..............................

Monday, April 22, 2013

ခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုပြီးနောက် နောက်ထပ် ဆန္ဒမပြရန် ရဲမှူးကြီးက မဒေးကျွန်း ဒေသခံများကို ပြောကြား

April 19, 2013

ကျောက်ဖြူ ခရိုင်ရဲမှူးကြီးမှ မဒေးကျွန်းတွင် ဆက်လက် ဆန္ဒပြမူများ မပြုလုပ်ကြရန် ဒေသခံ လူကြီးများကို မေတ္တာရပ်ခံ လိုက်သည်ဟု သတင်း ရရှိသည်။

ဆန္ဒပြရာတွင် ခေါင်းဆောင်သည်ဟု ယူဆသူ ၁၀ ဦးအား မဒေးကျွန်းရဲစခန်းမှူးမှ အမူဖွင့် တရားစွဲဆိုပြီးနောက် ထိုသို့ ရဲမှူးကြီးက ပြောဆိုခဲ့သည်ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဦးထွန်းကြည်က ပြောသည်။

“ ဆန္ဒပြပြီး နောက်တစ်နေ့မှာ ရဲမှူးကြီးနဲ့ ကျောက်ဖြူရဲမင်းကြီးမှာ ရုံးမှာ တွေ့တဲ့ အချိန်မှာ ကျွန်တော်ကို ပြောတာပါ။ အခု တရား စွဲဆိုတာက ဘာမှ မဖြစ်လောက်ဘူး။ ခင်ဗျားတို့ အနေနဲ့ နောက်တပ် ဆန္ဒပြမူတွေ မလုပ်ဖို့ဘဲ လိုတယ်ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။

ဧပြီ လ ၁၈ ရက်နေ့ နေ့လည်က ဒေသခံ ၅၀၀ ကျော်သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ သူတို့၏ လိုလားချက်များကို ဖြည့်ပေးရန် မဒေးကျွန်းရှိ တရုတ် ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြီးနောက် မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ ဆန္ဒပြရာတွင် ဦးဆောင်သူများဟု သံသယ ဖြစ်ခံရသူ ကျောက်တန်းရွာမှ ၃ ယောက်၊ ပြင်ရွာက ၃ ယောက်၊ ရွာမရွာမှ ၄ ယောက်တို့အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခဲ့သည်။

“ တရားစွဲခံရတာက ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေး နဲ့ နောက်တစ်ဦး ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ကျွန်တော် ထွန်းကြည်တို့ ဖြစ်ကြပါတယ်”ဟု ကိုထွန်းကြည်က ပြောသည်။

တရားစွဲခံရသူ ၁၀ ဦးထဲမှ ၆ ဦးသာ ဧပြီလ ၁၉ ရက်နေ့က ရဲစန်းသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် သူတို့အား အာမခံ (ခံဝန်) ဖြင့် လွှတ်ပေးခဲ့သည် ဟု ဆိုသည်။ သို့သော်လည်း သူတို့အား ရဲစခန်းမှူးက စစ်ဆေး မေးမြန်းမူ တချို့ ရှိခဲ့သည်ဟု ဆိုသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့