပဲရှင့်။ သူတို့က တုံ့ပြန်မှု မရှိပါဘူးရှင့်။ ကျမတို့က တရားဝင် ဆန္ဒပြခွင့် အမိန့်နဲ့ ပြတာရှင့်” ဟု မဇ္စျိမကို ပြောဆိုသည်။
ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံများကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရေး တောင်းဆိုကြပြီး ကြေးနီ စီမံကိန်းအတွက် အသစ်ပြင်ဆင်ချုပ်ဆိုသော စာချုပ်၊ ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီ အလို မရှိကြောင်းလည်း ဆန္ဒပြ ကြွေးကြော်ကြသည်။ လျော်ကြေး မယူရသေးသော လယ်ယာ မြေများပေါ်ရှိ ကုမ္ပဏီပိုင် အဆောက်အဦနှင့် မြေစာပုံများ ဖယ်ရှားရန်လည်း တောင်းဆိုကြသည်။
စိုးရိမ်မှုများ ရှိထားသလို လုံခြုံရေး အာဏာပိုင်များမှ အကြမ်းဖက်ဖြေရှင်းမှု တစုံတရာ မရှိသေးကြောင်း မဇ္စျိမကို ပြောဆို သွားသည်။
Ref: မဇ္ဈိမ
Tuesday, April 30, 2013
လက်ပံတောင်း ဒေသခံများ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ဆန္ဒပြ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment