2012-10-14
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပထမဆုံးအကြိမ် ညီလာခံကို နေပြည်တော် ဒက္ခိဏသီရမြို့နယ်ကပါတီ ရုံးချုပ်မှာ ကိုယ်စားလှယ် ၈၀၀ ကျော် တက်ရောက်ပြီး ဒီကနေ့ စတင် ကျင်းပခဲ့ပါတယ်။ ဒုတိယဥက္ကဌ အဖြစ် တာဝန်ယူထားဆဲ ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက အခုလို မိန့်ခွန်းပြောကြား ခဲ့ပါတယ်။
(၁)ပါတီတစ်ခုရဲ့ အမြင့်ဆုံးညီလာခံ ဖြစ်သော ပါတီညီလာခံကို ကျင်းပပြီး၊ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းအား အတည်ပြု ပြဌာန်းရန်၊(၂)ပါတီအား ပြန်လည် ဖွဲ့စည်းရာတွင် အသွင်သဏ္ဍာန်ကော၊ အနှစ်သာရပါ ပြည့်စုံတဲ့ ပြည်သူ့ပါတီ အဖြစ် ဖွဲ့စည်းပြီး၊ ပါတီတွင်း ဒီမိုကရေစီကို စနစ်တကျ ကျင့်သုံးခြင်းနဲ့ နိုင်ငံတော် တိုးတက် ဖွံဖြိုးစေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါတီထု တစ်ရပ်လုံးမှ တက်ကြွစွာ ပါဝင်ရန်၊ (၃)ပြည်သူ့ ပါတီသည်ပြည်သူ အကျိုး၊ နိုင်ငံ့အကျိုး အတွက် ဖြစ်ထွန်းစေတဲ့ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်တို့ကို ဤပါတီညီလာခံကြီးမှ ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်သွားရန်တို့ ဖြစ်ပါတယ်။
ညီလာခံကို အောက်တိုဘာ ၁၄ ရက်ကနေ ၁၇ ရက်နေ့အထိ လေးရက်ကြာ ကျင်းပမှာ ဖြစ်ပြီး၊ဒီကနေ့ ကျင်းပတဲ့ ညီလာခံ ပထမ ရက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေ တက်ရောက် ခဲ့ပါတယ်။
ညီလာခံပထမရက်မှာ ဒေသအသီးသီးက တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင် ထားတာတွေကို အဓိက တင်ပြခဲ့တယ်လို့ သိရပါတယ်။
Ref: RFA News
Monday, October 15, 2012
ပြည်ခိုင်ဖြိုးပါတီ ပြန်လည်ဖွဲ့စည်းရန် ပထမအကြိမ် ညီလာခံ စတင် ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment