NEJ / ၁ ဇူလိုင် ၂၀၀၉
စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ တရားမ၀င် တင်ဆောင် လာသည်ဟု သံသယ ဖြစ်ပွားခံရသည့် Kang Nam ကုန်တင် သင်္ဘောသည် မူလ လာရင်းလမ်းကြောင်း ပြောင်းပြီး မြောက်ကိုရီးယား နိုင်ငံဘက်သို့ ပြန်လည် ဦးတည် ခုတ်မောင်း နေပုံရကြောင်း သံတမန် သတင်းရပ်ကွက်များကို ကိုးကားပြီး ယနေ့ထုတ် တောင်ကိုရီးယား သတင်းစာ Korea Herald တွင် ဖော်ပြသည်။
ယင်းသို့ သင်္ဘော နောက်ကြောင်းပြန်လှည့်နေသည့် သတင်းကို အမေရိကန် ပင်တာဂွန် အရာရှိ တဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ပါရှိကြောင်းလည်း ဖော်ပြထားသည်။
Kang Nam သင်္ဘောသည် သံသယဖြစ်ဖွယ် လက်နက်များ တင်ဆောင်ကာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် သွားနေပုံရကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြခဲ့သည်။
အကယ်၍ Kang Nam သင်္ဘော နောက်ကြောင်း ပြန်လှည့်သည် ဆိုသည့် အချက် မှန်ကန်ပါက မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တားမြစ်ချက်များ သက်ရောက်မှု ရှိသည်ကို ပြသခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူများက ပြောသည်။
ယင်းသို့ မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နေသည် ဆိုပါက ကုလသမဂ္ဂ၏ တားမြစ် ပြဋ္ဌာန်းချက် ၁၈၇၄ သည် သက်ရောက်မှု ရှိလာပြီဖြစ်ကြောင်း ကိုရီးယားသိပ္ပံ ကာကွယ်ရေး ဆိုင်ရာ သုံးသပ်မှုဌာနမှ ကျွမ်းကျင်သူ ကင်တေ၀ူးက ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖြည့်စွက်ပြဋ္ဌာန်းချက် ၁၈၇၄ တွင် တရားမ၀င် လက်နက်နှင့် ဆက်စပ် ပစ္စည်းများ သယ်ဆောင်သည်ဟု သံသယရှိခြင်း ခံရသည့် မြောက်ကိုရီးယား သင်္ဘောများကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရှာဖွေခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်ကို ပြီးခဲ့သည့် မေလတွင် မြောက်ကိုရီးယားက အနုမြူဗုံး စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းချက် အသစ် ချမှတ်လိုက်ပြီးသည့် နောက် Kang Nam မြောက်ကိုရီးယား သင်္ဘောသည် နိုင်ငံတကာ၏ စောင့်ကြည့် စိစစ်ခြင်းခံရသည့် ပထမဆုံး သင်္ဘောဖြစ်သည်။
ပြီးခဲ့သည့် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယား ဆိပ်ကမ်း Nampo သင်္ဘောဆိပ်မှ ထွက်ခွာခဲ့သည့် အဆိုပါ သင်္ဘောသည် ဒုံးလက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အပါအ၀င် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများက ယူဆထားကြပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံ လိုက်နေခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရကမူ ပြည်ပသတင်းဌာနများက ထုတ်လွှင့်လျက် ရှိသည့် Kang Nam ကုန်တင် သင်္ဘောနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းတစုံတရာ ရရှိခြင်း မရှိကြောင်း ကြေညာခဲ့သည်။
အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနိုင်ငံ သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် ရှိသည်ဟုလည်း သတင်းများ ပေါ်ထွက်ခ့ သည်။
Ref: ခေတ်ပြိုင်
Thursday, July 2, 2009
မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နိုင်ဟု သတင်းများထွက်ပေါ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment