ဒီဇင်ဘာ ၂၇၊၂၀၀၉။
ကောင်းဝါ(နိုဝင်ဘာ- ၂၇)။ ။ အမှတ်(၄၀၇)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တင်မောင်မောင် ဒုတပ်ရင်းမှူး အောင်ကျော်မိုး ဦးစီးသော နအဖ စစ်ကြောင်းသည် ဒီဇင်ဘာ(၂၆)ရက်နေ့ နံက်ပိုင်းတွင် ဘုရားသုံးဆူမြို့ နယ်အတွင်းသို့ ရောက်လာသည်ဟု ဒေသခံ ရွာသားတစ်ဦးမှ ပြောပါသည်။
၎င်းခမရ(၄၀၇) ရည်ရွယ်ချက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း ကျေးရွာတွင်အခြေချသော စစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချ တပ်ရင်းအတွက် ရိက္ခာ ပို့ဆောင်ရန်နှင့် ဘုရားသုံးဆူ၊ သံဖြူဇရပ် မော်တော်ကားလမ်း လုံခြုံရေးယူရန် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တပ်ရိက္ခာများကို သယ်ယူပို့ဆောင်ရန်အတွက် ဘုရားသုံးဆူလမ်း တလျှောက်တွင် ပြေးလွှားနေသော မော်တော်ကားများကို အတင်းအဓမ္မ ချောဆွဲနေသည်ဟု ကျေးရွာ ရယက တစ်ဦးမှ ကောင်းဝါ သတင်းဌာနသို့ ပြောဆို ခဲ့ပါသည်။ တချို့ ကားသမားများမှာ မိမိတို့ ကားချောဆွဲခြင်းမှ လွတ်ကင်းအောင် ကားငယ်များကို ၂၅၀၀ ကျပ်၊ ကားကြီးများမှာ ကျပ် ၂ သိန်းခွဲခန့် သံဖြူဇရပ်မြို့နယ် ဝါဂလီတပ်နယ်မှူးကို ပေးဆောင်ပြီး သော်လည်း ထပ်မံ ချောဆွဲခံနေရသည်ဟု ကားသမားတစ်ဦးမှ ပြောပါသည်။
အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း (၃၀၀၀) ကျော်ကို အနန်းကွင်း ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချ တပ်ရင်းသို့ သယ်ဆောင် ပေးရသည်ဟု ဆိုသည်။ လမ်းကြော တလျှောက်တွင် KNU တပ်ဖွဲ့များမှ ဆန်အိတ်များကို သိမ်းဆည်းခဲ့သဖြင့် ထိုကျသင့်သော ဆန်တန်ဘိုးများကို ကားသမားများမှ အစားထိုး ပေးလျှော် ရသောကြောင့် ၄င်းတို့အတွက် ထပ်ဆင့် နစ်နာနေကြောင်း ပြောဆိုခဲ့ပါသည်။
စစ်တပ်နှင့်နီးစပ်သူတစ်ဦး၏ အဆိုအရ တပ်ရိက္ခာ စုဆောင်းပြီးလျှင် ကေအာန်ယူ တပ်မဟာ (၆) ဒေသကို ထိုးစစ် ဆင်လာနိုင်သည်ဟု ဆိုသည်။ ယခုအခါ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင် သောခမရ (၂၈၄) တပ်ရင်းသည် ဘုရားသုံးဆူမြို့သို့ တပ်ချိန်းရန် တက်လာပြီးဟု ကြာအင်းဆိပ်ကြီးမြို့ နယ် ကျေးရွာ ရယက တစ်ဦးမှ ပြောပါသည်။
Ref: ကောင်းဝါ
Sunday, December 27, 2009
နအဖတပ်ရင်းမှ တပ်ရိက္ခာကို တင်ပို့ရန် မော်တော်ကားများကိုအတင်း ချောဆွဲနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment