..............................

Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Thursday, February 28, 2013

မစုစုနွေး ပြောပြတဲ့ မအူပင်မြို့နယ် အကြမ်းဖက်မှု ဖြစ်ရပ်မှန်

28.02.2013

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ် လာကြတာမို့ မိမိတို့ရွာ အနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာ မရှိတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့ ရပါတယ်။

ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာ ရထားတာတွေ၊ အရိုက် ခံထားရ တာတွေ က မကြည့်ရက် စရာပါ။

မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါ ကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက် ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည် သွားပါပြီ လို့တော့ မဆိုနိုင်ပါဘူး။

လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။

ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက် ပိုမို ပြည့်ပြည့် စုံစုံ မေးမြန်းစုံစမ်းခွင့်၊ သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ် မှန်တွေ ပေါ်ပေါက် လာနိုင်ပါသေးတယ်။

ဇာတ်လမ်းအစကတော့ ၂၀၀၆ ခုနှစ်က၊ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့ တဲ့ဖြစ်စဉ်ပါ။

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်း အများစုနဲ့ ပိုင်ရှင်ရှိ လယ်မြေအချို့အပါဝင် လယ်မြေဧက (၅၅၀၀) ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ ပါတယ်။

ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစု ကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။

အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေး လုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။

သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိ တ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။

လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသား အများစုဟာ ဆင်းရဲတွင်း နက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေ ကိုယ်တိုင်က တရား လက်လွတ် လုပ်လာတဲ့ အခါ၊ မိမိတို့ အသက်ရှင် ရပ်တည်ရေး အတွက် တခြားရွေးချယ်စရာလမ်း မရှိတော့တဲ့ အငတ်ဘေး ဆိုက်နေ သူတွေက တရားဥပဒေ ဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လို အပြစ်ဆိုဝံ့ကြမလဲ။

ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်ဖို့ ကြိုးစား ခဲ့ကြပါ တယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက် အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက် ရှင်းလင်း ကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက် ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက် တားမြစ်ပြီး၊ ပိုင်နက် ကျူးကျော် သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။

ရွေးချယ်စရာ တခြားည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက် ကတော့ သေမထူး နေမထူး ဖြစ်နေ ရပြီမို့ နောက်ဆုတ် စရာလည်း မရှိတော့ပါဘူး။ တရားဥပဒေ ဆိုတာထက် မျှတမှုကိုပဲ မျှော်လင့် မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံ ဇာတ်ပျိုးပါ။

မနေ့က နေ့လယ် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက် ကျူးကျော် ထားတဲ့ လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့
ကြေညာ ပါတယ်။

ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိ လာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင် လာကြပါတယ်။

စုစုပေါင်း ရွာသူရွာသားတွေ (၅၀၀) ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက (၂၀၀) ကျော် လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံး ကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြ တာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့ စက်နဲ့အော်တော့၊ ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။

ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ ရွာသူ ရွာသားတွေဖက်က စတင် ကျူးလွန်တယ်၊ ကိုမောင်စိုး ဆိုတဲ့လူက ဓားနဲ့ စတင် တိုက်ခိုက်တယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ မျက်နှာချင်းဆိုင် တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။

ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်က အမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။

အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေ ရဲ့အောက်မှာပဲ ရှိတယ်ဆိုပြီး) ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်း ဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ ဆိုပြီး ၀င်ပြောပါတယ်။

အဲဒီမှာ ဆဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်က ကိုင်လာတဲ့ နံပါတ် တုတ်နဲ့ ရိုက်ပါတယ်။

ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက် ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။

ဒီလို ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း (၁၅၀)လောက် ပစ်ခတ်ခဲ့ပါ တယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ် ကတော့ ဆေးရုံ မှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေ ခံကြပါလိမ့်မယ်။

စတင် ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ ဓားဒဏ်ရာကြောင့် ကွယ်လွန် သွားရှာပါပြီ။

သူတို့ လက်ချက်ဖြစ်တဲ့ အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူ ရွာသားတွေ အများစုက ရွာထဲကို မပြန်ရဲ ကြပါဘူး။

ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမ စကားကိုလည်း နားထောင် ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။ သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊ အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မ တာဝန် ယူပေးပါတဲ့။

ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။ တာဝန်ရှိသူတွေက (တိုင်ချက် ဖွင့်ထားတာမို့ ဥပဒေ အရပဲ ဆောင်ရွက်ရမှာပါတဲ့)။ ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်း ခဲ့နိုင်ပါဘူး။

စုစုနွေး

Ref: ဧရာဝတီဘလော့

Read More...

Monday, May 30, 2011

ဇေယျာသော်၏ သူရဲကောင်း

ဖနိဒါ
စနေနေ့၊ မေလ ၂၈ ရက် ၂၀၁၁

ဟစ်ပ်ဟော့ပ် အဆိုတော် တူပက်ရှာကူး Tupac Shakur သည် ၁၉၉၆ ခုနှစ်၌ အမေရိကန်တွင် လူဆိုးဂိုဏ်း အချင်းချင်း ပစ်ခတ်ရာမှ သေနတ် ထိမှန် သေဆုံးခဲ့သည်။ ယင်းသည် မျှော်လင့်ချက် ကင်းမဲ့နေသည့် လူမည်း လမ်းသူရဲ ဂိုဏ်းများ၏ တကယ့် သရုပ်မှန်နှင့် သူလို ငွေကြယ်ပွင့်တို့ အကြား ပဋိပက္ခ တနည်းအားဖြင့် အာဖရိကန် နွယ်ဖွား အမေရိကန်လူမျိုး အဆိုတော် ကျင်လည်ရာ ငရဲဘုံ၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်သည်။

ရှာကူး သေဆုံးစဉ်က ဇေယျာသော်မှာ ၁၅ နှစ်သားသာ ရှိသေးသည်။ သို့သော် ထိုအမေရိကန် ရက်ပါနှင့် သူ၏ ဟစ်ပ်ဟော့ပ် ဂီတ အမျိုးအစားသည် ကမ္ဘာ့ တဖက်ခြမ်း ရန်ကုန်မြို့ရှိ လမ်းမများ ပေါ်တွင် ကျင်လည် ကျက်စားနေသော မြန်မာ လူငယ်လေး အပေါ်လည်း ကြီးမားစွာ သြဇာ သက်ရောက်ခဲ့သည်။

ယခုတော့ သူတို့တွင်လည်း ရက်ပ်ဂီတ ကြွပ်ဆတ်ဆတ်စာသား ထောင် စသည်တို့ လူမည့်ရက်ပ် အဆိုတော်လိုပင် တပေါင်း တစည်းတည်း တည်ရှိနေပြီ ဖြစ်သည်။

လူငယ် နိုင်ငံရေးအဖွဲ့အစည်းတခုတွင် ပါဝင်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ် ခံခဲ့ရပြီး၊ ၂ နှစ်ခွဲခန့် ထောင်ထဲ နေခဲ့ရပြီးနောက် မေလ ၁၇ ရက်နေ့တွင် သူလွတ်လာခဲ့ကာ လွတ်လပ်မှုကို ပျော်ရွှင်မြူးတူးစွာ ခံစားနေခဲ့သည်။ သူ့သူရဲကောင်း ရှာကူးက လိင်မှုကိစ္စဖြင့် ထောင်ကျ ခဲ့သော်လည်း သူကမူ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများက မြင့်မြတ်သည့် အရေးတော်ပုံဟု ယုံကြည်ကြသည့် စစ်အစိုးရ၏ အုပ်စိုးပိုင်ခွင့်ကို စိန်ခေါ်မှုဖြင့် ထောင်ဒဏ် ကျခံခဲ့ရခြင်း ဖြစ်သည်။

ဇေယျာသော်သည် ထောင်မှ လွတ်လာပြီးနောက် သူ့မိသားစုနှင့် ပြန်လည် ဆုံဆည်းခဲ့သည်။ သူသည် မြန်မာ အစိုးရ၏ `လွတ်ငြိမ်းချမ်းသာခွင့်´ ဟု ခေါ်ဆိုသော အမိန့်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ အမှန်စင်စစ်မှု အဆိုပါ အကျဉ်းသား ၁၄၆၀၀ သည် သူတို့ပြစ်ဒဏ်များမှ တနှစ်သာ လျှော့ပေါ့ သက်သာခွင့် ရခဲ့ကြသည်။

လွန်ခဲ့သော ဆယ်စုနှစ်တခုကျော် သူ ရက်ပ်သီချင်းများ စဆိုစဉ်၊ လူငယ်များ၏ မကျေမနပ် သံစဉ်များကို ဖွဲ့ဆို သီကျူးနေစဉ် ဤ အသက် ၃၀ အရွယ်ရှိ အဆိုတော်သည် တနေ့တွင် သူလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ယုံကြည်ချက်ကြောင့် အကျဥ်းချ ခံရသူများ ဆိုသည့် စာရင်းတွင် သူလည်း ပါဝင်လာလိမ့်မည်ဟု သူမသိခဲ့ပေ။

အားလုံးသည် အပြစ်မဲ့စွာ ဖြစ်ပေါ်ခဲ့ခြင်းသာ ဖြစ်သည်။ `ကျနော့်အိပ်မက်တွေထဲက တခုက အဆိုတော် ဖြစ်ချင်တာပဲ´ ဟု ဇေယျာသော်က မဇ္ဈိမကို ပြောသည်။ `ကျနော် ငယ်ငယ်တုန်းက အဖေက ကျနော့်ကို စန္ဒရား သင်ခိုင်းတယ်။ ကျနော်လည်း သူငယ်ချင်းတွေနဲ့ အတူ စိတ်မပါ့တပါနဲ့ တီးနေရတာပဲ။ နောက်တော့ တဖြည်းဖြည်းနဲ့ မတီးဖြစ်တော့ဘူး´ ဟု သူက ပြောသည်။ သို့သော် ကဗျာနှင့် အနုပညာလိုပင် ဂီတကို သူစွဲသွားခဲ့ပြီ ဖြစ်သည်။

ဆယ်ကျော်သက် အရွယ်ကတည်းက ဟစ်ပ်ဟော့ပ်ဂီတ၏ `ဖမ်းစား´ခြင်းကို ခံခဲ့ရသည်ဟု သူက ပြောသည်။ သူရသမျှ မုန့်ဖိုးလေးကို သီချင်း အယ်လ်ဘမ်များ၊ နိုင်ငံခြားဂီတ အယ်လ်ဘမ်များ ၀ယ်ယူရာတွင် သုံးစွဲခဲ့သည်။ `စာသားတွေကို နားမလည်ပေမယ့် ဒီ အယ်လ်ဘမ်တွေကို ကျနော်ကြိုက်တယ်´ဟု သူက ပြောသည်။

ထိုအထဲမှ အယ်လ်ဘမ်တခုကို သူသဘောကျသွားသည်။ ထိုအယ်လ်ဘမ်တွင် သီချင်းကို ဆိုထားခြင်း မဟုတ်ဘဲ ရွတ်နေခြင်းသာ ဖြစ်သည်။ `ဒီလိုဂီတ အမျိုးအစားကို ကျနော် အရမ်း ခိုက်သွားတယ်။ ဒါနဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ ဒါရက်ပ် အမျိုးအစားလို့ ပြောကြတယ်။ ဒါနဲ့ပဲ ကျနော် ရက်ပ်အယ်လ်ဘမ်တွေ ထုတ်ဖြစ် သွားတာပဲ။ တခြား ရက်ပ်အယ်လ်ဘမ် တွေကိုလည်း နားထောင် ဖြစ်သေးတယ်။ ကျနော် မှတ်မိသလောက် Niggaz With Attitude နဲ့ Dr. Dre ရဲ့ The Chronic တို့ကို နားထောင်ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်တွေ နားထောင်ပြီး ကျနော်လည်း ရက်ပ်ဂီတ အကြောင်း နားလည် သွားပါတယ်´ ဟု သူက ပြောသည်။

ဇေယျာသော် ရှင်းပြသည့်အတိုင်းဆိုလျှင် သူ့ဟစ်ပ်ဟော့ပ်ဂီတသည် အာဖရိက နွယ်ဖွား အမေရိကန် လူမျိုး အသိုင်း အ၀ိုင်း၏ ၁၉၇၉ ခုနှစ်ကာလက ဂီတကို အခြေခံ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ `နီဂရိုး´ ဆိုသည့် စကားလုံးက စော်ကားသလို ဖြစ်နေသဖြင့် သူတို့က သူတို့ကိုယ်သူတို့ `နစ်ဂါ´ ဟု ခေါ်ကြသည်ဟု သူက ပြောသည်။ သူတို့ကို နှိမ်ချ စော်ကားသလို ဖြစ်နေသည့် စကားလုံးကို သူတို့ အသိုင်းအ၀ိုင်းကို ရည်ညွှန်းသည့် စကားလုံးအဖြစ် ပြောင်းလဲခဲ့ကြသည်။

`ဟစ်ပ်ဟော့ပ်ဂီတဟာ သူတို့အပေါ် လူမျိုးရေးအရ ခွဲခြားနှိမ်ချတာကို ဒေါသထွက်နေတဲ့ လူမည်း လူငယ်တွေရဲ့ ဒေါသက အခြေခံ ပေါ်ထွက် လာတာပဲ။ ဟစ်ပ်ဟော့ပ်ဂီတရဲ့ အနှစ်သာရက အဖိနှိပ်ခံတွေရဲ့ ခံစားချက်တွေကို ဖော်ထုတ်တာပဲ။ စေတနာပါတဲ့ သဘောထားကြောင့် ဟစ်ပ်ဟော့ပ်ဂီတရဲ့ အရည်အသွေးဟာ တောက်ပြောင် လာတယ်လို့ ကျနော် ထင်ပါတယ်´ ဟု သူက ပြောသည်။

ရက်ပ်၊ ဟစ်ပ်ဟော့ပ်ဟု အပြန်အလှန် အမျိုးမျိုးခေါ်နေကြသော ဂီတသည် မြန်မာနိုင်ငံတွင် အစောပိုင်းက ပေါ်ပင် ဂီတ အဖြစ်သာ ပေါ်လာခဲ့ပြီး၊ လူငယ်များ နှစ်သက် စွဲလမ်း လာကြသော ဂ်ီတ အမျိုးအစားလည်း ဖြစ်သည်။ အထူး ရေပန်း စားလာခဲ့သည်မှာ ၁၉၉၂-၉၃ ခုနှစ်တွင် ဖြစ်သည်ဟု သူက ပြောသည်။

`အဲဒီနှစ်တွေမှာ လူငယ်တွေက မနက်ပိုင်းမှာ ဟစ်ပ်ဟော့ပ်သီချင်းတွေ ဖွင့်ပြီး ဘရိတ်ဒန့်စ် ကကြတယ်။ တချို့ကတော့ ဟစ်ပ်ဟော့ပ် ဂီတက ပျင်းစရာ ကောင်းတယ်ဆိုပြီး တခြား ဂီတ အမျိုးအစားတွေကို ပြောင်းလဲ သွားကြတယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ ဟစ်ပ်ဟော့ပ် အမျိုးအစား ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆက်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဟစ်ပ်ဟော့ပ် ဂီတရယ်လို့ မသိဘူး။ ရက်ပ်ဂီတလို့ပဲ သိနေတာ။ ကျနော့် သူငယ်ချင်း တချို့ကတော့ ဟဲဗီးရော့ခ်နဲ့ ဟဲဗီးမက်တဲလ် အမျိုးအစားတွေ ဘက်ကို လိုင်းပြောင်း သွားကြတယ်။ ကျနော်တို့ကတော့ ရက်ပ်ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆက်လုပ် နေခဲ့ကြတယ်။ ရက်ပ်ဂီတတွေကို နားထောင်ရင်း ရက်ပ်သီချင်းတွေစပ်ဖို့ အာရုံ ရလာခဲ့တယ်´ ဟု သူက ပြောသည်။

လူမည်း ရက်ပါနှင့် ရုပ်ရှင်မင်းသား တူးပက်ရှာကူးကို ကြည့်ပြီး ဇေယျာသော် ရက်ပ်ဂီတ အတွက် ဈာန်ဝင် သွားခဲ့သည်။ ရှာကူးက ဓာတ်ပြားချပ်ရေ ၇၅ သန်းကျော် ရောင်းချခဲ့ရသူဖြစ်သည်။ သူအမှတ်တရ တင်ထားသည့် ၀ဘ်ဆိုဒ်တွင် သူ့ကို ကဗျာဆရာ၊ တဲ့တိုး ဘွင်းဘွင်း ပြောတတ်သူ၊ ဥပက္ခာပြုခံထားရသူ အမေရိကန် ဆင်းရဲသားများ ဘက်မှ အရေးဆို တိုက်ပွဲဝင်သူတဦး အဖြစ် ရေးသား ဖော်ပြထားသည်။ ဇေယျာသော်မှာလည်း ကဗျာဓာတ်ခံနှင့် ဆက်ဆံရေး ပြေပြစ်ချောမွေ့သူ ဟူသည့် အရည်အချင်း ရှိသည်။ သို့သော် ရှာကူးကဲ့သို့ လူဆိုးဂိုဏ်းများနှင့် သေနတ်ချင်း ယှဉ်ပစ်ခြင်း၊ ပုလိပ်များနှင့် လိုက်တမ်းပြေးတမ်း ကစားခြင်း၊ ညဥ့်နက်နက် ကားနှင့်ဝင်လာ သေနတ်နှင့် ပစ်သွားခြင်း ဆိုသည်များကို သူမလုပ်ခဲ့ပေ။ ဤအချက်များကြောင့်ပင် အထင်ကရ အမေရိကန် ရက်ပါတဦး အသက်ဆုံးရှုံး ခဲ့ရသည်။

ဇေယျာသော်သည် ၂၀၀၀ ခုနှစ်နှောင်ပိုင်းတွင် အနဂ္ဂ၊ ဟိန်းဇော်၊ ယန်ယန်ချမ်းတို့နှင့် ပေါင်းပြီး မြန်မာပြည်၏ ပထမဆုံး ဟစ်ပ်ဟော့ပ် တေးဂီတ အဖွဲ့ဖြစ်သည့် အက်ဆစ်ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ထိုနှစ်တွင်ပင် ပထမဆုံး အယ်လ်ဘမ်ဖြစ်သည့် စတင်ခြင်း ကို ထုတ်ဝေခဲ့သည်။ မြန်မာဂီတ ဝေဖန်သူများ၏ အပြောအရ ပေါက်သွားသော အခွေလည်း ဖြစ်သည်။ အရောင်းရဆုံး သီချင်းခွေ စာရင်းတွင် ၂ လကျော်ခန့် နံပါတ် ၁ နေရာ ချိတ်နိုင်ခဲ့သည်။

အက်ဆစ်အဖွဲ့လည်း တကယ်ပင် ပေါက်သွားခဲ့သည်။ သူက ရန်ကုန်ရှိ အခြား ရော့ခ်နှင့် ပေါ့ပ် အဖွဲ့များနှင့် မတူ တမူ ကွဲပြားနေသည်။ အပေါ်ယံ ကြည့်လျှင်တော့ လူမည်း ရက်ပ်ဂီတ သမားများလို ဘောင်းဘီပွ၊ တီရှပ်ပွပွကြီးတွေဝတ်၊ ခေါင်းပေါ်တွင် ဘေ့စ်ဘောလ် ဦးထုပ်ဆောင်းထား၊ နေကာမျက်မှန် တပ်ထားသည်ကို တွေ့ရမည်။ အနောက်တိုင်း သတင်းစာများကမူ သူတို့ ရက်ပ်ဂီတသည် စာသား အနေဖြင့် ဘာမှ မထူးခြား၊ သာမန်မျှသာ ဖြစ်ပါသည်ဟု ပြောဆို ဝေဖန်ကြသော်လည်း မြန်မာပြည်တွင်တော့ မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခတို့ကို မလွှဲမရှောင်သာ ရေးဖွဲ့ စပ်ဆို လာကြရသည်။

သည်တော့လည်း အဝေဖန်မခံနိုင်သည့် စစ်အစိုးရကြောင့် ဂီတသမားများလည်း အန္တရာယ် ရှိလာတော့သည်။ အက်ဆစ် အဖွဲ့က ပရိသတ် အများကြီးကို ဖမ်းစား နိုင်ခဲ့သည်။ သည်လိုနှင့် နောက်ထပ် ဟစ်ပ်ဟော့ပ်အဖွဲ့များ ဟစ်ပ်ဟော့ပ် ဂီတသမားများ ပေါ်ထွက်လာခဲ့ပြီး သူတို့ကို ဟစ်ပ်ဟော့ပ် ပထမမျိုးဆက်ဟု ခေါ်ကြသည်။

`ကျနော်က အဆိုတော်။ ဒီတော့ ကျနော့်ပရိသတ်နဲ့ ထိတွေ့နေရတာပဲ။ သူတို့ ခံစားနေရတာတွေ သူတို့ နာနာကျင်ကျင် ခံစား နေရတာတွေကိုလည်း သိလာရတာပေါ့။ ဒါနဲ့ သူတို့အတွက် ကျနော် ဘာများ လုပ်ပေးနိုင်မလဲလို့ စဉ်းစား ကြည့်တယ်။ ဒီလိုနဲ့ နိုင်ငံရေးထဲမှာ ကျနော် တတ်နိုင်သလောက် ၀င်လုပ်ခဲ့တာပဲ´ ဟု သူက ပြောသည်။

ထိုမြန်မာရက်ပါလေးသည် သူ့ပရိသတ်ထံ အရောက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေ တွေ့ရှိ သွားခဲ့သည်။ `ကျနော်တို့ လူငယ်တွေဟာ တရားမျှတမှု အတွက် တောင်းဆို တိုက်ပွဲဝင်တဲ့ နေရာမှာ ဦးဆောင် ပါဝင်သင့်တယ်။ ကျနော်ကတော့ တရားမျှတမှု မရှိတာကို မျက်နှာလွှဲခဲပစ် လုပ်နိုင်လောက်အောင် အသည်းမမာဘူး။ ဒါနဲ့ပဲ ကျနော် နိုင်ငံရေးထဲ ရောက်လာ ခဲ့တာပါဘဲ။ ကျနော် ကိုယ်တိုင်လည်း မြန်မာပြည်သား တယောက် ဖြစ်နေတော့ သူတို့ခံစားချက်တွေ၊ သူတို့ နာကျင်မှုတွေကို အတော်ကြာကြာ စဉ်းစား ခံစားနေမိတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲ ပါဝင် လုပ်ကိုင်ဖို့ကျတော့ အတော်အချိန်ယူ စဉ်းစား ရသေးတယ်။ ငါ တကယ် စွန့်လွှတ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေး နေရသေးတယ်´။

လူရွှင်တော်ဇာဂနာ လုပ်ကိုင်နေသည့် HIV ပိုးရှိ မိဘမဲ့ကလေးများအတွက် လုပ်ကိုင် ဆောင်ရွက် ပေးနေသည့် ကုသိုလ်ဖြစ် အဖွဲ့အစည်း တခုအတွက် ဇေယျာသော်သည် ကဗျာဆရာ စောဝေ၊ အောင်ဝေးတို့နှင့် အတူ တွဲကာ ရံပုံငွေ ရှာဖွေပေးခဲ့သည်။ အခြားရက်ပ်ပါတဦး ဖြစ်သည့် ငဲငဲနှင့် အတူ အဆိုပါ ကလေးများကို အင်္ဂလိပ်စာ သွားသင်ပေးခဲ့သည်။ လူရွှင်တော် ဇာဂနာသည် ယခုအခါ ထောင်ဒဏ် ကျခံနေရသည်။

ဆူညံစွာ အော်ဟစ်အားပေးနေသည့် ပရိသတ်ကြီးကို ထိန်းထားရင်း ဇေယျာသော် အဖို့ ဓားသွားပေါ် လမ်းလျှောက် နေရသလို ဖြစ်နေသည်။ သူ့သီချင်းစာသားများ ဆင်ဆာမှ လွတ်ပါ့မလားဟု ပူပန်နေရသည်။ သို့သော် သူလွတ်ခဲ့ပါသည်။

ထိုသို့သောအားဖြင့် စစ်အစိုးရကို သံဃာတော်များ ဦးဆောင်ကာ လမ်းမများပေါ် ထွက်ဆန္ဒပြခဲ့ကြသည့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလ ရောက်လာသည်။

သူသည် ဂီတပွဲများ၊ သီချင်းများမှတဆင့် ပြည်သူလူထုနှင့် ဆက်စပ်မိခဲ့သည်ဟု လူငယ်ရက်ပါ ငွေကြယ်ပွင့် လေးက ပြောသည်။ သို့သော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုသည့် မြန်မာ စစ်အစိုးရက လူထု ဆန္ဒပြပွဲများ၊ လူထု၏ မျှော်လင့် တမ်းတချက်များကို ရက်စက်စွာ ချေမှုန်း လိုက်သောအခါ စင်တင် ဂီတပွဲများတွင် တေးသီချင်း သီဆိုနေရုံမျှဖြင့် မရတော့ပါ။

အခြား တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့်အတူ Generation Wave (GW) ဆိုသည့် အဖွဲ့ကို ဇေယျာသော်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလ အတွင်း ဖွဲ့စည်း ထူထောင်ခဲ့သည်။ အပြောင်းအလဲ အတွက် လှုံ့ဆော် စည်းရုံးသည့် လူငယ် လှုပ်ရှားမှုလေး တခု ဖြစ်သည်။ ကားများတွင် CNG စတစ်ကာများ ကပ်သည့် လှုပ်ရှားမှုကို စတင် စည်းရုံး လှုံ့ဆော်ခဲ့သည်။ ခပ်ထေ့ထေ့ ပြောဆို စည်းရုံးသည့် လှုပ်ရှားမှု တခုဖြစ်သည်။ သာမန်အားဖြင့် CNG ဆိုသည်မှာ ဖိသိပ်ထားသော သဘာဝ ဓာတ်ငွေ့ဟု အဓိပ္ပာယ် ရသော်လည်း သူတို့ ဆိုလိုသည်မှာမူ အစိုးရသစ် အပြောင်းအလဲ Change New Government ဟူ၍ ဖြစ်သည်။

ထိုအပြောင်းအလဲ တိုက်ပွဲအတွက် ရမ်ဘိုကိုလည်း သူတို့ လှုပ်ရှားမှုထဲ ဆွဲသွင်းခဲ့သည်။ ရမ်ဘို ၄ အပါအ၀င် စစ်အစိုးရ ဆန့်ကျင်ရေး ဇာတ်ကားများကို ကူးယူ ဖြန့်ချိခဲ့သည်။ ဤ ရမ်ဘို ၄ ဇာတ်ကားကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ အတွင်း ရုံတင်ခဲ့ပြီး၊ မင်းသား စတားလုံးက ကရင်ပြည်နယ် အတွင်း မြန်မာအစိုးရ စစ်တပ်ကို လိုက်လံ တိုက်ခိုက်ပုံများ ရိုက်ကူး ထားသည်။ မြန်မာ အာဏာပိုင်များကမူ မြန်မာ စစ်သားများကို ရက်စက် ကြမ်းကြုတ်သော လူသတ်သမားများ၊ မုဒိမ်းကောင်များ အဖြစ် ပုံဖော် ရိုက်ကူးထားသည့် ထိုဇာတ်ကားအား ပြသခွင့်မပြုဘဲ ပိတ်ပင်ခဲ့သည်။ ထိုဇာတ်ကားသည် ကရင်များ အကြားတွင် အထူး လူကြိုက် များခဲ့သည်။ `ဘာမှမရဘဲ နေရတာထက် စာရင် တခုခုရအောင် တိုက်ရင်းသေမယ်´ ဆိုသည့် စကားကို အလွန် ခိုက်သွားခဲ့ကြသည်။

မြန်မာတပ်မတော်သားများကို ရမ်ဘိုက သဲသဲမဲမဲ ပစ်ခတ်နှိမ်နင်းပုံမှာ နောက်ဆုံး ကောက်ရိုး တမျှင် ဖြစ်နိုင်သည်။ ထိုကားမှောင်ခို ခိုးကူးခွေများ ဖြန့်ချိပြီး သိပ်မကြာခင်ပင် ဇေယျာသော်လည်း ရန်ကုန်မြို့ စားသောက်ဆိုင် တဆိုင် အတွင်း ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဖမ်းဆီး ခံခဲ့ရသည်။ ပွဲပြီးသွားပါပြီ။ ဘူးပေါ်သလို ပေါ်သွားပါပြီ။ သူက ပွင့်လင်းစွာ ထုတ်မပြောသော်လည်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ AI ကမူ စစ်ကြောရေး ကာလအတွင်း သူရိုက်နှက် ခံခဲ့ရသည်ဟု ဆိုသည်။

သူ့ကို စီရင်ချက်မချမီလေးတွင် `ကျနော် စိတ်မကောင်းဘူး။ စိတ်မကောင်းတာက ကျနော့်ကို ထောင်ချလို့ မဟုတ်ဘူး။ ဒီအကြောင်းတွေကို စဉ်းစားမိရင် တိုင်းပြည်နဲ့ လူထုရဲ့ အနာဂတ်ကို တွေးမိပြီး စိတ်မကောင်းဖြစ်တာ´ ဟု သတင်းထောက်များကို ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။

`ကိုယ်မကြိုက်တာကို ကန့်ကွက် ပယ်ချရဲတဲ့ စိတ်ကို မွေးကြပါ။ မှန်တာကို ပွင့်ပွင့်လင်းလင်း မထောက်ခံ ရဲရင်တောင်မှ မှားနေတာကို မထောက်ခံကြပါနဲ့´ ဟု လူထုထံ အမှာစကားကို သတင်းထောက်များမှ တဆင့် သူပြောကြားခဲ့သည်။

သူ့ကို ထိုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဥပဒေအမှတ် ၆-၈၈ ဖြစ်သော အသင်းအဖွဲ့ ဥပဒေ၊ နိုင်ငံခြားငွေ ဥပဒေ ပုဒ်မ ၂၄ (၁) တို့ဖြင့် တရားစွဲတင်ခဲ့သည်။ ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့သည်။ နောင်တွင် အဆိုပါ ထောင်ဒဏ်ကို ၄ နှစ်သို့ လျှော့ချခဲ့သည်။ သူနှင့်အတူ အဖမ်းခံရသော အက်ဆစ်အဖွဲ့သား ယန်ယန်ချမ်းလည်း ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရသည်။

ထောင်တွင်း အကျဉ်းသားဘ၀က ကြမ်းတမ်းသည်။ သူ့လို ဂီတဖြင့် ကြီးပြင်းလာသော လူငယ် အဆိုတော် တဦး အနေဖြင့် သီချင်း နားမထောင်ရ ဆိုသည့် တားမြစ် ပိတ်ပင်ချက်သည် အလွန် ပြင်းထန် ကြမ်းတမ်းလှသည်။ `ကျနော်တို့က နိုင်ငံရေး အကျဉ်းသား ဆိုတော့ အထူးဆောင်မှာ နေရတယ်။ တခြား အကျဉ်းသားတွေ TV ကြည့်လို့ ရပေမယ့် ကျနော်တို့က မကြည့်ရဘူး´။

သို့သော် ထိုဂီတသမားလေးကို တိတ်တိတ်နေခိုင်း၍ မူမရပါ။ `ကျနော်ကတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဆိုတာပဲ။ ထောင်ထဲမှာ ကျနော် ပြန်သုံးသပ်တာတွေ လုပ်တယ်။ ဘယ်သီချင်းကို ငါတကယ် ကြိုက်တာလဲ။ ဘယ်သီချင်းကို ငါအလွတ်ရလဲ။ ဘယ်သီချင်း စာသားကို ငါတကယ် နားလည်သလဲ ဆိုတာတွေပေါ့´ ဟု သူက မဇ္ဈိမကို ပြောသည်။

ဇေယျာသော်က ထောင်တွင်းတွင် အချိန်ကို အကျိုးရှိစွာ အသုံးချသည်။ `ထောင်ထဲ နေရတာ ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်။ ကျနော်က အချက် ၃ ချက်ပါတဲ့ တောင်းဆိုမှုကို လုပ်ချင်တယ်။ အကျဉ်းထောင် အရာရှိတွေကို ကျနော်က ပွင့်ပွင့်လင်းလင်း ဆက်ဆံပါလို့ ပြောတယ်။ အကျဉ်းသားတွေကို အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံပါ။ ဖြစ်လာတာ တွေကိုလည်း တာဝန်ယူပါလို့ ကျနော် သူတို့ကို ပြောခဲ့တယ်။ ဒီတောင်းဆိုချက်တွေကို အကျဉ်းထောင် အာဏာပိုင်တွေက ဖြည့်ဆီး ပေးနိုင်ခဲ့မယ် ဆိုရင် အကျဉ်းထောင် အခြေအနေဟာ အခုထက်စာရင် အများကြီး ပိုကောင်းလာမှာပဲ´ ဟု သူက ပြောသည်။

ဒီနေ့တော့ မြန်မာရက်ပါ လူငယ်လေး လွတ်လာပါပြီ။ သို့သော် သူ့အတွေးများကတော့ အကျဉ်းထောင် သံတိုင်များ နောက်တွင် ကျန်ရစ်ခဲ့သော သူနှင့် ဘ၀တူ နိုင်ငံရေး အကျဉ်းသားများထံ ရောက်နေသည်။ သူတို့ ကျခံနေရသော ပြစ်ဒဏ်များ ကတော့ မကုန်ဆုံး သေးပေ။

Ref: မဇ္ဈိမ

Read More...

Monday, April 25, 2011

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

Laila de Champfleury
သောကြာနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၁

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာ အတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက် လေ့လာခဲ့ကြသော ဒိန်းမတ် ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူ လိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်း အတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။)

ရန်ကုန် (မဇ္ဈိမ)။ ။ အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်း ဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွား ကြမ်းတမ်းလှတဲ့ ဒီမိုကရေစီ ခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကား ထိုင်ပြောနေပါတယ်။

တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အား သင့်စရာ ပြောကြား လိုက်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာအမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက် မောင်းထုတ်ဖို့ ကြိုးပမ်း နေကြတဲ့ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟို အမျိုးသမီးကြီး လို့ပဲ ပြောဆို သုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။

ကျမတို့အုပ်စုမှာ သူ့ထံလာတွေ့နေကျ လာရိုးလာစဉ် အဖွဲ့မဟုတ်ပါ။ ဆရာနှစ်ယောက် အတူလိုက်ပါ လာတဲ့ ဒိန်းမတ်နိုင်ငံမှ ၁၁ ဦးပါ ကျောင်းသား အဖွဲ့လေးသာ ဖြစ်ပါတယ်။ အထက်တန်း ကျောင်းနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ နိုင်ငံတကာ နိုင်ငံရေး ဘာသာရပ်အတွက် `ကြားလပ်နှစ်´ ကို ပြန်လည်ဖြည့်ဆီးဖို့ ပဋိပက္ခတို့နဲ့ ပြည့်နှက်နေတဲ့ မြေ၊ အပြုံးပိုင်ရှင် လူထု၊ ရွှေရောင်ဝင်းဝင်း ဘုရားတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ စသဖြင့် ဖြစ်မျိုးစုံလင်လှတဲ့ `အကိုကြီး´ တို့ နိုင်ငံကို လာရောက်ခဲ့ကြခြင်းပါ။

ကျမတို့ ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအတွင်း ထိုင်နေခဲ့တဲ့ နေ့ကတော့ ဧပြီလဆန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တွေက အလွန်တန်ဖိုး ရှိလှပါတယ်။ ပုံမှန်အားဖြင့် ဟောဒီ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်ဟာ ဒီချုပ် အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတွေ လုပ်နေတတ်တယ်၊ အရေးကြီးတဲ့ ဧည့်သည်တွေကို လက်ခံ တွေ့ဆုံတတ်တယ်၊ သတင်းထောက် တွေကို ရံဖန်ရံခါ လက်ခံ တွေ့ဆုံတတ်တယ်။ လူတိုင်းက သူ့ကို တွေ့ချင်ကြပါတယ်။ ဒါပေမဲ့ သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရဖို့ကတော့ သာမန်အားဖြင့် ခက်ခဲပါတယ်။ ဒိန်းမတ်လူမျိုး သတင်းထောက် တယောက်ဆို သူနဲ့ တွေ့ခွင့်ရဖို့ ၂ နှစ်လောက် စောင့်ခဲ့ရပြီး၊ တွေ့မယ့် တွေ့ရတော့လည်း ခဏပဲ တွေ့ခဲ့ရတယ်လို့ ကျမတို့ ကြားဖူး ထားပါတယ်။

ဒီတော့ ကျမတို့ ခဏခဏ ဖတ်ဖူးထားတဲ့ ဒီမိုကရေစီ သူရဲကောင်း ခေါင်းဆောင် တယောက်နဲ့ ဒီချုပ် ဗဟိုဌာနချုပ် ရုံးခန်း ကျဉ်းလေးအတွင်း မျက်နှာချင်းဆိုင် တွေ့ခွင့် ရနေတာကို တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အလွန် အံ့သြ နေမိပါတော့တယ်။ ဖြစ်နိုင်တာက ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ ဒိန်းမတ်ရောက် သြဇာ အာဏာရှိတဲ့ မြန်မာ အတိုက်အခံတွေနဲ့ အဆက်အသွယ် ကောင်းမွန်မှု ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျမတို့ အထင်ပဲ ဖြစ်ပါတယ်။

နောက်ဆုံး မိနစ် စက္ကန့်အထိ သူနဲ့ တကယ်တမ်း တွေ့ခွင့် ရမရဆိုတာ ရင်မောစရာ ကိစ္စကြီး ဖြစ်နေခဲ့ပါတယ်။

ပါတီဌာနချုပ်ရုံးမှာ ပြည့်ကျပ်ပြွတ်သိပ်နေပြီး အဆန်းတကြယ် အဆင် တန်ဆာများလည်း မရှိပါ။ ဒီထဲကို ဝင်လိုက်ရတာ လမ်းပေါ် ကနေ တခြားကမ္ဘာ တခုထဲ ရောက်သွား သလိုပါပဲ။ ရုံးခန်းတွေထဲမှာ စာရွက်ထပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေပဲ ရှိပါတယ်။ ရုံးထဲကို ဝင်လိုက်ရတာ ဘာနဲ့တူသလဲဆိုတော့ အရင်ကလည်း တခါမှ မဖွင့်ဖူးသေး၊ အထဲမှာလည်း ဘာရှိမှန်း မသိရတဲ့ ရှေးဟောင်းလျှို့ဝှက် သေတ္တာတလုံးကို ဖွင့်နေရ သလိုပါပဲ။ ကျမတို့အဖွဲ့ကို အပေါ်ထပ်တက်ကြဖို့ လက်ညှိး ထိုးပြ ကြပါတယ်။ ဒီတော့လည်း မြေအောက်လုပ်ငန်း အငွေ့အသက်တွေကို ရလာပြန်ပါတယ်။ အခန်းထဲမှာရှိတဲ့ သစ်သား စားပွဲ တလုံးဘေးမှာ ကျမတို့ ဝိုင်းထိုင် လိုက်ကြပါတယ်။ ဒီအချိန်ထိ အမကြီးကို တွေ့မှ တွေ့ရပါ့မလားလို့ တထင့်ထင့် ဖြစ်နေရတုန်းပါ။

ထိုင်ရင်း သူများ ဒီဘက်က ဝင်လာမှာလားလို့ တွေးပြီး အခန်းတဖက်က ခပ်ဟဟလေး ဖြစ်နေတဲ့ တံခါးကို ကြည့်နေ မိပါတယ်။ အခန်းထဲမှာ အားလုံး လည်တဆန့်ဆန့် ဖြစ်နေကြတုန်း တဖက်က အခန်းထဲကို သူ့သက်တော်စောင့်တွေနဲ့ အတူ ဝင်သွားတာကို စက္ကန့်ပိုင်း လေးလောက် ဗြုန်းကနဲ ကျမ မြင်လိုက်ရပါတယ်။ သူ ဒီအဆောက် အအုံထဲမှာ ကျမတို့နဲ့ အတူရှိနေပါပြီ။ ဒီတခါတော့ ဘယ်လိုမှ မမှားနိုင် တော့ပါဘူး။ ၅ မိနစ်လောက်ကြာတော့ ကျမတို့ရှိတဲ့ အခန်းထဲကို သူဝင်လာပါတယ်။ ကျမတို့ အားလုံးပဲ ဗြုန်းကနဲ မတ်တပ် ထရပ်လိုက်ကြပါတယ်။ သူက ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးပဲ `ထိုင်ကြပါ၊ ထိုင်ကြပါ´ လို့ ကျမတို့ကို ပြောပါတယ်။

စားပွဲတဖက်စွန်းက ထိုင်ခုံမှာ သူက လက်ပိုက်လို့ ခပ်မတ်မတ် ထိုင်နေပါတယ်။ ကျမစိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အတိုင်းပါပဲ၊ သူဟာ မိန်းမ ပီပီသသ ကြက်သရေရှိသူ ဖြစ်ပြီး ခေါင်းမှာလည်း ပန်းတွေ ပန်ထားပါတယ်။ သူ့ကိုကြည့်ရတာ စိတ်သဘောထား နူးညံ့ပြီး ကြင်နာပုံ ရပေမယ့် အတွင်းစိတ် သဏ္ဍာန်မှာ တင်းမာပြတ်သားသူ ဆိုတာကိုလည်း အလွယ်တကူပဲ တွေ့မြင်နိုင်ပါတယ်။

ဒိန်းမတ်တုန်းကတော့ တွေ့ရရင် ဘာမေးမလဲဆိုပြီး မေးခွန်းတွေ ကြိုးစားပမ်းစား ပြင်ဆင် လာခဲ့ကြပါတယ်။ ကျမတို့က နိုင်ငံတကာ နိုင်ငံရေးမှာ ဗမာပြည်ရဲ့ ရှုပ်ထွေး ပွေလီလှတဲ့ နိုင်ငံရေး လမ်းကြောင်းကိုပဲ လေ့လာခဲ့ကြတာ ဆိုတော့ သိပ်မကြာခင်ပဲ ကျမတို့ လိုချင်တဲ့ မေးခွန်းတွေ အကုန်လုံးဟာ ဒီမိုကရေစီ အကြောင်းချည်း ဖြစ်နေတာကို တွေ့ရပါတော့တယ်။

`ဒီမိုကရေစီဆိုတာ အနောက်မှာတော့ အသားကျနေတဲ့ စကားလုံး၊ မင်းတို့လည်း သိပ်ပြီး လေးလေးနက်နက် ရှိလှမယ် မထင်ဘူး။ ဒီမိုကရေစီရဲ့ တန်ဖိုးကို သေသေချာချာ သဘောပေါက်ကြ လိမ့်မယ်တောင် မထင်ဘူး´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ပြီးတော့မှ သူက ကျမတို့အကြောင်း ဦးလှည့်လာပြီး `၂ဝဝ၇ ခုနှစ်က ဒိန်းမတ်မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ ကျမတို့ထဲက ဘယ်နှယောက် မဲပေးခဲ့သလဲလို့ မေးလာပါတယ်။ ကျမတို့ထဲက အတော်များများ လက်ထောင် ကြပါတယ်။ ၃ ယောက် ကတော့ သူတို့ မဲသွားမပေးဘူးလို့ ဝန်ခံကြပါတယ်။ ၂ ယောက်ကတော့ ငယ်သေးလို့ အဲဒီအချိန်က မဲပေးခွင့် မရခဲ့ကြပါ။

ဒီတော့မှ ကျမတို့အမကြီးက ကျမတို့တတွေ ရန်ကုန်နဲ့ မန္တလေးမှာရှိတုန်း မြန်မာ လူမျိုးတွေနဲ့ စကား ပြောခဲ့ကြတာတွေ အကြောင်း ဆက်ပြောပါတယ်။ ကျမတို့ ခရီးစဉ်တလျှောက် တွေ့ခဲ့ကြသူတွေ အားလုံး အပြုံးကိုယ်စီနဲ့ ဖော်ဖော်ရွေရွေ ရှိခဲ့ကြသလောက် အတွင်းစိတ်ထဲမှာ တခုခုကို ကြောက်ရွံ့နေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ ကမ္ဘာလှည့် ခရီးသွား တဦးသာ ဆိုရင်တော့ ဒီကိစ္စကို သတိထားမိမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက် တယောက်နဲ့ တွေ့တုန်းကတော့ သူက သတင်းထောက် ပီပီ အတော် သတိထား ပြောတယ်။ အစိုးရက လူတိုင်းကို စောင့်ကြည့်နေတာ၊ ဆင်ဆာဆိုတာလည်း စစ်အစိုးရက သူ မီဒီယာထဲ ပါစေချင်တာကိုပဲ ခွင့်ပြုတာလို့ ပြောပါတယ်။

`ကျမတို့ တိုင်းပြည်မှာ ဥပဒေ စိုးမိုးမှုဆိုတာလည်း မရှိတော့ လုံခြုံမှု ဆိုတာလည်း မရှိဘူး´ လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်မပြိုင်ခဲ့တာလည်း ဒီကိစ္စက အကြောင်းတချက် ဖြစ်ပါတယ်။ စစ်အစိုးရကို တရားဝင်အောင် လုပ်ပေးပြီး စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ပြုထားတဲ့ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရအကြား ပဋိပက္ခတွေ ဖြစ်ပွားနေရတာရဲ့ အကြောင်းရင်း တရပ်မှာလည်း အခွင့်အရေး မညီမျှမှုကြောင့်လို့ သူက ထောက်ပြပါတယ်။

`တိုင်းရင်းသားတွေက ဖက်ဒရယ်ပိုကျတဲ့ ဖွဲ့စည်းပုံမျိုးကို လိုချင်ကြတာ။ ဒါကြောင့်ပဲ ပြဿနာတွေ ဖြစ်နေရတာ။ ဒီ မတရားမှုတွေ ဒီမှာပဲ ရပ်ဖို့တော်ပြီ။ တိုင်းရင်းသားတွေ ဒုက္ခသည်တွေ အဖြစ်နဲ့ တချိန်လုံး ပြေးချည်း နေကြရတာ။ ကိုယ့်တိုင်းပြည် ထဲမှာပဲ ညှဉ်းပန်း နှိပ်စက်ခံပြီး တချိန်လုံး ကြောက်ကြောက် လန့်လန့်နဲ့ နေနေကြရတာ။ ဒါတွေအားလုံး ပြောင်းမှဖြစ်မယ်။ ပြောင်းဖို့ ဆိုတာလည်း အခွင့်အရေး တန်းတူညီမျှ ခံစားခွင့် ရှိပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ခံစားသိရှိရမှ ဖြစ်မယ်´။

ကျမတို့အတန်းက ကျောင်းသားတွေ တစုတဝေး မြန်မာပြည်ထဲမှာ သွားလာနေရတော့ ဒိန်းမတ်က စာသင်ခန်း ထဲမှာ ကျမတို့ သင်ခဲ့ရတဲ့ ပြဿနာပေါင်းစုံ၊ အခြေအနေ အဖြစ်ပေါင်းစုံကို မျက်ဝါးထင်ထင် မြင်ခွင့်ရတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေတွေကို ပြောနိုင်တဲ့သူ၊ ဘာတွေလိုချင်တယ်၊ ဘာတွေဖြစ်ချင်တယ်၊ ဘယ်လိုလုပ် လိုက်ရင် ဒါတွေ အောင်မြင် လာလိမ့်မယ် ဆိုတာတွေ ပြောနိုင်မယ့် သူမျိုးကို ကျမတို့ကလည်း တွေ့ချင်ပါတယ်။

ကျမ စိတ်ဝင်စားတဲ့ ကိစ္စက လူ့အခွင့်အရေးနဲ့ ဥပဒေ စိုးမိုးမှုကိစ္စပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဥပဒေ စိုးမိုးမှု မရှိတဲ့အကြောင်း ပြောလာတော့ ကျမလည်း စိတ်ဝင်စား လာပါတယ်။

တကယ်တော့ လူတွေ လုံခြုံတယ်လို့ ခံစားမိစေတဲ့ ကိစ္စမှာ ဥပဒေက နောက်ဆုံးမှ စဉ်းစားမိတဲ့ ကိစ္စပါ။ ကိုယ်တိုင်ကြုံမှ၊ ခံရမှ သိတဲ့ ကိစ္စပါ။ ကိုယ့်အခွင့်အရေး တရပ်ရပ် ချိုးဖောက်ခံရမှ သတိရတဲ့ အရာပါ။ ဒီကိစ္စကပဲ ပုံမှန်လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်း တရပ်အတွက် အခြေခံ အခွင့်အရေးတွေကို ပေးအပ်နေတာပါ။

ရန်ကုန်မှာရှိတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ လူငယ်တယောက်နဲ့ စကားပြောဖြစ်ခဲ့တာကို ကျမ ပြန်သတိရ လာပါတယ်။ သူက ကျမကို ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို ဘယ်လို နားလည်သလဲလို့ မေးလာပါတယ်။ ကျမကလည်း လွတ်လပ်စွာ ပြောခွင့်ရှိတာ၊ ကိုယ့်အတွက် ရွေးချယ်ခွင့် ရှိတာ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ရှိတာ၊ စသဖြင့် ပြောလိုက်ပါတယ်။ ဒီတော့ သူက ဒါတွေ အားလုံးဟာ ဒီမိုကရေစီ အတွက် အရေးကြီးကြတာချည်း ဆိုတာ သူလက်ခံပါတယ်တဲ့။ ဒါပေမဲ့ သူ့အမြင်အရ အရေးအကြီးဆုံး ကိစ္စက အာဏာကို ပိုင်းခြားထားခြင်း ဖြစ်ပါတယ်တဲ့။ တရားစီရင်ရေး အာဏာနဲ့ စီမံခန့်ခွဲရေး အာဏာ တနည်းအားဖြင့် အစိုးရ အာဏာကို ခွဲခြားထားဖို့ ဖြစ်တယ်လို့ ပြေလာပါတယ်။ ဒါသူ့ဆန္ဒဖြစ်ပြီး မြန်မာပြည်မှာ တနေ့ကျရင် ဖြစ်ထွန်းလာမယ်လို့ ထင်ပါတယ်။

အစိုးရက ဆုံးဖြတ်နိုင်ခွင့် အာဏာကို ဘယ်လိုချုပ်ကိုင်ထားတယ်ဆိုတာ အမကြီးက ကျမတို့ကို သာဓကတခု ပြောပြပါတယ်။ `ဒီချုပ်အဖွဲ့ဝင် တဦးဦး နိုင်ငံရေးမှုနဲ့ တရားရုံး ရောက်သွားပြီဆို ဒီအမှုက သေချာပေါက် ရှုံးတော့မှာပဲ။ ဒါကို အစကတည်းက ကျမတို့လည်း သိတယ်။ ဒါကြောင့် ကျမတို့ အမြဲပြောနေတာ။ တရားရုံး မရောက်ခင်ကတည်းက ဘယ်လောက်ချမယ်၊ ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ကြိုပြီး အမြဲဆုံးဖြတ်ထားပြီးသား၊ ဒါတွေ အကုန်လုပ်ပြီးမှ ရုံးရောက်တာ´ ဟု သူက ပြောပါတယ်။

ဒီလိုဖြစ်ပေမယ့် ဒီချုပ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စာရိတ္တကို ကာကွယ်ဖို့ ရှေ့နေတော့ ထားကြတယ်လို့ သူက ဆိုပါတယ်။ သူတို့ဟာ အပြစ်မရှိဘဲ မတရားစွပ်စွဲ ချုပ်နှောင် ခံရသူတွေဖြစ်ပြီး၊ အတွေးအခေါ် အယူအဆ တခုခုကို ယုံကြည်ပြီး ဒီအယူအဆ အတိုင်း နေခဲ့လုပ်ခဲ့တာက လွဲလို့ ဘာပြစ်မှုကိုမှ မကျူးလွန် ခဲ့ကြကြောင်းနဲ့ သူတို့ရှေ့ မားမားမတ်မတ် ရပ်ပြောပေးမယ့် သူကိုပဲ လိုချင်တာ ဖြစ်ကြောင်း ပြောပြပါတယ်။

`ကိုယ့်ကိုထိလာမှ ဥပဒေဆိုတာကို သတိရတာ။ ဒီလိုမဟုတ်ရင် ကျမတို့လည်း အသေးစိတ် မသိပါဘူး။ ဒီတော့ ဒီအမှုတွေက ကျမတို့ကို ကျမတို့ အခွင့်အရေးတွေ ဘာတွေ ရှိတယ်ဆိုတာ သင်ပြပေးနေတာပဲ။ ဒီအခွင့်အရေးတွေ တရားရုံးတွေမှာ ဘယ်လို ချိုးဖောက် ခံနေရတယ်ဆိုတာတွေ သိလာတာပဲ။ ဥပဒေက အကာအကွယ် မပေးနိုင်ရင် ဘယ်သူမှ လုံခြုံမှာ မဟုတ်ဘူး။´

သူ့ကို ပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး မေးတာတွေ သိပ်များလွန်းလို့ အမ စိတ်ပျက်နေတယ် ဆိုတာ ကျမတို့ ကြားထားလို့ ဒီမေးခွန်း သူ့ကို မမေးတော့ပါဘူး။ အပြောင်းအလဲ အတွက် သူရဲ့ ကိုယ်ပိုင်ကြိုးပမ်းချက် တွေကိုပဲ မေးမြန်းဖြစ်ပါတယ်။

`မြန်မာပြည်ကလူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲအတွက် ကျမနဲ့ ကျမတို့ ပါတီအပေါ်ပဲ မကြာခဏ အားကိုး ကြတယ်။ ဒီလို အပြောင်းအလဲမျိုး ဖြစ်ဖို့ သူတို့ကိုယ်တိုင် လုပ်နိုင်တယ်ဆိုတာ သိအောင်လုပ်ဖို့က အရေးအကြီးဆုံးပဲ´ ဟု သူက ပြောပါတယ်။

ဒီချုပ်ပါတီကို နိုင်ငံရေးပါတီတခုအဖြစ် ဆက်ရှိနေဖို့ သူသန္နိဋ္ဌာန်ချထားကြောင်းပါ ပြောပါတယ်။ အာဏာပိုင်တွေက ပါတီကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပေမယ့် မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေး အတွက် ပါတီရှိနေရမှာလို့ သူက ဆိုပါတယ်။

တိုင်းပြည်ကို ထင်ရှားတဲ့ ခေါင်းဆောင်တဦးထဲက ရှေ့ဆောင်နေတာဟာ ဒီမိုကရေစီအတွက် မကောင်းကြောင်း၊ အနည်းဆုံးတော့ ရွေးချယ်စရာ အဖြစ် အဲဒီလို ထင်ရှားထက်မြက်တဲ့ ခေါင်းဆောင် အနည်းစုလေးတော့ ရှိနေရမှာ ဖြစ်ကြောင်း၊ ဒါမှ နိုင်ငံရေး သမားတွေ အနေနဲ့ သူတို့အလုပ်အပေါ် ပိုအလေးထား အာရုံ စိုက်လာနိုင်မှာဖြစ်ကြောင်း သူက ကျမတို့ကို ရှင်းရှင်းလင်းလင်း ပြောဆိုပြပါတယ်။

ဒီချုပ်ရဲ့ မူဝါဒတွေအကြောင်းနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ မူဝါဒ ရပ်တည်ချက်တွေ အကြောင်း သူ့ဆီက တိတိကျကျ အဖြေတခုရဖို့ ခက်ပါတယ်။ သူတို့ကိုယ်သူတို့ လက်ဝဲလား၊ လက်ျာလား ဆိုတာကိုတောင် မသေချာပါဘူး။

`ဒီမိုကရေစီမှ မရှိတဲ့နောက် လက်ဝဲလည်း မစဉ်းစားနိုင်ဘူး၊ လက်ျာလည်း မစဉ်းစားနိုင်ဘူး။ အစိုးရက အစစ တာဝန်ယူ စောင့်ရှောက်တဲ့ welfare state လိုဟာမျိုး လုပ်မလား၊ မလုပ်ဘူးလား ဆိုတာလည်း မတွေးအားဘူး´ ဟု သူက ပြောပါတယ်။

ဒီချုပ်အနေဖြင့်မူ အလယ်ဗဟိုဝါဒီ ပါတီတရပ်ဖြစ်လိုကြောင်း သူက ပြောပါတယ်။ ကလေးတွေအတွက် အခမဲ့ပညာရေး၊ လူထု အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ စံကျတဲ့ အိပ်မက် တရပ် ရှိကြောင်းနဲ့ ဒါပေမဲ့ ဒီခရီးကို ရောက်ဖို့ အဝေးကြီး လျှောက်လှမ်း ရဦးမယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း တက်ကြွလှုပ်ရှားသူတွေကို ကျမတို့ မေးခဲ့တဲ့ မေးခွန်းတခုမှာ မြန်မာပြည် အပြောင်းအလဲ အတွက် ဘယ်နည်းလမ်းကို သုံးမလဲ၊ တော်လှန်ရေးလား၊ တခြား တနည်းနည်းလား ဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းကိုပဲ မြန်မာပြည် အပြောင်းအလဲ အတွက် အထိမ်းအမှတ် အမှတ်အသား ဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်း ဖြစ်ခဲ့ပါတယ်။

`ကျမက တော်လှန်ရေးတွေအတွက် ဆော်သြ တိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ´ လို့ သူက ပြန်ဖြေပါတယ်။ `တချို့က ထင်ကြတယ်။ ဒါ မြန်မြန်ထက်ထက် အဖြေထွက်တဲ့ ဟာလို့။ ဒါပေမဲ့ ဒီလမ်းကိုရွေးရင် ရသွားတဲ့ ဒဏ်ရာတွေက အတော် နက်ရှိုင်းပါတယ်။ ဒီ အနာတွေက ကျက်ဖို့လည်း ခက်ပါတယ်။ တခါတရံ အပေါ်ယံ ကြည့်လိုက်ရင်တော့ အပြောင်းအလဲ ဖြစ်လာသလိုပါပဲ။ တကယ်တော့ ဒီလမ်းက ဘယ်သူမှ အပြောင်းအလဲ ဖြစ်လာမယ်လို့ မထင်တဲ့ လမ်းပါ။ ဒီလမ်းကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက ဒီလောက် ကာလရှည်ကြာတဲ့ အထိ မပျောက်သေးပါဘူး။ အပြောင်းအလဲ အတွက် အကောင်းဆုံး နည်းလမ်းက နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတာပဲဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်´။

သူ့ရဲ့ တုံ့ပြန်မှုမှာ အံ့အားသင့်စရာကောင်းသလို နားလည်နိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ သူတွေ့ကြုံခဲ့ ရသမျှကလည်း အကြိမ်ကြိမ် အကျယ်ချုပ် ချခံရခြင်း၊ ၂ဝဝ၃ ခုနှစ်အတွင်း သူခရီး သွားနေတုန်း ရက်ရက်စက်စက် တိုက်ခိုက် ခံခဲ့ရခြင်း၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း သေကြေ ခဲ့ရတာတွေဟာ တော်လှန်ရေးရဲ့ ထိရောက်မှုအပေါ် ထင်ထင်ရှားရှား မေးခွန်း ထုတ်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အီဂျစ်မဟုတ်၊ တူနီးရှားမဟုတ်၊ လစ်ဗျားလည်း မဟုတ်ပါ။ ယုတ်စွအဆုံး ကိုလိုနီဗြိတိသျှ တို့ကို တော်လှန် တိုက်ခိုက်ခဲ့တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းခေတ် မြန်မာ နိုင်ငံလည်း မဟုတ်ပါ။ သူ့ဖခင်ဟာ လွတ်လပ်ရေး မရမီလေးမှာ သေနတ် သမားတွေရဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်။

`မြန်မာနိုင်ငံနဲ့ အီဂျစ် မတူဘူးဆိုတာ၊ အများကြီး ကွာခြားတယ်ဆိုတာ ခဏခဏ ပြောနေရတယ်´ လို့ သူက ပြောပါတယ်။ ကိုင်ရိုမြို့မှာ ဆန္ဒပြသူတွေဟာ အနှိမ်နင်း မခံရခင်အထိ ကာလရှည်ကြာ ဆန္ဒပြနိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ အဲလိုမဟုတ်။ ချက်ချင်းလိုပဲ `သွေးထွက်သံယို နှိမ်နင်းခံရတယ်´။ `ဒီတော့ လူတွေရဲ့ စိတ်ထဲမှာ အကြီးအကျယ် ဒဏ်ရာရသွားတာ။ ဒါတွေက ပျောက်ဖို့ အချိန် အတော်ယူရမယ်။ ဒီအတွေ့အကြုံ အဖြစ် ဆိုးကြီးတွေကို မေ့နိုင်အောင် အတော်ကြာမယ်´။

နှစ်နာရီလောက်ကြာသွားပြီမို့ ကျမတို့သွားဖို့လည်း အချိန်တန်ပါပြီ။ အခုလို စကားပြောဖြစ်ခဲ့တာကိုပဲ အံ့သြ နေမိပါတယ်။ ဒီအတွင်း တခုခု ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း ကျမတို့ စဉ်းစား နေမိပါတယ်။ သူ့ကို အိမ်ထဲက ချက်ချင်း ဆွဲထုတ်သွားပြီး အကျယ်ချုပ် တဖန် ချလိုက်နိုင်တယ်။ ဒါမှမဟုတ် အိမ်အဝမှာ စောင့်နေတဲ့ အိမ်ထဲ ဝင်ခွင့်မပေးခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ ဒါမှမဟုတ် ကျမတို့လို ကျောင်းသား တအုပ်ကို မတွေ့ဘဲ ကျမတို့ထက် ပိုအရေးကြီးတဲ့ ကိစ္စတခုခုကို လုပ်စရာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ကျမတို့ကို အလေးအနက်ထား တွေ့ဆုံဆွေးနွေးခဲ့ပါ။ သူ့ကိုတွေ့ဖို့ အရေး ကျမတို့မှာ စိတ်တွေ လှုပ်ရှားပြီး စိုးရိမ်တကြီး ဖြစ်နေခဲ့ကြတယ်။ ဒီခံစားချက်မှာ နှစ်ဖက် အပြန်အလှန်လည်း ဖြစ်ပုံရပါတယ်။ ကျမတို့ အုပ်စုထဲက တယောက်ယောက်က မေးခွန်း မေးလိုက်တိုင်း မေးခွန်း မေးတဲ့သူကို သေချာကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ အလေးအနက်ထား နားထောင်တာ တွေ့ရပါတယ်။ ပြီးတော့မှ ဖြေတာဆိုတော့ သူ့ရဲ့ လေးနက်မှု၊ ရိုးသားမှုကို ဖော်ပြနေပါတယ်။

တွေ့ဆုံဆွေးနွေးပွဲပြီးတော့ သူ့ကို လက်ဆောင်ပေးရာ နာမည်ကြီး ဒိန်းမတ်စာရေးဆရာ ဟန်းခရစ်ရှန် အင်ဒါဆင် ရေးတဲ့ နတ်သမီးပုံပြင် စာအုပ်လည်း ပါပါတယ်။ ဒါကို သူအတော် ဝမ်းသာပါတယ်။ သူငယ်ငယ်က ဒီစာအုပ်ထဲက ရေသူမလေးပုံ ပါတဲ့ လက်ဆောင်တခုကို သူ့မိခင်က ပေးခဲ့ဖူးကြောင်းလည်း ပြောပါတယ်။

ပြီးနောက် ကျမတို့က အသားအရောင်ခွဲခြားရေးကာလ တောင်အာဖရိက လွတ်မြောက်ရေး တိုက်ပွဲဝင် တေးသီချင်းဟောင်း တပုဒ်ကို စုပေါင်း သီဆိုကြပါတယ်။ အာဖရိကလူမျိုးတွေ ဒီသီချင်းကို သီဆိုနိုင်ခဲ့တာမှာ အာဏာရ ဘိုးအားလူမျိုးတွေ နားမလည်တဲ့ တိုင်းရင်းသား ဇူးလူးဘာသာနဲ့ သီဆိုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့အားလုံးကို တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက် ပါတယ်။ ပြီးတော့ ကျမတို့အားလုံး ရုံးခန်းထဲ ကနေ စိတ်လှုပ်ရှား ကြည်နူးစွာ ထွက်လာ ခဲ့ကြပါတော့တယ်။

အပြင်ဘက်ထွက်လာတော့ ဒီလိုတွေ့ဆုံဆွေးနွေးမှုမျိုးကို မြန်မာနိုင်ငံမှာ လျှို့ဝှက်ထားလို့ မရဘူးဆိုတာ ကျမတို့ သိလာ ပါတော့တယ်။ လူ ၄ ယောက်က ကျမတို့ကို ဓာတ်ပုံတွေ ရိုက်နေပါတယ်။ ဒီဓာတ်ပုံတွေနဲ့ သူတို့ ဘာလုပ်ကြမယ် ဆိုတာ ကျမတို့ ဘယ်တော့မှ သိမှာလည်း မဟုတ်ပါဘူး။ ဒါသည်ပင် အစိုးရရဲ့ အကြောက် လွန်နေပုံနဲ့ မြန်မာပြည်သူတွေ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ နေလိုစိတ် ပြင်းပြနေတာကို ထင်ထင်ရှားရှား ပြသနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီ လဆန်းတွင် သွာရောက် လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူ လိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်း အတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

Ref: မဇ္ဈိမ

Read More...

Monday, March 14, 2011

လူထုအုံကြွမှုဖြစ်မည်ကို နအဖ စစ်အစိုးရ စိုးရိမ်၊ ဓါတ်ဆီဝယ်ခွင့် စာအုပ်ပြန်လုပ်ပြီ

Saturday, 12 March 2011


လမ်းလျှောက်ဂျာနယ်လစ် ၊ ရန်ကုန်

ဓါတ်ဆီစာအုပ်ပြန်လုပ်ပြီ

စက်သုံးဆီဖြန့်ဖြူးတဲ့ လုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ပြီး ၉လအကြာမှာ ပထမဆုံး အကြိမ် အဖြစ် ဓါတ်ဆီသုံး ကားတွေ ၀ယ်ယူခွင့် စာအုပ် လုပ်ဖို့ လိုအပ်ပြီလို့ အသိပေး ကြေညာ ပြန်ပါတယ်။

လွန်ခဲ့တဲ့လမှ စပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး တနိုင်ငံမှ တနိုင်ငံ မြန်ဆန်စွာ ကူးစက်ခဲ့တဲ့ အဖြစ်က နအဖ စစ်အစိုးရကို တပ်လှန့် သလို ဖြစ်စေခဲ့ပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့်၊ လောင်စာဆီဈေး မြင့်တက်မှုကြောင့် လူထု မကျေနပ်မှု မြင့်တက်လာပြီး လူတွေ လမ်းပေါ် ထွက်လာကြမှာကို စိုးရိမ်နေပုံ ရတယ်လို့ ရန်ကုန်မြို့မှ အယ်ဒီတာတဦးက မှတ်ချက်ချပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လူထုအုံကြွမှုဖြစ်ပွား လာရုံတင် မကပဲ လစ်ဗျားမှာ ပြည်တွင်းစစ် ဖြစ်မယ့် အရိပ် အရောင်တွေ ပေါ်လာတဲ့အခါ ကမ္ဘာ့ ရေနံဈေးလည်း သိသိသာသာ မြင့်တက်လာပြီး တကမ္ဘာလုံးကို စိုးရိမ် ပူပန်စေခဲ့ပါတယ်။ မြန်မာ စစ်အစိုးရ အဖို့တော့ တဘက်မှာ နိုင်ငံရေးအရ စိုးရိမ်မှု ရှိနေတဲ့ အပြင် ရေနံဈေး မြင့်တက်မှုကလည်း ပြည်တွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တာကြောင့် အခြား တစ်ဘက်မှာ စိုးရိမ်နေတာပါ။

ဒါကြောင့် ယခုလို ကားတွေကို ဓါတ်ဆီဝယ်ခွင့် စာအုပ်ပြန်ကျင့်သုံးဖို့ သတ်မှတ် လိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာဓါတ်ဆီဈေး မြင့်တက်လာတဲ့ အချက်က လူထုအုံကြွမှု ဖြစ်ပွားဖို့ အစ ဖေါ်စေ နိုင်တာကြောင့် စစ်အစိုးရက ဓါတ်ဆီဈေးကို ပြန်လည်  ထိမ်းချုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်ပါတယ်။

မနှစ် ဇွန်လ၁၀ ရက်နေ့ကစပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေ စတင် ရောင်းချ ခဲ့ပါတယ်။ ယခင် အစိုးရက တာဝန်ယူ ဖြန့်ဖြူးစဉ်ကနဲ့ မတူပဲ ကြိုက်သလောက် ၀ယ်ယူနိုင်သလို ဘယ်နယ်မြေမှာ ၀ယ်ရမယ်၊ ဘယ်ဆိုင်မှာ ၀ယ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ ကျော် တောက်လျှောက် ကျင့်သုံးခဲ့တဲ့ ဓါတ်ဆီ ၀ယ်ယူခွင့် စာအုပ်ကိုလည်း သုံးစရာ မလိုပဲ ၀ယ်ယူ နိုင်ခဲ့ပါတယ်။

ဓါတ်ဆီ တစ်ဂါလံ ၂၅၀၀ ကျပ်နဲ့ လွတ်လွတ်လပ်လပ် ၀ယ်နိုင်တဲ့ ကာလဟာ ယမန်နှစ် ဇွန်လ ဆန်းမှ အောက်တိုဘာ အထိသာ ကြိုက်သလောက် ၀ယ်နိုင်ပြီး အောက်တိုဘာ နောက်ပိုင်း မှာတော့ ဂါလံ ပြန် ကန့်သတ်ခဲ့ပါတယ်။

အဲလိုရောင်းချပြီး ၉လအကြာမှာတော့ တဖန်ပြန်ပြီး ခွဲတမ်းနဲ့ ဓါတ်ဆီ ၀ယ်ယူဖို့ ပြန်ဆုံးဖြတ် ခဲ့ပြီး နဂို လမ်းဟောင်းကို ပြန်ကွေ့သွားတဲ့ သဘောပါ။ ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့ပေမယ့် ပုဂ္ဂလိက ဖြန့်ဖြူးသူတွေဆီ အစိုးရ ဓါတ်ဆီကို တဂါလံ ၂၃၅၀ ကျပ်နဲ့ရောင်းပေးပြီး လက်လီရောင်းရာမှာ ၂၅၀၀ ကျပ်ထက် မပိုရလို့ သတ်မှတ် ခဲ့တာပါ။ ဈေးနှုန်းကို ဈေးကွက်က လွတ်လပ်စွာ ဆုံးဖြတ်တဲ့ စနစ်ဆီ သွားဖို့ ဆက်မလုပ်တော့ပဲ နဂို လုပ်နေကြ လမ်းအတိုင်း သတ်မှတ်ချက် နှုန်းနဲ့ ရောင်းချခိုင်းတဲ့ စနစ်ဆီ ပြန်လျှောက်သွားတာပါ။

၂၀၀၇ ခုနှစ် သြဂုတ်လလယ်မှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီကို ၂ဆ၀န်းကျင် မြှင့်တက်ပြီးနောက် ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်တဲ့ လမ်းလျှောက်တဲ့ လှုပ်ရှားမှုက သံဃာ့ အရေးအခင်းကြီးရဲ့ ရှေ့ပြေး ဖြစ်ရပ်ပါ။ ဒီအကြောင်းအကျိုး ဆက်စပ်မှုကို စစ်အာဏာရှင်တွေ အနေနဲ့ မမေ့သေးပါဘူး။ ဒါကြောင့် ကုန်ဈေးနှုန်း မြင့်တက်လို့ လူတွေ လမ်းပေါ် ထွက်လာမှာကို စိုးရိမ်နေမှာ မလွဲပါဘူး။

ကုန်ဈေးနှုန်း တက်မှာစိုးတာကြောင့် ကုန်တန်ပို ပြန်တင်ခွင့်ပြု

အာဆီယံစံနှုန်းလို့ ခေါ်တဲ့ ၀င်ရိုးဘီးအရေအတွက်ပေါ်မူတည်ပြီး သတ်မှတ် ကုန်တန်ချိန် အထိသာ တင်ဆောင်ခွင့် ပြုတဲ့ စနစ်ကို ကျင့်သုံးပြီး လအနည်းငယ် အကြာမှာ အဆိုပါ စနစ်ကို ရပ်ဆိုင်း ထားလိုက်ပြီး နဂို အတိုင်း ကုန်တင်ယာဉ်တွေ အနေနဲ့ မိမိတင်နိုင်တဲ့ ပမာဏကို တင်ခွင့် ပြန်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်က အာဆီယံစံနှုန်းလို့ခေါ်တဲ့ သတ်မှတ်ကုန်တန်ချိန်သာ တင်ရမယ် ဆိုတဲ့ သတ်မှတ်ချက် စည်းမျဉ်း ထုတ်ပြန်ပြီးနောက် ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံမှ ကုန်စည် ပို့ဆောင်ခတွေ ၂ဆနီးပါ မြင့်တက် ကုန်ပါတယ်။ နကိုက ဆေးရွက်ကြီး တထုပ်ကို ရန်ကုန်မှ ဖားအံသို့ ၁၈၀၀ ကျပ် ကျသင့်ရာမှ ဇန်န၀ါရီလမှာ ၃၀၀၀ ကျပ်အထိ မြင့်တက် သွားပါတယ်။

ကုန်သယ်ပို့ခမြင့်တက်တာကြောင့်လည်း ကုန်ပစ္စည်းဈေးတွေ မြင့်တက် ကုန်ပါတယ်။ အခုလို ကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်သွားတဲ့ အဖြစ်ကြောင့် လူထုအကြား မကျေနပ်မှုတွေ မငြိမ်သက်မှုတွေကို ဖြစ်ပေါ်မှာကို စစ်အစိုးရ အနေနဲ့ စိုးရိမ်လာပါတယ်။ ဒါကြောင့် မကြာခင်က နိုင်ငံခြား ဆန်တင်ပို့မှုကို ယာယီ ရပ်ဆိုင်း စေခဲ့ပါတယ်။ ဆန်ဈေးမြင့်တက်၊ လောင်စာဆီ ဈေးမြင့်တက်၊ ကုန်ပို့ခ မြင့်တက်တာတွေ ပေါင်းဆုံသွားရင် လူထုအနေနဲ့ မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို မတ်လ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခု တလော ပြည်တွင်း သတင်းဂျာနယ် တွေနဲ့ ပြည်ပ သတင်းဝက်ဆိုက် အချို့မှာ ကုန်ဈေးနှုန်း မြင့်တက်တဲ့ သတင်းတွေနဲ့ ပြည့်လျှံ နေတာတွေ့ပါလိမ့်မယ်။ ရွှေဈေးမြင့်တက်တဲ့ သတင်း၊ လောင်စာဆီ မြင့်တက်တဲ့ သတင်း၊ အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်တဲ့သတင်း၊ အခွန်အကောက် မြင့်တက်တဲ့ သတင်း၊ ဆန်ဈေး မြင့်တက်တဲ့ သတင်းတွေ ဂျာနယ်တိုင်းမှာ တွေ့ရ ဖတ်ရှုရမှာပါ။

ဒီလိုဖြစ်ပျက်တာဟာ စစ်အစိုးရရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့် ဖြစ်ပါတယ်။ အာဆီယံ စံနှုန်း သတ်မှတ်ချက်ကို လိုက်နာဖို့ လုပ်ဆောင်ရတာဟာ ၂၀၁၅မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအကြား တနိုင်ငံနဲ့ တနိုင်ငံ ကုန်သွယ်ရေး အရပါ ကူးလူး ဆက်သွယ်လာရင် တခြားနှိုင်ငံတွေရဲ့ စံနှုန်းအတိုင်း လိုက်လုပ် ရမှာမို့လို့ အခုကတည်းက လုပ်ဆောင်တာလို့ စစ်အစိုးရက ပြောပါလိမ့်မယ်။ ဒီအချက်ထက် ကုန်စည် ပို့ဆောင်မှုနှုန်းတွေ ဈေးမြင့်စေတာဟာ အခြားသော အခွန်အကောက်တွေ ၊ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့် ထားရှိတာကြောင့် ကုန်ကျစရိတ် မြင့်တက်တာတွေလည်း ပါဝင် နေတယ်ဆိုတာ လက်ခံပုံ မရပါဘူး။

ဒါကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အကြောင်းရင်း တခုကိုသာ ဖြေရှင်းဖို့ ကြိုးစားပြီး နှစ် ၃၀၊ ၄၀ ကြာစွဲမြဲနေတဲ့ ကုန်စည် စီးဆင်းမှု အတားအဆီးတွေ၊ စစ်ဆေးပြီး ကောက်ခံတဲ့ အကောက်ခွန် တွေကြောင့် ကုန်ပစ္စည်း ဈေးမြင့်တက်လာတဲ့ အဖြစ်ကိုတော့ သိရှိပုံ မရပါဘူး။

နိုင်ငံရေးမှာ အင်တာနက် သုံးမှာစိုး၍ နှေးကွေးအောင်လုပ်

ကိုယ့်အိမ်မှာ သုံးနေတဲ့ အင်တာနက်က ဘယ်ဝက်ဆိုက်မှ ၀င်လို့မရ ဖြစ်နေချိန်မှာ ကိုယ့် အနီးအနားမှာ ရှိတဲ့ အင်တာနက် ကဖေးထဲမှာ လူတွေ သုံးနေတာ တွေ့မြင်ရတော့ စိတ်ထဲ မခံချိ မခံသာ ဖြစ်လာပါတယ်။ သူတို့ ဆိုင်တွေမှာ သုံးလို့ရနေပြီး ငါတယောက်ထည်း အင်တာနက် သုံးမရ ဖြစ်တာလားပေါ့။ အဲဒီဆိုင်က သူတွေကျတော့ ဘာလို့ သုံးနေနိုင်သလဲ ဆိုပြီး သိချင်စိတ်ရော ကိုယ့် အင်တာနက်လိုင်းကို ဘ၀င် မကျတဲ့ ခံစားချက်တွေနဲ့ သုံးသူ ၇၊ ၈ ယောက်ရှိတဲ့ အင်တာနက် ဆိုင်ထဲ ၀င်ပြီး မေးကြည့် မိပါတော့တယ်။

“အင်တာနက်ရလား” လို့ မေးလိုက်တဲ့အခါ ဆိုင်ဝန်ထမ်ြး ဖစ်သူက “မေးလ် တော့မရဘူး ဂျီတော့ခ်တောင် ကြာမှ တက်တယ်”လို့ ဖြေပါတယ်။ သုံးနေတဲ့ သူတွေကို ကြည့်လိုက်တဲ့ အခါမှာ ဂျီတော့ သုံးသူ တ၀က်နဲ့ နက်ဝေါ့ခ ဂိမ်းကစားနေသူ တ၀က် ရှိတာကို တွေ့ရပါတယ်။ အဲဒီတော့မှ အော် အင်တာနက်က ဘယ်မှာမှ မရပါလား လို့ သဘောပေါက် သွားပါတယ်။ တပြိုင်နက် ထဲမှာလည်း မြန်မာပြည်မှာ အင်တာနက် ဆိုတာ ဂျီတော့ခ်ကိုလည်း ခေါ်ပါလားလို့ ဆိုတာကိုပါ သိလိုက်ရပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရရဲ့ သားသမီး၊ ချွေးမ၊ ခမည်းခမက် နဲ့ စပ်တူ့ပိုင်တဲ့ ကုမ္ပဏီတွေက ၀ိုင်မက်စ်၊ အက်ဖ်တီတီအိတ်စ် (Fibre to Home) ငါးသိန်းဖုန်း အင်တာနက်၊ မက်ဝေးလ် ဖုန်းအင်တာနက် အစရှိတဲ့ ၀န်ဆောင်မှုတွေကို လုပ်ကိုင်ခွင့် ပေးထားပြီး အင်တာနက် လိုင်းတွေ အမျိုးမျိုး ချရောင်း နေချိန်မှာ ၀ယ်ပြီးသား သူတွေကတော့ အင်တာနက် မရလဲ အပြစ်တင်ခွင့် မရှိ၊ တလလုံးလုံး လိုင်းကျ နေလည်းပဲ လကုန်ရင် လစဉ်ကြေး အပြည့် ပေးသွင်း နေရပါတယ်။

အင်တာနက်ဆိုင်တွေဟာလည်း တလလုံး အင်တာနက် လိုင်းမကောင်းလို့ ၀င်ငွေ မရှိလည်းပဲ စည်ပင် သာယာကို လုပ်ငန်း လိုင်စင်ခွန် အပြည့် ဆောင်ရမှာ ဖြစ်သလို မြန်မာနိုင်ငံ သတင်းနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို အများသုံး အင်တာနက်ဆိုင် လိုင်စင်ကြေး တလ ၅သောင်း၊ အင်တာနက် လိုင်း လစဉ်ကြေး စတဲ့ ကုန်ကျစရိတ်တွေက လျော့ပေါ့ပေးခြင်း မရှိပါဘူး။

မြောက်ဥက္ကလာမြို့နယ်ထဲက အင်တာနက်ဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သူက လိုင်းကျနေလို့ အင်တာနက် ၀န်ဆောင်တဲ့ မြန်မာ့ ဆက်သွယ်ရေးကို ဖုန်းလှမ်း ဆက်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေး ကတော့ ဘာကြောင့် ဖြစ်တယ်။ ဘယ်လောက်ကြာမယ် ၊ ဘယ်တော့ ပြန်ကောင်းမယ် ဆိုတာ ရေရေရာရာ အဖြေ မပေးဘူးလို့ ပြောပါတယ်။ ဆိုင်ထဲမှာ ကွန်ပျူတာ တ၀က်ကို ဂိမ်းလည်း ကစားနိုင်အောင် လုပ်ထားပေးပြီး အနီးအနားက ၁၀ နှစ်ကျော် အရွယ် ကလေးတွေ ဂိမ်းကစားနိုင်အောင် ၀န်ဆောင်မှုပေးပြီး ဆိုင်ဝင်ငွေ နည်းနည်း ပိုရအောင် လုပ်ထားတာ တွေ့ရပါတယ်။ ယခင် လိုင်းကောင်းစဉ်မှာ နိုင်ငံခြားကို အွန်လိုင်းက ဖုံးပြောဖို့လာတဲ့ ဖောက်သည်တွေလည်း အင်တာနက် နှေးလွန်းတော့ ပြောလို့ မရတာနဲ့ ယခုရက်ပိုင်း မလာတော့ဘူး လို့ပြောပါတယ်။

စစ်အစိုးရအတွက် ဘယ်သူပဲ ဆက်သွယ်ရေး ပြတ်ပြတ်၊ ဘယ်စီးပွားရေး လုပ်ငန်းပဲ ထိခိုက်ပါစေ၊ ဘယ်ကျောင်းသားတွေ ကျောင်းတက်ဖို့ ပညာရေး လေ့လာဖို့ သုံးမရ ဖြစ်ဖြစ် သူတို့ ဂရုမစိုက်ပါဘူး။ အာဏာ တည်မြဲရေးကို ခြိမ်းခြောက်နေတဲ့ အရာမှန်သမျှ ပိတ်ဖို့ ဖြတ်ဖို့ အမိန့် ပေးထားပြီးသားပါ။

မြန်မာပြည်မှာ စစ်အစိုးရရဲ့ အာဏာတည်မြဲရေးဆိုတဲ့ အရာဟာ လူထုတစ်ရပ်လုံး ရဲ့ စီးပွားရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ လူမှုရေး ဆိုတာတွေထက် အမြဲတမ်း အရေးကြီး နေတာပါ။ ဘယ်သူတွေ ဘာဖြစ်ဖြစ် သတင်း အချက်အလက်များ လူထုကို အဆက် ဖြတ်လိုသည့်အခါ အင်တာနက် ကျောရိုးကိုလည်း ဖြတ်တောက်ပြစ်ရန် ၀န်လေးသူများ မဟုတ်။

မကြာခင်ကျရောက်လာမယ့် ငွေကြေးဖောင်းပွမှု

ယခုတလော အများဆုံး ပြောဆိုနေကြတဲ့ အကြောင်းအရာကတော့ ၀န်ထမ်းတွေ လစာ တိုးမယ် ဆိုတဲ့ သတင်းပါ။ နောက်အုပ်ချုပ်မယ့် အစိုးရ အသစ်မှာ သမတရဲ့ လစာက သိန်း ၅၀ လို့ ဆိုတာကြောင့် ကျန်တဲ့ အဆင့်ဆင့်သော ၀န်ကြီးတွေ၊ ညွှန်ချုပ် ညွှန်မှူးနဲ့ ၀န်ထမ်းတွေရဲ့ လစာနှုန်းကို တွက်ချက် လိုက်တဲ့အခါ လက်ရှိ လစာနှုန်းထားနဲ့ မကိုက်ညီ တော့ပါဘူး။ အဲဒီအချက်ကြောင့် ၀န်ထမ်းတွေကို လစာတိုးမယ့် သတင်း ထွက်ပေါ် လာရခြင်းလည်း ဖြစ်သလို ၀န်ထမ်းတွေ အကြားထဲမှာလည်း လစာ တိုးမယ်ဆိုရင် လုပ်လေ့ လုပ်ထရှိတဲ့ pay role တွေပြန်တွက်ချက်တာ လုပ်ဆောင်နေတယ်လို့ ကြားသိ နေကြရ လို့လည်း ဖြစ်ပါတယ်။

လစာတိုးမယ်ဆိုရင် အဲဒါရဲ့ အကျိုးဆက်က ဘာဖြစ်မလဲဆိုရင် လူအများက ချက်ခြင်းပဲ ငွေဖောင်းပွ လာမှာလို့ ဖြေကြပါလိမ့်မယ်။ လစာတိုးတဲ့ အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက် လာလိမ့်မယ်။ သယ်ယူ ပို့ဆောင်ခတွေ၊ ဆန်၊ စားသောက်ကုန် တွေက ယခုကတည်းက အထိုက်အလျောက် မြင့်တက်နေပါပြီ။ အစိုးရရဲ့ အခွန်ကောက် တိုးမြှင့် ကောက်ခံတာ၊ ကုန်သွယ်မှု အတားအဆီး တွေကို ဖြစ်စေတဲ့ ဥပဒေ၊ စည်းကမ်းတွေ ပြဋ္ဌာန်းတာတွေကြောင့် ယခုလထဲမှာ နန်းကြီးသုပ် တပွဲကို ၁၀၀၀ ကျပ်ထိ အချို့ဆိုင်တွေက ဈေးမြှင့် လိုက်ကြပါပြီ။ အရင်က ၆၀၀၊ နောက်မကြာသေးမီ အချိန်ထိ ၇၀၀ ကျပ်လောက်ရှိခဲ့တဲ့ နန်းကြီးသုပ် ၊ အုန်းနို့ခေါက်ဆွဲလို စားစရာက အခုတစ်ပွဲကို တစ်ထောင်ကျပ် ဖြစ်သွားခဲ့ပါပြီ။

လောင်စာဆီဈေးမြင့်တာကြောင့် ကုန်ပစ္စည်းပို့ခမြင့်လာ၊ ကုန်ပစ္စည်းဈေး မြင့်လာလို့ စားစရာ သောက်စရာလည်း ဈေးလိုက်မြင့် လာပေမယ့် လူအများစုရဲ့ လုပ်ခ လစာတွေက သိသိသာသာ မမြင့်တက်လာ သေးပါဘူး။

ဒီအဖြစ်တွေကြောင့် လှိုင်သာယာက အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံနဲ့ အခြားသော စက်ရုံတွေမှာ အလုပ် သမားတွေက သူတို့ ရပိုင်ခွင့်ကို ဆန္ဒပြ တောင်းဆို နေကြပါပြီ။ စစ်အစိုးရ ကတော့ ပုဂ္ဂလိက လုပ်ငန်းရှင် တွေနဲ့ အလုပ်သမား အကြားမှာ ဖြစ်တဲ့ ပြဿနာကို တိုက်ရိုက် ၀င်စွက်ဖက်တာ မလုပ်ပဲ ပြင်ပကို မကူးစက်အောင် စက်ရုံတွေကို အရပ်ဝတ်ရဲ၊ ထောက်လှမ်းရေး တွေနဲ့ ၀ိုင်းရံ ထားကြပါတယ်။

စစ်အစိုးရအနေနဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးမြှင့်လိုက်မယ် ဆိုရင် ဒါရဲ့ အကျိုးဆက် ဖြစ်တဲ့ လစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ ပုဂ္ဂလိက ကဏ္ဍမှာ ပွက်လောရိုက်လာမှာ သေချာပါတယ်။


Ref: မိုးမခ

Read More...

Thursday, February 3, 2011

မူဘာရခ် အလွန်

Wednesday, 02 February 2011

သမ္မတမူဘာရခ် က နောက်တစ်ကြိမ် ရွေးကောက်ပွဲ မ၀င်တော့ပါဘူးဟု ကြေငြာခဲ့သည်။ သို့သော် နောက် ကျသွားခဲ့ပြီ။ အီဂျစ် ဘာဖြစ်သင့်တယ် ဆိုတာ လူထုက ဆုံးဖြတ်နေပြီ။ အမေရိကန်သမ္မတ အိုဘားမားရဲ့ အထူး သံတမန်က မူဘာရခ်နဲ့ သွားတွေ့ပြီး ရာထူး ထပ်မယူဖို့ တိုက်တွန်း ပြီးတဲ့နောက်၊ မူဘာရခ် က လူထုကို ရုပ်သံကနေ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိုဘားမားက “တည်ငြိမ်သေ၀ပ်တဲ့ အသွင်ကူးပြောင်းမှုဟာ အဓိပ္ပါယ် ပြည့်ဝရမယ်၊ ငြိမ်းချမ်းရမယ်၊ အခု စတင်ရမယ်” လို့ မူဘာရခ်ကို အင်္ဂါနေ့ညနေတွင် ပြောခဲ့ကြောင်း ကြေငြာခဲ့သည်။ မူဘာရခ် ရဲ့ အချိန် ပြီးဆုံးသင့်ပြီ ဖြစ်ကြောင်း မိတ်ဆွေ ရင်း အမေရိကန် သမ္မတက သတိ ပေးလိုက်ခြင်း ဖြစ်သည်။

ထိုမက်ဆေ့ခ်ျက မူဘာရခ်အတွက် အများကြီး အဓိပ္ပါယ်ရှိသည်။ နောက်က ရပ်ခံမပေးနိုင်တော့၊ နားမှ အားလုံးအတွက် မျက်နှာ လှမည် ဖြစ်သည်။ အမေရိကန် အစိုးရက နှစ်စဉ် အီဂျစ်ကို စစ်ရေး အကူအညီ ဒေါ်လာ ၁.၅ ဘီလီယံ ဖိုး ထောက်ပံ့ ပေးနေကြ ဖြစ်သည်။ အီဂျစ်စစ်တပ် ခေါင်းဆောင်ပိုင်းကို အိုဘားမားက ဘာလုပ်သင့်တယ် ဆိုတာ မက်ဆေ့ခ်ျ ပေးလိုက်သည်။ မူဘာရခ်က စက်တင်ဘာ ရွေးကောက်ပွဲမှ ထွက်ပေးပါရစေဟု ပြောခဲ့သည်။

ကိုင်ရိုမြို့ Liberation ရင်ပြင်တွင် ရှစ်ရက်နေ့ သန်းချီ ဆန္ဒပြမှုများမှာ အာရပ် သမိုင်းမှာ မကြုံဘူးအောင် များပြားလှသည်။ ဆန္ဒပြမှုများတွင် အကြမ်းဖက်မှု မရှိ။ အသေခံ ဗုံးဖောက်ခွဲမှုတွေ ထွက်တတ်တဲ့ အရပ်ကမ္ဘာမှာ သန်းချီတဲ့ လူထုကြားတဲ့ ဘာပေါက်ကွဲမှုမှ မရှိဘဲ မူဘာရခ် နှုတ်ထွက်ရေးကိုပဲ တညီတညွတ်ထဲ တောင်းဆိုကြသည်။ ကိုင်ရိုတွင် အင်တာနက် လိုင်းများ ပြန်လည် ကောင်းမွန်သွားပြီ။

အိုဘားမားမှာ အမေရိက သမ္မတ အဆက်ဆက် အားကိုးအားထား ပြုရတဲ့ မိတ်ဆွေကြီးကို သံယောဇဉ် ဖြတ်ဖို့ ခက်နေသောကြောင့် ရှစ်ရက်အတွင်း ဆက်တိုက် ဝေဖန် ခံခဲ့ရသည်။ အရှေ့ အလယ်ပိုင်းတွင် အစ္စရေးနဲ့ အပြေလည်ဆုံး ခေါင်းဆောင်မှာ မူဘာရခ် ဖြစ်သည်။ ယခု အီဂျစ်ရဲ့ ဖရိုဖရဲ အခြေအနေကို အစိုးရိမ်ဆုံး နိုင်ငံမှာ အစ္စရေး ဖြစ်နေသည်။ မူဘာရခ် အလွန် ကွက်လပ်ဖြည့်ဖို့ အမေရိကန်၊ အီးယူ၊ အစ္စရေး ခေါင်းဆောင်များ ခေါင်းပူနေကြသည်။ အရှေ့အလယ်ပိုင်း နိုင်ငံရေး သံတမန် အခင်းအကျင်း ပါရာဒိုင်း ပြောင်းတော့မည်။

အမေရိကန်အစိုးရအနေနှင့် မူဘာရခ်မှာ အပျော့ပြောင်းဆုံး အာရပ် ခေါင်းဆောင်ဟု မြင်ထားသည်။ မူဆလင် ဘရားသား ဟုဒ် အဖွဲ့လို အမေရိကန် စိုးရိမ်တဲ့ အဖွဲ့များကို ထိန်းချုပ်ဖို့ မူဘာရခ်ကို အကာအကွယ် ပေးရခြင်း ဖြစ်သည်။ မူဘာရခ် အလွန် အနောက်နဲ့ အရှေ့ အလယ်ပိုင်း ဆက်ဆံရေး၊ အစ္စရေး-အာရပ် ပဋိပက္ခတို့ အတွက် အပြုသဘော ပြောသူများနဲ့ အဆိုးမြင် သူများကြား ဒီဘိတ် ဖြစ်လာသည်။

သို့သော် ယနေ့ ကိုးရက်မြောက်နေ့ ညနေပိုင်းတွင် ကိုင်ရိုနှင့် အလက်ဇန်းဒါးမြို့ များတွင် ဆန္ဒပြသူများ အကြား ပဋိပက္ခများ စတင် ဖြစ်လာသည်။ ပထမဆုံး အကြိမ် သေနတ် ပစ်ဖောက်မှုများ ရှိလာသည်။ နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ် ဘာရာဒေး က အစိုးရက ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ စတင် အကောက်ကြံ ရန်တိုက် ပေးနေပြီဟု စွတ်စွဲ လိုက်သည်။ မတည်ငြိမ်မှု များကို ကြိုသိနေသည့် အလား အမေရိကန် အစိုးရက ကိုင်ရိုရှိ အမေရိကန် သံဝန်ထမ်းများကို အရေးပေါ် ထွက်ခိုင်းနေပြီ ဖြစ်သည်။

မောက္ခနိုင်ငံတကာရေးရာ (Source: The New York Times’ opinions)

Ref: မောက္ခ

Read More...

Monday, January 31, 2011

အီဂျစ်စစ်တပ် ဘယ်လမ်းရွေးဖို့ ဆုံးဖြတ်မလဲ

Monday, 31 January 2011

အီဂျစ်အစိုးရဆိုတာ ဟို့စ်နီ မူဘာရခ် အစိုးရ သက်သက် မဟုတ်။ ဗိုလ်ချုပ်အဟောင်း၊ အသစ် အများကြီးနဲ့ ဖွဲ့ထားတဲ့ စစ်အစိုးရ ဖြစ်သည်။ သူတို့က အီဂျစ်ရဲ့ အဓိက ဘစ်ဇနက် လုပ်ငန်းများကို အပီ ကိုင်ထားသည်။

၁၉၅၂ ခုနှစ်မှာ စစ်တပ်က အီဂျစ်သက်ဦးဆံပိုင် စနစ်ကို ဖြုတ်ချပြီး၊ စီနီယာ စစ်အရာရှိကြီး တွေက စစ်သူကောင်းပြု စနစ် သစ်ကို ထူထောင် လိုက်ကြသည်။ ၁၉၅၀နဲ့ ၁၉၆၀ ပြည့်လွန် နှစ်များတွင် ဆိုရှယ်လစ် စနစ်၊ နောက်ပိုင်း အရင်းရှင် စနစ် နဲ့ သွားပြီး အခွင့်ထူးခံ ရာထူး နေရာ မှန်သမျှ ဗိုလ်ချုပ် အဟောင်း အသစ်များပင် တောက်လျှောက် ချုပ်ကိုင်ထားသည်။

မူဘာရခ် ဆိုတာက ၁၉၇၃ ခုနှစ်အ အီဂျစ် လေကြောင်းတိုက်ပွဲ အစ္စရေးကို ဆင်နွဲတုန်းက လေတပ် ဗိုလ်ချုပ်။ အီဂျစ် လူထုကလည်း ထိုစစ်ပွဲကို အီဂျစ်စစ်တပ်ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ မဟာအောင်ပွဲလို့ မြင်ထားကြသည်။ မူဘာရခ် ကို စစ်အောင်ပွဲကြီး သယ်ဆောင် လာသူလို့ လက်ခံ လိုက်ကြသည်။ ဒီလိုနဲ့ သူက စစ် သူကေင်းပြု စနစ်ရဲ့ အမြင့်ဆုံး ရောက်သွား ခဲ့သည်။

ဒုတိယသမ္မတ အိုမာဆူလမန် ကလည်း စစ်တပ်ထဲက မွေးထုတ် လိုက်တဲ့ ထုတ်ကုန် တစ်ခု။ မူဘာရခ် ထင်ရာ ပြောသမျှ၊ လုပ်သမျှ လိုက်ဖြန့် ပေးတဲ့သူ။ တိုင်းပြည် အုပ်ချုပ်ရေးမှုး သုံးပုံနှစ်ပုံက ဗိုလ်ချုပ်ဟောင်းတွေ၊ ကက်ဘိနတ် အဖွဲ့မှာက ဗိုလ်ချုပ် အသစ်တွေ။ ၀န်ကြီး အဖွဲ့ကဲ စစ်ယူနီဖောင်း ၀တ်ထားသူတွေ။

၂၀၀၈ ခုနှစ် ပေါင်မုန့်ပြတ်လတ်မှု ဝေငှဖို့၊ ၁၉၉၄ ခုနှစ် ရေကြီးတာ ကယ်ဆယ်ဖို့ စတဲ့ လုပ်စရာ ကိစ္စကြီးကြီး ရှိလာရင် မူဘာရခ် က စစ်တပ်ကိုပဲ တာဝန်တွေ ပေးတတ်သည်။ စစ်တပ်ကို သူယုံသည်။ စစ်တပ် အကြောင်း သူ ကောင်းကောင်း သိသည်။ စစ်တပ်ကလည်း သူ့နောက်မှာ ရှိခဲ့သည်။

မူဘာရခ်အစိုးရနဲ့ စစ်တပ်မှာ တသားထဲလို ဖြစ်နေခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များ နိုင်ငံပိုင် လုပ်ငန်းတွေ ပုဂ္ဂလိက ပိုင်ပြောင်းတော့ ဗိုလ်ချုပ်ဟောင်း အများစုကိုပဲ လွှဲလိုက်သည်။ ဘဏ်ချေးငွေ ထုတ်ပြီး သူတို့ အကုန် သိမ်းသွားသည်။ စစ်တပ်ပိုင် စက်ရုံ အလုပ်ရုံ မှန်သမျှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများပိုင် ဖြစ်သွားသည်။

သို့သော် အီဂျစ်လူထုက စစ်တပ်ကို သူတို့ မျိုးချစ်စိတ်ဓါတ်ပြယုဂ်၊ အမွန်မြတ် အင်စတီကျူ့၊ အမျိုးသား စည်းလုံးရေးနဲ့ ကာကွယ်ရေး မဟာရံ တံတိုင်းကြီး အဖြစ် မြင်ထားသည်။ အီဂျစ်တွင် စစ်တပ်မှာ အလေးစား ခံရဆုံး အင်စတီကျူ့ အဖြစ် ဆက်ရှိ နေသည်။ အီဂျစ်လူထုရဲ့ စစ်တပ် အပေါ် ခရေဇီ ဖြစ်မှုက အခုမှ မဟုတ်။ ၁၉ ရာစုကတည်းက သမိုင်းကြောင်းတွေ ရှိထားသည်။

ယခု အီဂျစ်စစ်အရာရှိများမှာ အကျဉ်းအကျပ်နဲ့ လမ်းဆုံလမ်းခွ ရောက်နေပြီ။ ဗိုလ်ချုပ်ကြီးဟောင်း မူဘာရခ် ကို သစ္စာ ခံမလား၊ အင်စတီကျူးရှင်း ဂုဏ်သိက္ခာကိုပဲ ဆက်ထိန်းကြမလား။ အီဂျစ် လူထုနဲ့ ပြင်ပ ကမ္ဘာအတွက်တော့ ရှင်းနေသည်။ မူဘာရခ် ရာထူးက ဆင်းပေးဖို့ အချိန်ရောက်ပြီ။

လက်ရှိ အီဂျစ်ရဲ့ ၀ရုန်းသုန်းကား အခြေအနေအောက်တွင် စစ်တပ် တစ်ခုသာ ကျယ်ကျယ် ပြန့်ပြန့် တရားဝင်မှု (legitimacy) ဆက်ရှိ နေသည်။ စစ်တပ်အဖို့ ငယ်ထိပ် မြွေပေါက်နေပြီ။ လူထုက တင့်ကားများရှေ့ ၀တ်ပြုနေသည်။ တင့်ကားတွေပေါ် တက်စီးနေသည်။ မနက်ဖြန် သဘက်ခါ ရက်ပိုင်းများအတွင်း စစ်တပ်အဖို့ တစ်ခုခု ရွေးချယ်ဖို့ ဆုံးဖြတ်ရတော့မည်။ ထိုရွေးချယ်မှုက အီဂျစ် လူထုအနာဂတ်၊ တိုင်းပြည် အနာဂတ်၊ စစ်တပ် အနာဂတ် ဖြစ်လိမ့်မည်။ မူဘာရခ် တစ်ဦးအတွက် ရွေးချယ် လိုက်ရင်တော့ အာရပ်ကမ္ဘာ သွက်သွက် ခါနေဦးမည်။

Ref: မောက္ခ

Read More...

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက်ရပ် တည်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တို့ကြောင့် ပြည်သူ့ တော်လှန်ရေး ပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ

January 30, 2011

ဒီဇင်ဘာလ (၁၇) ရက်နေ့က တူနီရှားနိုင်ငံ ဆစ်ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ် ခရိုင် ကောင်စီရုံးရှေ့မှာ မိမိကိုယ်ကို မီးရှို့ သတ်သေရာမှစပြီး တူနီးရှား နိုင်ငံတင် သာမက အာရပ်နိုင်ငံများ ဖြစ်ကြတဲ့ အီဂျစ်နိုင်ငံ အထိပါ လူထု တော်လှန်မှုကြီးတွေ ကူစက် ပြန့်ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီး စိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေး ကြရတဲ့အဖြစ်တွေ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက် ပေါ်ပေါက် လာပါတော့တယ်။

အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်း ပညာရေး သင်ကြား နေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတဲ့ သူ့ရဲ့ မိသားစုဝင် (၈) ဦးအား စောင့်ရှောက် ကျွေးမွေး နိုင်ရန်အတွက် သစ်သီးဝလံတွေ လှည့်လည် ရောင်းချခြင်းဖြင့် ဘ၀ကို ရုန်းကန် လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူ ဖြစ်ပါတယ်။ သူရဲ့ ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေး တစ်ကွက်ကို ၀ယ်ယူခဲ့ပြီး သစ်သီး ၀လံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုး ရရှိလာတဲ့ သစ်သီး ၀လံများကို လမ်းတွေမှာ လှည့်လည် ရောင်းချပေးနေတာ ဖြစ်ပါတယ်။



အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘ၀ဟာ အသက်ရှင် ရပ်တည်နိုင်ရေး စားဝတ်နေရေး အခက်အခဲတွေ အဆင်ပြေ သက်သာစေဖို့ အတွက် နေ့စဉ်နဲ့ အမျှ ရုန်းကန် လှုပ်ရှား နေကြရသလို မိုဟာမက်တို့လို လမ်းမများပေါ်မှာ လှည့်လည် ဈေးရောင်း ချကြသူများကိုလည်း မကြာခဏ ဆိုသလို ဖမ်းဆီးကာ မတရား အနိုင်ကျင့်ကြလေ့ ရှိပါတယ်။

မိသားစုကြီးတစုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့ ရိုးသားစွာ ကြိုးစား ဆောင်ရွက်နေတဲ့ မိုဟာမက် အနေနဲ့  ဒီလို သစ်သီးဝလံ လှည့်လည် ရောင်းချရတဲ့ အလုပ်မှအပ အခြား ရွေးချယ်စရာ လမ်းမရှိတဲ့ သူ့ဘ၀မှာ ဒီအလုပ်လေးကိုသာ မှီခို အားထားနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုပဲ သစ်သီး ၀လံတွေရောင်းချဖို့ အတွက် တွန်းလှည်းလေး တွန်းကာ လမ်းမပေါ် ထွက်ကာ လှည့်လည် ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင် လက်အောက်မှာ ဗိုလ်ကျ စိုးမိုးနေတဲ့ ရဲတပ်ဖွဲ့ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ့ကို ဖမ်းဆီး ပါတော့တယ်။ သူရဲ့ သစ်သီးဝလံတွေ တင်ထားတဲ့ တွန်းလှည်း လေးကို သိမ်းပိုက် လိုက်ရုံမက မိုဟာမက် မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ့  မခံမရပ်နိုင် ဖြစ်ပြီး ခရိုင် ကောင်စီရုံးကို ချက်ချင်း သွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြား ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင် ကြီးစိုးနေပြီး ဥပဒေ ထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့ အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက် လို သာမန် ဆင်းရဲနွမ်းပါးလှသူ တဦးရဲ့ တိုင်ကြားမှုကို မည်သူ တဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူ ပေးတာ မရှိပါဘူး။ ဒီထက် ပိုဆိုးတာကတော့ ရဲက မတရား ပါးရိုက် အနိုင်ကျင့် ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်း ကနေ အတင်း မောင်းထုတ်ခြင်းကို ထပ်မံ ခံရပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ့ရတဲ့အခါမှာတော့ မိုဟာမက်ရဲ့ မခံမရပ် စိတ်ဟာ အမြင့်မားဆုံး ရောက်ရှိပြီး သူ့မှာ ပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ် ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင် ကောင်စီရုံးရှေ့မှာပဲ ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြ ပါတော့တယ်။ ခန္ဓာကိုယ် မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင် ဒဏ်ရာနဲ့ ဆေးရုံပေါ်မှာ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကွယ်လွန် သွားပါတော့တယ်။



မိုဟာမက်ရဲ့ မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်ဆန္ဒပြမှု အဖြစ်အပျက်ကို မျက်မြင် တွေ့ရှိကြသူများ အထူးသဖြင့် လူငယ် များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယို မှတ်တမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ့ ရိုက်ကူးပြီး တူနီးရှား တနိုင်ငံလုံး သာမက အ ခြားသော အာရပ် နိုင်ငံများ အပါအ၀င် ကမ္ဘာတ၀ှမ်းလုံး သိရှိ မြင်တွေ့ကြစေဖို့ အင်တာနက် စာမျက်နှာများ ပေါ်ကနေ တဆင့် ဖြန့်ခဲ့ကြပါတယ်။

အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ့ တကယ်တော် ဆန္ဒပြမှုကို လေးစား ဂုဏ်ပြုကြတဲ့ အနေနဲ့ မိုဟာမက် အတွက် အောက်မေ့ လွမ်းဆွတ်ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ရင်းနဲ့ အဲ့ဒီနေ့ညက စလို့ ပြည်သူလူထု တော်လှန် အုံကြွမှုကြီးကို စတင် ပါတော့တယ်။

မိုဟာမက်ရဲ့ ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တကိုယ်တော် ဆန္ဒပြမှုနဲ့ အာဏာရှင်တွေ မတရား ကြီးစိုး အုပ်ချူပ်မှုရဲ့ အောက်မှာ ပြည်သူ ပြည်သားတွေ ခံစား နေကြရတဲ့ ခါးသီးလှတဲ့ ဘ၀တွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွ ပေါက်ကွဲကြပြီး တနိုင်ငံလုံး လူထု ဆန္ဒပြမှုများ အရှိန်အဟုန် အပြည့်နဲ့ ပေါ်ပေါက် လာပါတော့တယ်။

တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ လူထုဆန္ဒပြပွဲတွေကို လက်နက်အားကိုးနဲ့ နှိမ်နင်း ခဲ့ပေမယ့် နောက်ဆုံး မှာတော့ မိုဟာမက်ရဲ့ မီးရှို့ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ် အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း ၂၃ နှစ် ကျော်ကြာ ဖိနှိပ် အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီး ဖြစ်သူ တူနီးရှားနိုင်ငံ သမတ ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ထွက်ပြေး သွားရပါတော့တယ်။

တူနီးရှားနိုင်ငံက မိုဟာမက်ရဲ့ ရဲဝံ့တဲ့ ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ပြောင်မြောက်သော လူထု တော်လှန်ရေး ဆင်နွဲမှုတို့ကို စံနမူနာပြုကြတဲ့ အာဏာရှင် ဆန့်ကျင် တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေ မှာပါ ပြန့်နှံ့ သွားပါတော့တယ်။

တူနီးရှားနိုင်ငံရဲ့ ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထု လူတန်းစားပေါင်းစုံ ပါဝင်ရုံ သာမက ပြည်သူတွေရဲ့ သစ္စာကို စောင့်သိ ထိန်းသိမ်းပြီး ပြည်သူတွေ လိုလားတဲ့ ဆန္ဒကို အပြည့်အ၀ လိုလားတဲ့ ပြည့်သူ့ အကျိုးကို ရှေ့ထားတဲ့ တူနီးရှားနိုင်ငံရဲ့ စစ်တပ် တပ်မတော်ကြီးက တူနီးရှား ပြည်သူတွေ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပြသ ပါဝင်လိုက်တာမို့  တူနီးရှားနိုင်ငံ အာဏာရှင် သမတ တိုင်းပြည်ကနေ ခွေးပြေး ၀က်ပြေး ပြေးထွက် သွားရပြီး ကမ္ဘာ တ၀ှမ်းလုံးက ချီးကျူး ထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျ သွားရခြင်းရဲ့ အဓိက အချက်တွေကို ကြည့်ရင်တော့ …

(၁) သာမန်ပြည်သူတယောက်ဖြစ်သူ မိုဟာမက်ရဲ့ မတရားမှုကို မဟုတ်မခံ ခေါင်းငုံ့မခံဘဲ ရသည့် နည်းလမ်းဖြင့် ဆန့်ကျင် တော်လှန် ဆန္ဒပြခြင်း၊

(၂) မိုဟာမက်တို့လို တဦးတယောက်အနေနှင့်ပင်ဖြစ်စေ ရဲရဲဝံ့ဝံ့ မတရားမှုကို တော်လှန်ခြင်းအား အပြည့်အ၀ အားပေး ထောက်ခံ ပြရုံသာမက၊ အာဏာရှင်တွေရဲ့ ထင်ရာစိုင်း ရိုင်းပြ စော်ကားမှုတွေကို ပြည်သူ ပြည်သား တဦးအနေနဲ့ မိမိတို့မှာ လည်း ဆန့်ကျင် တော်လှန်ရမယ့် တာဝန် ၀တ္တရား ရှိတယ်လို့ ခံယူပြီး ပြည်သူ ပြည်သား တဦးချင်းစီက အသီးသီး စုပေါင်း လက်တွဲကြပြီး လူထု တော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊

(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ့တန်းထားတဲ့ ပြည်သူ့ တပ်မတော် အဖြစ် ခံယူပြီး အာဏာရှင်အား ပြည်သူတွေနဲ့ အတူ လက်တွဲကာ ပြည်သူလူထု တော်လှန်မှုကြီးတွင် ပြည်သူရှေ့မှ မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင် ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ် တပ်မတော်ကြီးရဲ့ လေးစားထိုက်ဖွယ် လုပ် ရပ်များကြောင့် – တူနီးရှား နိုင်ငံတနိုင်ငံလုံး အာဏာရှင် လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။

ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ့ရှုကာ ပြည်သူတွေရှေ့က မားမား မတ်မတ် ရပ်တည် ခဲ့ကြတဲ့ တူနီးရှား နိုင်ငံ ပြည်သူ့ တပ်မတော် ပီသခဲ့တဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည် သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းကတော့ -

“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။

“ပြည်သူလူထုရဲ့ အာဏာရှင်တော်လှန်ရေးဟာ ငါတို့တပ်မတော်ရဲ့ တော်လှန်ရေးပဲ ဖြစ်တယ်၊ ငါတို့ တပ်မတော်ဟာ အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေကြတဲ့ ပြည်သူတွေ ဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ပေး ကြမယ်” ဖြစ်ပါကြောင်း။

Ref: နစ်နေမန်း

Read More...

Friday, January 28, 2011

တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်

January 26, 2011

တူနီရှား နိုင်ငံ မှ ကျောင်းသား၊ပြည်သူများ ဦးဆောင်ဆန္ဒပြ၍ အာဏာရှင် သမ္မတ ဘင်အလီကို ဖြုတ်ချ နိုင်ခဲ့ခြင်းသည် အာရပ် ကမ္ဘာရှိ အာဏာရှင် လက် အောင်မှ ပြည်သူများ သာမက မြန်မာနိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ် မြစ်ကြီး နား မြို့မှ တက္ကသိုလ် ကျောင်းသား အထိ ရိုက်ခတ်သည်။

တူနီရှား နိုင်ငံ၏ လူထုတော်လှန် ရေးသည် တွစ်တာ နှင့် ဖေ့ဘွတ် တွင် စတင်ခဲ့ခြင်းကြောင့် Twitter Revolution သို့ မဟုတ် စံပယ်ငုံ တော်လှန်ရေး ဟု လည်း ခေါ်သည်။ တူနီရှားတွင် အာဏာရှင် ဘင်အလီ နိုင်ငံမှ ခွေးပြေးဝက်ပြေး ထွက်ခွာ သွားပြီးနောက် အာဏာရှင် နှင့် ပုလင်းတူ ဗူးဆို့  ၀န်ကြီးချုပ် မိုဟာမက် ဂူနော့ချီက ဦးဆောင်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို ဖွဲ့သည်။ နိုင်ငံရေး အကူအပြောင်း တွင် အတွေ့အကြုံ ရှိရန်ဟု ဆိုကာ ယခင်အစိုးရ အဖွဲ့ဟောင်းမှ နိုင်ငံရေး စားဖားကြီး များကို အစိုးရ အဖွဲ့ထဲတွင် ပြန်လည် ထည့်သည်။

အတိုက် အခံ လေးယောက် လောက်ကို အရေးမပါသည့် ၀န်ကြီး ရာထူး နေရာများ ပေးသည်။ ၂၄ နာရီ မပြည့်မှီပင် ထိုဝန်ကြီး လေးယောက် လည်း ရာထူးမှ နှုတ်ထွက်သည်။ ပြည်သူများက လူစု ၍ “လွတ်မြောက်ရေးလှည်း တပ်တော်စု” ဆိုပြီး မြို့ တော် တူနစ်သို့ နေ့ရော ညပါ ချီတက်သည်။

နိုင်ငံ၏ ဆန္ဒပြမှု သတင်း ကို အချိန် နှင့် တပြေးညီ ထုတ် လွှင့်ပေးသည့် ဟန်နီဘော ရုပ်သံကို ကြားဖြတ် အစိုးရက ပိတ်ပြီး ၊ ရုပ်သံ ပိုင်ရှင်ကို ဖမ်းလိုက်သည်။ တူနီရှား ပြည်သူ တို့၏ ဆန္ဒပြမှု က ပိုမို ကြီးထွားလာသည်။

ဆန္ဒပြ သူများ ဘက်က ရဲ အရာ ရှိ များ၊ မီးသတ် အရာရှိများ နှင့် ယခင် သမ္မတ အစောင့်တပ်များ ပူးပေါင်း ခဲ့သည်။

နောက် တစ်နေ့ တွင် တူနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရစ်ချဒ် အာမာ ကိုယ်တိုင် စစ်တပ်သည် ပြည်သူတို့၏ တော်လှန် ရေးကို အကာအကွယ် ပေးကြောင်း ပြောကြား ခဲ့သည်။ ဆန္ဒပြမှု များအတွင်း ကျဆုံးခဲ့သူများ ကို အလေးပြုပြီး ပြည်သူများ က ဆက် လက် ဆန္ဒပြနေမှု အား ရပ်တည်ထောက် ခံရုံသာမက လက်ကိုင် စကား ပြောစက် ဖြင့် မိန့်ခွန်းပါ ပြောကြား ခဲ့သည်။

အာဏာရှင် ဘင်အလီ ၏ အပေါင်းအပါ များ အစိုးရ အဖွဲ့အတွင်း ဆက်လက် တည်ရှိ နေမှုကို စစ်တပ်က ဗြောင် ဆန့်ကျင်ပြီး ပြည်သူများ ဘက်မှ ရပ်ခံခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း အာဏာရှင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပင် တူနီရှား နိုင်ငံ၏ လူထုတော်လှန်ရေးသည် ကြောက် စရာ ကောင်းသည် ဟု ပြောသည်။ တူနီရှား ရုပ်သံ နာဆမ်နှင့် ပြောကြားရာတွင် ဘင်အလီ ကို သူ့နိုင်ငံဉ် ခိုလှုံခွင့် အတွက် ငြင်းဆန် ခဲ့သည်။
“ကျုပ်က သည်သကောင့်သား ဘင်အလီ ကို ခိုလှုံ ခွင့်ပေးရင် တူနီရှား ပြည်သူတွေ အကျိုးကို ဆန့်ကျင်သလို နေမှာပေါ့ ” ဟု ဆိုသည်။

တူနီရှား နိုင်ငံ၏ လူထု အုံကြွှမှု အစသည် အင်တာနက် လူမှု မီဒီယာ များ ဖြစ်သည့် Face Book ၊ Twitter နှင့် Youtube တို့ ကြောင့်ဖြစ်သည်။ ဆိုရှယ် မီဒီယာများသည် တစ်ချိန်က မော်စီတုန်း ပြောခဲ့သည့် ” နိုင်ငံရေး အာဏာဆိုတာ သေနတ် ပြောင်းဝက လာတာ ဆိုသောစကား ကို ချေဖျက် လိုက်ပြီ ဖြစ်သည်။

အီဂျစ် ပြည် သူ ထု အုံကြွှမှု ၂၀၁၁

အီဂျစ် နိုင်ငံ ၏ အာဏာရှင် ဟူစနီ မူဘာရက် ရာထူးမှ နှုတ်ထွက် ရန် အီဂျစ် ပြည်သူများက ဇန်န၀ါရီလ ၂၅ ရက်နေ့ မှ စ၍ မြို့တော် ကိုင်ရို၊ အလက်ဇန္ဒီယား ၊ ဆူးအက်၊ ဂီဇာ၊ တန်တာ နှင့် မိုနိုဖီယာ အပါအ၀င် မြို့ပေါင်း နှစ်ဆယ်ကျော် မှာ စတင် ဆန္ဒပြ ခဲ့ကြသည်။

ဇန်န၀ါရီ လ ၆ ရက်နေ့ က ရဲတပ်ဖွဲ့ က နှိပ်စက် ညှင်းပန်းပြီး အသတ် ခံရသည့် အသက် ၂၈ နှစ် အရွယ် လူငယ် ခါလက် မိုဟာမက် ရှိခ် ကို အကြောင်းပြုပြီး တော်လှန်ရေး စတင် ခဲ့သည်။ တော်လှန်ရေး ကိုလည်း Face Book ရှိ ခါလစ် ရှိတ် စာမျက်နှာတွင်ပင် လူစု ပြီး စတင် ခဲ့ခြင်း ဖြစ်သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင် လူငယ် ခြောက် ဦးက မြို့တော် ကိုင်ရို နှင့် အလက်ဇန္ဒြီယား တွင် မိမိ ကိုယ်ကို မီးရှိုပြီး ဆန္ဒပြ ခဲ့သေးသည်။

လက်ရှိအီဂျစ်နိုင်ငံတွင်ဖြစ်ပေါ်နေသောအကျင့်ပျက်ခြစားမှုများ၊ ပြည်သူကို ရက်စက်စွာ စစ်ဆေး နှိပ်စက်မှုများ၊ တိုးမြင့်လာနေသော အလုပ်လက်မဲ့ ပြသနာများကြောင့် လူထု အုံကြွှမှု စခဲ့ရသည်။

အင်တာနက်လှုမှုကွန်ယက်များ မှ တစ်ဆင့်တင်ပြခဲ့သောကြောင့် အီဂျစ်ပြည်သူ ၉၀၀၀၀ ကျော် ဆန္ဒပြု လက်မှတ် ရေးထိုးကြပြီး အစိုးရဆန့် ကျင်သည့် လမ်းပေါ်တက် ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည်။

အင်တာနက်လှုမှုကွန်ယက်များကို အသုံးပြုပြီး တက်ကြွသော အစိုးရဆန့်ကျင် ဆန္ဒ ပြသူများက အသုံးပြုပြီး အဓိက ကျသော ကိုင်ရိုလမ်းမကြီးပေါ်တွင် စုရုံး ဆန္ဒပြနိုင်ခဲ့ကြသည်။

အထူးရဲအမြောက်အများအမြောက်အများကိုအသုံးပြုပြီး ဆန္ဒပြသူများကို နှိမ်းနှင်းရန် လက်ရှိ အီဂျစ် အစိုးရက ဆောင်ရွက် စီမံခဲ့သည်။ ယနေ့ မနက်စောစောတွင် ကိုင်ရို အထူး နှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူ ၃ဦး သေဆုံးခဲ့ရပြီး၊ ဆန္ဒပြသူ အချို့ အဖမ်း ခံခဲ့ရသည်။ ဆန္ဒပြသူများမှ အထူး ရဲတပ်ဖွဲ့ဝင်များကို ခဲများ၊ ပုလင်းခွံများဖြင့် ပစ်ပေါက် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒါဏ်ရာရရှိခဲ့သည်။

တူးနီးရှားမှစတင်ခဲ့သောတော်လှန်ဆန္ဒပြမှုမှသည် အလုပ်လက်မဲ့ပြသနာနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒါဏ် ခံနေကြသော အာရပ် နိုင်ငံများ ဖြစ်ကြသော အယ်ဂျီးရီးယား၊ မော်ရိုကိုနှင့် ယီမင် နိုင်ငံများသို့ပါ ဆန္ဒပြမှုများ ကူးစက် သွားခဲ့ရသည်။

လက်ရှိဆန္ဒပြမှုဖြစ်ပွားနေသောနိုင်ငံများ မှာ ကမ္ဘာ့အကျင့်ပျက်မှု အစိုးရများ စာရင်းတွင် အဆိုးဆုံး ပါရှိသော မြန်မာ နိုင်ငံနိုင်ကဲ့သို့သော နိုင်ငံများ ဖြစ်နေကြသည်။

ယီမင်

ယီမင် နိုင်ငံတွင် လည်း အခြား အာရပ် နိုင်များ ဖြစ်သည့် အယ်(လ)ဂျီးရီးယား၊ တူနီးရှား အီဂျစ် တို့ နည်းတူ တက္ကသိုလ် ကျောင်းသားများ က ဦးဆောင်ပြီး ဆန္ဒပြ ခဲ့ကြသည်။

Ref: Freedom News Group

Read More...

Thursday, January 27, 2011

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

January 20, 2011

တင်ကျော်ကျော်စိုး။ ။

တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း

နိုင်ငံကာတွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့် မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏ ဘူမိနက်သန် နေရာ ဖြစ်သောကြောင့် ယခုတိုင် ကာသေ့ မြို့ပြ နိုင်ငံ၏ ယဉ်ကျေးမှု အမွေ အနှစ် များကို ယူနက် စကို၏ စောင့်ရှောက်မှုဖြင့် တွေ့ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း ကာသေ့ မြို့ပြ ယဉ်ကျေးမှု အမွေ အနှစ် များကို ရှုမျှော်မဆုံး တွေ့နိုင်သည်။

ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ပြ နိုင်ငံများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမတို့ ကျူးကျော် ခံရပြီးနောက် နာမည်ကျော် တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့၏ အဆောက်အဦများ ယဉ်ကျေးမှု များမှာ ရောမ အင်ပါယာ လက်အောက် ကျရောက်ကာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။


ရောမခေတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက်ပိုင်းတွင် ကျင်လည် ကျက်စားသည့် ဘာဘာလူမျိုး တို့သည် ယခု တူနီရှန်း တို့၏ ဘိုးဘေး ဘီဘင်များ ဖြစ်သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)

ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှားကို သိမ်းသွင်း ပြီး နောက် ဘာဘာတို့ ကစဥ့်ကလျှား ဖြစ်သွားခဲ့ရ ပြန်သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက်သို့ ကျရောက် သွားခဲ့သည်။

၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့က တူနီရှား နိုင်ငံကို သိမ်းပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီဘာက နီယို ဒေါ်စတာ ပါတီကို တည်ထောင်ပြီး တူနီးရှား နိုင်ငံအား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်း ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာက ၀န်ကြီးချုပ် အဖြစ် တာဝန်ယူသည် ။ နောက် တစ်နှစ်တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]

၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း များကို ပါလက်စတိုင်းတွင် အခြေစိုက်ခွင့် ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ်သည် တူနီးရှားတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။

၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့တော် တူနစ်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ်ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ်ကျော် သေဆုံး ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ၀န်ကြီးချုပ် ဘင်အလီ က သမ္မတ ဖြစ်သူ ဟာဘစ် ဘိုဂါဘီသည် နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိတော့ဟု အကြောင်းပြကာ အာဏာ သိမ်းယူခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။

တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာ ဆရာ ရှစ်ဦး ခန့်ကို ထောင်သွင်း အကျဉ်း ချထားခဲ့သည်။ တူနီရှား အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှု များနှင့် အစိုးရက အကျင့်ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှု ထားသည် ဟု ဝေဖန် မှုများ ရှိခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့၏ မကျေနပ်မှုများ စတင်ခဲ့သည်။

တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု

အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထားသည် တစ်ခုတည်းသော အာရပ် နိုင်ငံဖြစ်သည့် တူနီရှားတွင် အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ် မျက်နှာဖုံးများ တပ်ဆင်ရခြင်း မရှိပါ။ မြေထဲ ပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံ ငယ်လေးသည် ဥရောပ နိုင်ငံများနှင့် မခြား လူမှုရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာ တယ်လာဗက်ဆက်ချီ တို့၏ ဇိမ်ခံအိမ် အကောင်းစားများလည်း တူနီရှားတွင် ရှိသည်။

သို့သော် …….နိုင်ငံရေး၊ စီးပွားရေး များကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံ အာဏာကို ၁၉၈၇ ခုနှစ် ကတည်းက အာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က အုပ်ချုပ်သည်။ ဘင်အလီသည် တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ ဖြစ်သည်။ အာဏာရပြီး နောက်တွင် ၎င်း၏ အာဏာကို တည်မြဲအောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာ ဆရာများ ၊ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့်သတ် လာသည်။ ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှုများ ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့သည် လာဘ်စားမှု များမှ ပိုမို ဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီဘဏ် တို့တွင် ဒေါ်လာ သိန်း ၈၀၀ ကျော် အပ်နှံခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုး မိသားစု ကို “ကွေဇိုင်း မာဖီးယား” ဟု ခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ အိမ်ထောင် မှ သားသမီး များသည် တူနီရှား နိုင်ငံ၏ ပင်လယ် ကမ်းခြေ များတွင် ဟိုတယ် နှင့် ရီဆော့ များကို ပိုင်ဆိုင်သည်။ ၎င်း၏ ယောက်ဖ ဆခ်ခါ မာတာရီသည် ဇိုင်တိုနာ ရေဒီယို နှင့် ရုပ်သံကို ပိုင်သည်။ ဘင်အလီ ၏ ဆွေမျိုးများသည် တူနီးရှား နိုင်ငံတွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး လုပ်ထား သည်။ မြို့တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်းခွဲဖြင့် ရောင်းချသည်။

ဘင်အလီ၏ ယောက်ဖ တစ်ဦးသည် ဗဟိုဘဏ်၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန်တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ်နှင့် ကိုယ်ပိုင် ပြင်သစ်လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။

တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင်များ ရှားပါး လာပြီး ပို၍ ဆင်းရဲတွင်း နက်လာကြသည်။ တိုင်းသူ ပြည်သား များမှာ ဆင်းရဲတွင်း နက်သော်လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန်များကို ပြင်သစ် နိုင်ငံမှ မှာယူထားသည့် ၀ိုင် အကောင်းစား များဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များကလည်း အလွန် သဘောကျသည် ပြင်သစ် နိုင်ငံခြားရေး ၀န်ထမ်းများ ဆိုလျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရလျှင် အလွန် သဘောကျသည်။

အုံကြွှမှု ၏ နိဒါန်း

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသည့် ပြည်သူတို့၏ ဒေါသသည် ဘူဇာဇီ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့သို့ ဟုန်းကနဲ တောက်လောင်သည်။

ထိုနေ့တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များအား တူနီရှန်း ဘလောက်များတွင် ဖော်ပြ ထားသောကြောင့် အခြား မြို့များ တွင်လည်း ပြည်သူများ က မော်တော်ကား တာယာများကို မီးရှို့ ပြီး ဆန္ဒပြကြသည်။

မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ငယ်လေးတွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့များသို့ ကူးစက် သွားခဲ့သည်။

ပြည်သူ တို့၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ဖြိုးရေး ၀န်ကြီးက ဆစ်ဒီ ဘိုဇီ မြို့ငယ်သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာ ဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်လည်း ဆန္ဒပြမှုများမှာ အခြား တူနီးရှား မြို့များ ဆီသို့ ကူးစက် သွားသည်။

ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက်တွင် တူနီးရှား တောင်ပိုင်း မြို့များ သို့ပါ ဆန္ဒပြမှု စတင် ကူးစက်သည်။

နိုင်ငံအလယ် ပိုင်း ရှိ မြို့တစ် ခု ဖြစ်သော မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာမက် အာမာရီ ကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကိုလည်း ပစ်သတ် ခဲ့သည်။

အစိုးရ၊ လုံခြုံရေး အဖွဲ့များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများသည် တိုင်းပြည် စီးပွားရေးကို အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲမှုများ ပြုလုပ်မည်ဟု သတိပေးကာ ပစ်ခတ်မှုများ ပြုလုပ်သော်လည်း ကျောင်းသားများ၊ ရှေ့နေ များနှင့် အတိုက်အခံ ခေါင်းဆောင် များက ဦးဆောင်ပြီး ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။

ခရစ္စမတ် နေ့တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသော အတိုက် အခံ ပါတီ ဖြစ်သည့် Progressive Democratic Party မှ ခေါင်းဆောင် များက ဦးဆောင်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရာ ပြည်သူများ က အားတက် လာပြီး ဆစ်ဖစ် မြို့တွင် ဆန္ဒပြသူများက ရဲများ ၏ သေနတ်များ ကို ၀င်ရောက် လုကြသည်။

အခြား မြို့ငယ်များ တွင်မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များက နေ့ရော ညပါ အားကောင်းလာသည်။

နာမည်ကျော် တူနီးရှား ရှေ့နေ Abderrahman Ayedi ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး နှိပ်စက် ညှင်းပန်းသည့် သတင်း ထွက်လာသည့် အခါ ပြည်သူများက ရဲစခန်းကို ၀ိုင်းပြီး အေဒီကို ကယ်ဆယ်ခဲ့သည်။

အယ်(လ) ဂျီးယား နှင့် နယ်စပ်ခြင်း ကပ်နေသည့် မြို့တော် တာလာတွင် ဆန္ဒပြမှု ဖြစ်ပွားပြီး နောက်တွင် ရဲတပ်ဖွဲ့က သက်ကြီးရွယ်အို အမျိုးသမီး နှစ်ဦးကို ပစ်သတ်သည့် အခါ အုံကြွှမှုမှာ မြို့တော်တူနစ် သို့ပါ ကူးစက် သွားသည်။

ဇန်န၀ါရီ လ ၄ ရက်နေ့တွင် တူနီးရှား ရှေ့နေများ ကောင်စီ၊ အတိုက်အခံ ပါတီနှင့် ကျောင်းသားများ က အထွေထွေ သပိတ် တိုက်ပွဲ ဆင်နွှဲရန် ကြေငြာပြီး နောက် မြို့တော် တူနစ် တွင် ပြည်သူများက လမ်းပေါ် ထွက်၍ ဆန္ဒပြကြသည်။

တူနစ် အပါအ၀င် တူနီရှား နိုင်ငံ တစ်ခု လုံး ဘင်အလီ ကို အုံကြွှ တွန်းလှန် ရာတွင် စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပံ့ကူညီမှု များ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်န၀ါရီလ ၁ရက်နေ့ အထိ ဆန္ဒပြသူ ၅၀ ကျော်ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး ထားသည်။ ဆန္ဒပြသူများ ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ် ခဲ့သော်လည်း မြို့တော် တူနီးရှား တွင် နေ့ရော ညပါ ဆက်လက် ဆန္ဒ ပြခဲ့ကြသည်။

ဇန်န၀ါရီလ ၄ ရက်နေ့တွင် တူနီရှား ကွန်ပြုတာ ကျွမ်းကျင်သူများက အစိုးရ ၀ဘ်ဆိုတ် များကို တိုက်ခိုက် မှုများ စတင် ပြုလုပ်ခဲ့သဖြင့် အစိုးရ ၀ဘ်ဆိုတ် လေးဆယ်ကျော် ပိတ်လိုက်ရသည်။

တူနီးရှား ပုဂ္ဂလိက ရုပ်သံ Nessma TV က အစိုးရ အမိန့် ကို ငြင်းဆန်ပြီး ပြည်သူများ ၏ ဆန္ဒပြမှု များကို အချိန်ပြည့် ထုတ်လွှင့် ခဲ့ရာ ဆန္ဒပြမှု မှာပိုမို အားကောင်းလာပြီး ကမ္ဘာ က သိလာခဲ့သည်။

ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်နှင့် တူနီးရှား ဘလောက်များ။

Ref: Freedom News Group

Read More...

Monday, January 24, 2011

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)

January 14, 2011

Tunisia Uprising Episode N0 1. (Must Read)

-သမ္မတဘင်အလီက သမ္မသက်တမ်း ကုန်ဆုံးချိန်တွင် ပြန်လည်အရွေးခံမည် မဟုတ်ဟုဆို

-စားသောက်ကုန်များကို ဈေးလျှော့ပေးပြီး၊ သတင်းလွတ်လပ်ခွင့်ကို ပြန်လည် ဖော်ဆောင်ပေး

-တူနီးရှား ပြည်သူများ နိုင်ငံအနှံ့ အုံကြွှ မှု စတင်

-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများက အုံကြွမှုကို ပိုမို အရှိန် မြှင့်တင်ပေး

-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး

-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ

အယ်(လ)ဂျီးရီယား နဲ့လစ်ဗျား နိုင်ငံ ကြားက နိုင်ငံငယ်လေး တစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေမှာ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသွား တွေကို တခြား မြောက်အာဖရိက နိုင်ငံတွေ လိုပဲ ဆွဲဆောင် ထားနိုင်ပါတယ်။

နိုင်ငံရဲ့မြို့တော် တူနစ်ကနေ မော်တော်နဲ့ မြေထဲပင်လယ်ကို ဖြတ်သန်း သွားရင် ဆယ်နာရီလောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်းတစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံ ကမ်းခြေကို ရောက်ရှိပါတယ်။

တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီက အာဏာရှင် ဆန်ဆန် အုပ်ချုပ် လာခဲ့ပါတယ်။

တူနီးရှား နိုင်ငံကို ပြင်သစ် တို့အုပ်ချုပ် စဉ်မှာ စစ်ထဲ ၀င်ပြီး တော်လှန်ရေး လုပ်ခဲ့တဲ့ ဘင်အလီ ဟာ ၁၉၈၇ နိုဝင်ဘာ ၇ ရက် မှာ အနောက်တိုင်း ဆန်ဆန် ပြုပြင် ပြောင်းလဲမှုကို လိုလားတဲ့ ကျေးဇူးရှင် ဖြစ်သူ သမ္မတ ဟာဘစ်ဘော့ ဂီဘာနဲ့ သူ့ရဲ့ သားဖြစ်သူ တူနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ရာထူးက ဖယ်ရှားပြီး အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အတိုက်အခံ တွေကို ထောင်သွင်း အကျဉ်းချမှုတွေ ရှိလားပြီး သတင်းထောက် တွေ၊ ဘလောက်ဂါတွေ ကို ဖမ်းဆီး အပြစ်ပေးကာ ပိုမို နှိပ်ကွပ် လာခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရ နေရာတွေတိုင်းမှာ သူ့ရဲ့ ဓာတ်ပုံ ပိုစတာကြီးတွေ ချိတ်ဆွဲ ထားတဲ့ ဘင်အလီဟာ သူ့ရဲ့ ၂၃ နှစ်တာ အာဏာ ချုပ်ကိုင်ထားတဲ့ သက်တမ်း အတွင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ နှောင်းပိုင်းက စလို့ နိုင်ငံ အတွင်းမှာ မငြိမ် သက်မှုတွေ စတင်ခဲ့ပါတယ်။

အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်ဘွဲ့ရ မိုဟာမက် ဘူဇာဇီ ရဲ့ လမ်းဘေးမှာ ရောင်းတဲ့ သစ်သီး ဗန်းကို အာဏာပိုင်တွေက ခွင့်ပြုချက် ယူပြီး မရောင်းလို့ဆိုပြီး အကြောင်းပြကာ သိမ်းဆည်း ခဲ့ပါတယ်။ တစ်နေ့စာ တစ်နေ့ရင်းပြီး ၀မ်းစာ ရှာရတဲ့ ဘွဲ့ရ ကျောင်းသား ဘူဇာဇီ က သူ့ရဲ့ သစ်သီးဗန်း အသိမ်းခံရပြီး နောက်မှာတော့ ဆန္ဒပြတဲ့ အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မြို့တော် အုပ်ချုပ်ရေးရုံး အရှေ့မှာ သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြ ခဲ့ရာကနေ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆီဒီဘိုရ်ဇဒ် မှာ လူ ၁၀၀ ကျော်လောက်နဲ့ စတင် ဆန္ဒပြကြတာမှာ အခုလို မငြိမ်မသက် မှုတွေ ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို မငြိမ်မသက် မှု တွေဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မြို့တော် တူးနစ်ကို ကူးစက်ခဲ့ပြီး ဘင်အလီက စစ်တပ်၊ ရဲ တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့ပါတယ်။ ရက် နှစ်ဆယ်ကျော် ဆန္ဒပြမှုမှာ အစိုးရက သေဆုံး သူ ၂၃ ဦး ရှိတယ်လို့ ဆိုပြီး တက္ကသိုလ် ကျောင်း သားတွေက လေးဆယ် ကျော်တယ်လို့ ဆိုပါတယ်။ နိုင်ငံတ၀ှမ်းမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန် ခဲ့ပေမယ့် ဆန္ဒပြမှုတွေ ဆက်လက် အားကောင်း လာတာကြောင့် ………..

ဓာတ်ပုံများ — အယ်(လ)ဂျာဇီးယား၊ အေအက်(ဖ)ပီ၊ ဂါးဒီးယန်း


Ref: Freedom News Group

Read More...

အပေါ်သို့