..............................

Thursday, March 26, 2009

၂၀၁၀ရွေးကောက်ပွဲနှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်း ၏ အမြင်

Tuesday, March 24, 2009

မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသော အချက်များ
ရေးသားသူ - ကျော်ဝင်း၊ ဘာသာပြန်သူ - ကျော်လင်းဦး
(ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်နိုင်ရန် Freedom News Group ဘလော့မှ ကူးယူဖော်ပြသည်)

က။ လက်ရှိအခြေအနေ

လက်ရှိအခြေအနေအောက်မှာ ...

၁။ အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ နိုင်ငံရေး အရ ရှေ့ မတိုးနိုင်ဘဲ သေနေတဲ့ အနေအထားကို ရင် ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ ရေရှည်မှာ တရားဝင် ရပ်တည်ဖို့ ဆိုရင် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀င်ရုံမှတပါး အခြားမရှိပါ။

၂။ စစ်အုပ်စုလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါက ဘာလဲဆိုရင် ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှုဟာ အတိုက်အခံ အုပ်စု အထူးသဖြင့် NLD ပါတီ ရွေးကောက်ပွဲဝင် မ၀င်ဆိုတဲ့ အပေါ်မှာ တည်မှီနေလို့ပါ။ ဒါပေမယ့် NLD ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အုပ်စုကတော့ သူတို့ ဆုံးဖြတ်ထားတဲ့ အတိုင်း သူတို့ရဲ့ လမ်းပြမြေပုံကို ဆက်ပြီး အကောင်အထည် ဖေါ်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဟာဗျူဟာဆိုင်ရာ ပြ ဿနာ မဟုတ်ဘဲ၊ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာ ဆိုတာ မ ဟာဗျူဟာမြောက် လိုအပ်ချက်ရဲ့ လက်အောက်ခံ အဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာ က ကျင့်ဝတ် သိက္ခာထက် ပိုအခရာ ကျပါတယ်။

၃။ အနောက်က ပံ့ပိုးပေးနေတဲ့ မြန်မာ့ဒီမိုကရေစီရေး အပေါ် ထောက်ခံမှု ဟာလည်း လျှော့ကြိုး ကုန်ချိန်ကို ရောက်နေပါပြီ။ အဲဒီအကန့်အသတ်ကိုကျော်ပြီး နောက်ထပ် လုပ်စရာ တနည်းသာ ကျန်ပါတော့တယ်။ အဲဒါကတော့ နီယိုကွန်များရဲ့ နည်းနာအတိုင်း စစ်ရေးအရ အရေးယူဖို့ ပါပဲ။ ဒါပေမယ့် ဒါဟာလည်း အီရတ်မှာ မအောင် မြင်တဲ့ ပေါ်လစီ ဖြစ်နေပါတယ်။

အထက်မှာဖေါ်ပြခဲ့တဲ့ လက်ရှိအခြေအနေတွေကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အဲဒါတွေက အမှန် တရားတွေပါပဲ။ နိုင်ငံရေးဆိုတာ အမှန်တရားကို အခြေခံရတဲ့ ကစားနည်း တမျိုးပါ။

ခ။ အနေအထားများ

၁။ စစ်တပ်ရဲ့အခန်းကဏ္ဍ

၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်တခုလုံးကို သိမ်းပိုက် ထားခဲ့ပါတယ်။ စစ်တပ်ကို နိုင်ငံရေး အင်အားစု အဖြစ်ကနေ စစ်တပ်သက်သက် အင်အားစု အဖြစ် ပြောင်းလဲဖို့ဟာ ဒီမိုရရေစီးရေး လှုပ်ရှားမှု တခုလုံးရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရေတိုမှာ လုပ်လို့ဖြစ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါဟာ ကာလတကန့်ထိ သွားရမယ့် လုပ်ငန်းစဉ် ဖြစ်သလို သတ္တိရှိဖို့ တင်မက စိတ်ရှည် သည်းခံနိုင်ဖို့လည်း လိုပါတယ်။ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက် မပြည့်မြောက် သေးခင်ကာလမှာ ပြုပြင်ပြောင်းလဲရေး ကြားကာလ တရပ်ကို ဖြတ်သန်း ရဦးမှာပါ။ အဲဒီကာလမှာ ကျနော်တို့ ဟာ မလွှဲ မရှောင်သာဘဲ စစ်တပ်နဲ့ လက်တွဲပြီး လုပ်ဆောင်သွားရမယ့် အနေအထား ရှိပါတယ်။

၂။ လူလတ်တန်းစားတို့၏ အခန်းကဏ္ဍ

ခေတ်မီတိုးတက်ရေးအတွက် မြန်မာအပါအ၀င် အရှေ့တိုင်းမှာ သွားတဲ့ လမ်းဟာ အနောက်နဲ့ အလွန် ကွာခြားပါတယ်။ အနောက်မှာ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်က ဖြစ်ခဲ့တဲ့ စက်မှု တော်လှန်ရေးလို၊ ဉာဏ် အလင်းသစ် လှုပ်ရှားမှုလို အဖြစ်အပျက်မျိုး မြန်မာပြည်မှာ မပေါ်ပေါက်ခဲ့ ဖူးပါဘူး။ မြန်မာပြည်မှာ ခေတ်မီ တိုးတက်တဲ့ လူမှုပုံစံဟာ အနောက်တိုင်း ကိုလိုနီဝါဒ ကနေ တဆင့် ပေါ်ပေါက်လာတာမျိုးပါ။ ဒါကြောင့် မြန်မာပြည်က စီးပွားရေးသမား လူလတ် တန်းစားတွေဟာ အနောက်မှာလို လွတ်လပ်တဲ့ လူမှု အင်အားစု တရပ် ဖြစ်မလာခဲ့ပါဘူး။ သူတို့ဟာ အုပ်ချုပ်သူ လူတန်းစားကိုသာ မှီခိုခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်းမှတော့ စစ်တပ်ကို မှီခို ခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အတွက် ဒီလူတန်းစား အပေါ် အားထားလို့ မရပါဘူး။ မြန်မာ ပြည်မှာ နိုင်ငံရေးအရ အတက်ကြွဆုံး လူတန်းစားကတော့ ပညာတတ် လူလတ်တန်းစားပဲ ဖြစ်ပါတယ်။

၃။ ဒီမိုကရက်တစ်အင်အားစုများ၏ ရင့်ကျက်မှု

ဒါပေမယ့် ပညာတတ်လူတန်းစားအပါအ၀င် ဒီမိုကရက်တစ် အင်အားစုများရဲ့ ရင့်ကျက်မှု ကတော့ သိပ်မကောင်း လှပါဘူး။ ၁၉၆၂ ကတည်းက နှစ်ပေါင်း ၅၀ လောက် နိုင်ငံရေးအရ မျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေမှာ နေခဲ့ရတာကြောင့် မြန်မာလူထု(သာမန်ရိုးရိုး လူထုနဲ့ ပါတီဝင်များ အပါအ၀င်)ရဲ့ ဒီမိုကရေစီရေး ဆိုင်ရာ ဗဟု သုတတွေဟာ အားနည်းလှပါတယ်။ ဒါ့အပြင် မာ့စ်ဝါဒလို အစွန်းရောက် အတွေးအခေါ်များရဲ့ လွှမ်းမိုးမှုဟာ နိုင်ငံရေးနဲ့ စာပေ အသိုင်းအ၀ိုင်းမှာ သိပ်ကြီးမားတာကြောင့် လူထု အုံကြွမှုတိုင်းဟာ အစွန်းရောက် သွားရပြီး အာဏာရှင်တို့က အမြစ်ပြတ် ချေမှုန်းရင် ချေမှုန်း၊ ဒါမှမဟုတ်ရင် အကြမ်းဖက် တော်လှန်တဲ့အတွက် ပြည်တွင်းစစ်ကို ဦးတည် သွားစေပါတယ်။ ဒီလိုဖြစ်ရပ်တိုင်းဟာ မမျှော်လင့်ဘဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင် ပေးနေပါတယ်။

၎။ အဖွဲ့အစည်းများ၏ အားနည်းချက်များ

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အရပ်သား အုပ်ချုပ်ရေးကို ရပ်ဆိုင်း လိုက်ပါတယ်။ စစ်အစိုးရဟာ တပါတီ စနစ်ကို အသက်သွင်းခြင်း အားဖြင့် စစ်တပ်ရဲ့ အာဏာကို စုစည်း လိုက်နိုင်ပါတယ်။ အဲဒီ ကတည်းက နိုင်ငံရေး စနစ်မှာ ထိန်းညှိ စောင့်ကြပ်ပေးမယ့် ဒီမိုကရက်တစ် အဖွဲ့အစည်းတွေ မထွန်းကား တော့ပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှု အပြီးမှာ နိုင်ငံရေးပါတီ တော်တော်များများ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် NLD အပါအ၀င် အားလုံးဟာ အင်အားတောင့်တင်းတဲ့ နိုင်ငံရေး အင်အားစုတရပ် အဖြစ် စုဖွဲ့လာအောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစိုးရ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီတွေပဲ ဖြစ်ဖြစ် အားနည်းနေတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်လို့ ပြောရင်ရနိုင်ပါတယ်။

၅။ လူထုအခြေပြုအဖွဲ့အစည်းများ၏ အားနည်းချက်များ

မြန်မာပြည်မှာ ရိုးရာအစဉ်အလာအားဖြင့် လူထုအခြေပြုတဲ့ အဖွဲ့အစည်းများ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ အစည်း အားလုံးဟာ ဘာသာရေးကို အခြေခံတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေပြီး ခေတ်မီ ဒီမိုကရေစီ သဘောတရား တွေနဲ့ မနီးစပ်ခဲ့ပါဘူး။ ၂၀ ရာစု အကုန်ပိုင်းနဲ့ ၂၁ ရာစု အစောပိုင်းလောက်မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ နဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုပြီး လူထုအခြေပြု အဖွဲ့အစည်း ပုံစံသစ်တမျိုး ပေါ်ပေါက်လာ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အဖွဲ့အစည်းတွေဟာ စနစ်တကျ စုစည်းနိုင်တဲ့ အင်အားမရှိဘဲ သိက္ခာပိုင်းနဲ့ နိုင်ငံရေးပုံ သဏ္ဍာန် လျော့နည်းတာကြောင့် စီးပွားရေး အဖွဲ့အစည်း၊ ဒါမှမဟုတ် စီးပွားရေးတပိုင်း အဖွဲ့အစည်းတွေ အဖြစ် လျော့ကျ သွားပါတော့တယ်။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲဒီလို သမိုင်းကြောင်း နောက်ခံ အချက်အလက်တွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်ရည်တရပ်လို ဖြစ်နေပါပြီ။

ဂ။ နိုင်ငံရေး ပုံသဏ္ဍန်ကားချပ်

ဒီအခြေအနေအောက်မှာ ဘာများလုပ်နိုင်မလဲ။ ဒီမေးခွန်းကိုဖြေဖို့ရာ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုများ ဘက် ၂ ဘက်လုံးရဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ကို လေ့လာဖို့ လိုပါလိမ့်မယ်။

စစ်တပ်ဖက်

န၀တ နောက်ပိုင်းအခေါ် နအဖက အောင်မြင်စွာပြောဆိုနေတာ ကတော့ သူတို့ဟာ အာဏာ သိမ်းပြီး တက်လာတဲ့ အစိုးရ ဖြစ်တယ် ဆိုတာပါပဲ။ ဒါက ၁၉၆၂ တုန်းက ဗိုလ်ချုပ် နေ၀င်း အာဏာသိမ်းခဲ့တဲ့ အနေအထားနဲ့ လက်ရှိ နအဖတို့ရဲ့ ကွာခြားချက်ပါပဲ။ တကယ်တမ်း သဘာဝအားဖြင့် လက်ရှိ စစ်ဗိုလ်ချုပ်များရဲ့ အနေအထားဟာ အပြောင်းအလဲ ကြားကာလမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ အကယ်၍များ တတ်နိုင်ရင် သူတို့ အာဏာကို ဆက်လက် မြဲနေဖို့အတွက် ဒီမိုကရေစီ အပြောင်းအလဲကို မသွားချင်ပါဘူး။ ဒါပေမယ့် ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် ဒီမိုကရေစီ အပြောင်းအလဲဟာ ရှောင်လွှဲလို့ မရဘူးဆိုတာ သူတို့ နားလည်ထားပါတယ်။ သူတို့ရဲ့ အချက် (၇) ချက်ပါတဲ့ လမ်းပြမြေပုံဟာ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်ကို ရောင်ပြန်ဟပ်ပါတယ်။ သူတို့ရဲ့ မူလ ရည်ရွယ်ချက်ဟာ အချိန်ကို တတ်နိုင်သလောက် စွဲဆန့်ဖို့ ဖြစ်ပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းကြောင့် လမ်းမြမြေပုံကို တက်သုတ်ရိုက် အကောင်အထည် ဖေါ်နေရပြီး လတ်တလော အခြေအနေကို ရောက်နေတာပါ။

ဒီအမြင်အရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ စက်တင်ဘာ လှုပ်ရှားမှုရဲ့ရလဒ် တခုဖြစ်ပြီး ကျနော်တို့ ဒါကို လစ်လျူရှုလို့ မဖြစ်ပါဘူး။ နအဖရဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို လက်ရှိ အခြေခံ ဥပဒေကို အသုံးချပြီး ကာကွယ်ဖို့ ဖြစ်ပေမယ့် ၁၉၈၈ ခုကတည်းကစရင် ပထမဆုံးအကြိမ် ဒီမိုကရေစီ အင်အားစုတွေကို ခွင့်ပြုရမှာပါ။ အခွင့်အရေးဟာ ဘယ်လောက်ပဲ ကျဉ်းမြောင်းသည် ဖြစ်ပစေ၊ ကျနော်တို့ ဒါကို ဂရုတစိုက်နဲ့ အသုံးချသင့် ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒါမှလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့လို့ပါ။

နအဖအလိုကျ အုပ်စုတွေလည်း ဒီရွေးကောက်ပွဲမှာ သေချာပေါက်ပါမှာပါ။

ဒီမိုကရေစီအင်အားစုများဘက်

သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ပေါ် မူတည်ပြီး အုပ်စုလေးစု ကွဲသွား နိုင်ပါတယ်။ သူတို့အားလုံးက ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ပေမယ့် သူတို့ရဲ့ အတွေးအခေါ် ကွားသွား တာနဲ့အမျှ ရလဒ်တွေကလည်း ကွာခြားသွားမှာပါ။

၁။ ပထမအုပ်စု

ဒီအုပ်စုဟာ အတိုက်အခံလှုပ်ရှားမှုရဲ့ ခေါင်းမာသမားတွေကို ကိုယ်စား ပြုပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ ကိုလည်း ငြင်းဆန် ပါလိမ့်မယ်။ အများအားဖြင့် ပြည်ပရောက် အင်အားစု များသာ ဖြစ်ပါတယ်။ (ကျနော့်အထင် သူတို့မှာ သူတို့ကိုယ်ပိုင် အကျိုးစီးပွား ရှိပုံရပါတယ်။) NLD ခေါင်းဆောင် အချို့လည်း ဒီအုပ်စုမှာ ပါဝင်ပါတယ်။

၂။ ဒုတိယအုပ်စု

သူတို့ဟာလည်း ခေါင်းမာသမားတွေဖြစ်ပေမယ့် လာမယ့် ရွေးကောက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက် တွေ့မယ့် အဆင့်တရပ် အနေနဲ့ သဘောထားပုံ ရပါတယ်။ သူတို့ရဲ့ အမြင်အရ လာမယ့် ရွေးကောက်ပွဲဟာ ပဋိပက္ခ ပိုမိုကြီးထွား စေမယ့် နည်းဗျူဟာဆိုင်ရာ ကစားကွင်း တရပ်သာ ဖြစ်ပါတယ်။ NLD ခေါင်းဆောင် တချို့နဲ့ ဗကပတို့ဟာ ဒီအမျိုးအစားထဲမှာ ရှိပါတယ်။

ကျနော့်အထင်အရ ဒီအုပ်စုနှစ်စုရဲ့ ရလဒ်ဟာ တမျိုးတည်း ဖြစ်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားစေမယ့် အကြမ်းဖက် တော်လှန်ရေး နည်းလမ်းသာ ဖြစ်ပါတယ်။

၃။ တတိယအုပ်စု

ဒီအုပ်စုမှာတော့ အလယ်အလတ်ကျတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ပြီးတော့ တတိယ အင်အားစုလို့ လူသိ များပါတယ်။ သူတို့ဟာ လာမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာအရ ရှုမြင်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ တဆင့် လက်ရှိ နိုင်ငံရေး သေနေတဲ့ အနေအထားကို ထိုးဖောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက် လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ သူတို့က စစ်တပ်နဲ့ ဘုံရပ်တည်ချက် ရှာလိုသူတွေ ဖြစ်ပြီး (အဲဒီရပ်တည်ချက်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ကောင်းဖြစ်မယ်။) အဲဒီ ရပ်တည်ချက်ကနေ တဆင့် အချင်းချင်း နားလည် ယုံကြည်မှုကို တည်ဆောက်ကာ နိုင်ငံအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဘက်ကို ဦးတည်သွားမယ်လို့ ယုံကြည်သူ တွေပါ။ ကျနော့်အမြင်အရ သူတို့ရဲ့ အယူအဆဟာ အနာဂတ် ဒီမိုကရေစီ အရေးအတွက် အဖြစ်နိုင်ဆုံး ရေစီးကြောင်း တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီ အင်အားစုတွေ ကြားမှာ အားအနည်း ဆုံးအုပ်စု ဖြစ်နေပါတယ်။ သူတို့ဟာ အခုအထိ နိုင်ငံရေး အင်အားစု တရပ်အဖြစ် မဖွဲ့စည်း မရပ်တည် သေးပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မကြာခင်မှာ နိုင်ငံရေး စင်မြင့်တခုကို တည်ဆောက် လာနိုင်ပါတယ်။

၎။ စတုတ္ထအုပ်စု

ဒီအုပ်စုမှာတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းအုပ်စုတွေ ပါပါတယ်။ သူတို့ အားလုံး နီးပါးဟာ လက်ရှိ ရွေးကောက်ပွဲ နည်းလမ်းကို အသုံးချပြီး သူတို့ရဲ့ တရားဝင်မှု ပြဿနာကို ဖြေရှင်း ပါလိမ့်မယ်။ သူတို့ဟာ တတိယ အုပ်စုအတွက် အရေးပါတဲ့ မဟာမိတ် တွေလည်း ဖြစ်လာပါလိမ့်မယ်။

နိဂုံး

တကယ်တမ်းအားဖြင့် နအဖရဲ့ လမ်းပြမြေပုံဟာ ရှောင်လွှဲလို့ မရတဲ့ ကိစ္စပါ။ စစ်တပ်ဟာ သူတို့ရဲ့ လမ်းပြ မြေပုံကို ပစ်ချပြီး အတိုက်အခံနဲ့ ပြေလည်ဖို့ တခြား နည်းလမ်းကို စဉ်းစားမှာ မဟုတ်ပါဘူး။ မည်သည့် နိုင်ငံရေးရလဒ် မဆို စစ်တပ်က ဦးဆောင်တဲ့ အပြောင်းအလဲ ကြားကာလ ဖြစ်စဉ်အတိုင်း သွားမှာပါ။ ဒီဖြစ်စဉ်ကို ဆန့််ကျင်တာဟာ နိုင်ငံရေး အရှိတရားကို ဆန့်ကျင်တာပါပဲ။ စစ်တပ်မပါတဲ့ ဒီမိုကရေစီ ခရီးလမ်းကို ဆက်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေကို ရှာဖွေရတဲ့ အနုပညာ တရပ်ပါ။ မြန်မာ့ နိုင်ငံရေးမှာ အရေးကြီးတဲ့ အချက်ကတော့ အရှိတရားနဲ့ ပေါင်းစပ်ပြီး ဖြစ်နိုင်ချေကို ဓမ္မဓိဋ္ဌာန် ကျကျ စဉ်းစား ရွေးချယ်ဖို့ပါပဲ။

မှတ်ချက် ။ ။ ဤဘာသာပြန်ဆောင်းပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom News Group ၏ အာဘော်မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် ဆင်ခြင်သုံးသပ်နိုင်ရန်ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော မူရင်းဖိုင်အား ဖတ်လိုပါက ဤနေရာတွင် ဒေါင်းပါ

“မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချက်များ” စာတမ်းကို ရေးသား ပြုစုသူမှာ ၂၀၀၀ပြည့်နှစ်က နိုင်ငံ၏ စီးပွားရေး အမည်ရှိ နာမည်ကျော် ပွဲဦးထွက်စာအုပ်ကို ထုတ်ဝေခဲ့သည့် နိုင်ငံတကာ အတွေးအမြင် အယူအဆ များကို မြန်မာပြည်သူများနှင့် မိတ်ဆက်ပေးနေသည့် စာရေးဆရာ ကျော်ဝင်း ဖြစ်သည်။

ဘာသာပြန်သူမှာ ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူ ဦးကျော်လင်းဦး ဖြစ်သည်။ ဦးကျော်လင်းဦးသည် ၁၉၉၈ ပြည်သူ့ လွှတ်တော်ခေါ်ယူရေး အတွက် ကျောင်းသားများ၏ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။ လှုပ်ရှားမှုများအတွင်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးမှုမှ ထွက်ပြေး တိမ်းရှောင်နေစဉ် မြန်မာ့ စာနယ်ဇင်းများ၌ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့ပြီး ဦးကျော်ဝင်း စတင်တည်ထောင်သော စံပယ်ဖြူ မဂ္ဂဇင်း၌လည်း ရေးသားခဲ့သူ ဖြစ်သည်။

ကျော်ဝင်း၏ အတ္ထုပ္ပတ္တိ (၁၉၅၂ - )
(www.myanmarbookshop.com မှ ကူးယူဖော်ပြသည်)

၁၉၅၂ - ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ အဘ - ဦးဘစိန်၊ အမိ - ဒေါ်အုန်းစိန် တို့က မွေးဖွားသည်။ မွေးချင်း ၇ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်း မောင်ကျော်ဝင်း ဖြစ်သည်။
၁၉၅၇ - ငယ်စဉ်က မြောက်ရပ်ကြီး မူလတန်း ကျောင်းတွင် စတင် ပညာသင် ကြားခဲ့။
၁၉၆၇ - မုံရွာမြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှ ၁၀ တန်းအောင်။
၁၉၆၈ - ၇၆ - မန္တလေးဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ခဲ့။
၁၉၇၅ - ၇၆ - မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့။
၁၉၆၉ - ကျောင်းသားဘ၀တွင်ပင် ကျူရှင်ဆရာလုပ်ခဲ့။
၁၉၈၅ - ၈၇ - မန္တလေးတက္ကသိုလ် စာပေးစာယူသင်တန်းတို့တွင် ဆက်လက် ပညာသင်ယူခဲ့။
၁၉၈၆ - မကြူကြူမြင့်နှင့် အိမ်ထောင်ပြု (သားသမီး ၃ ဦး ထွန်းကားခဲ့)။
၁၉၉၇ - ဇွန်လထုတ် 'သင့်ဘ၀မဂ္ဂဇင်း'ပါ 'စိန်ခေါ်နေသောဖွံ့ဖြိုး’ဆောင်းပါးဖြင့် စာပေ လောကသို့ စရောက်ခဲ့။ အမည်ရင်း ကျော်ဝင်းအပြင် ၀င်းနောင်၊ လင်းထက်ဇော်၊ စိုးရိမ်၊ မိုးကောင်း စသော နာမည်များဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် လူမှု စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ၊ နိုင်ငံတကာ ရေးရာ ဆောင်းပါးများ၊ ဘာသာပြန်များ ရေးသားလျက်ရှိ။
၂၀၀၀ - ပြည့်နှစ်တွင် မုံရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး စာပေလုပ်ငန်း တခုတည်းသာ လုပ်ကိုင်ခဲ့။
၂၀၀၀ - ဖေဖော်ဝါရီလတွင် ပထမဆုံးလုံးချင်းစာအုပ်'' နိုင်ငံ၏ စီးပွားရေး'' စာအုပ်ထွက်ခဲ့။ ထိုစဉ်မှစ၍ နှစ်စဉ် လုံးချင်းစာအုပ်များ ထွက်ခဲ့။ ''သင့်ဘ၀မဂ္ဂဇင်း'' တွင် အယ်ဒီတာလုပ်။
၂၀၀၁ - ၂၀၀၃ - စံပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာချုပ်။
၂၀၀၁ - ''ထောင်စု၊ ရာစု၊ ဆယ်စုများ''၊ ကမ္ဘာလုံးစီးပွားရေး၊ အဝေးမြင် စာအုပ်များထွက်။
၂၀၀၂ - ဒါဝင်မိတ်ဆက်၊ ကမ္ဘာကြီးရဲ့ မနက်ဖြန်၊ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း စာအုပ်များထွက်။
၂၀၀၃ - ပင့်ကူအိမ် လူ့အဖွဲ့အစည်း၊ သူတို့အက်ဆေး၊ အတောင်ပါသော စကားလုံးများ၊ တော်ဖလာနှင့် စကား စမြည်၊ ၂၁-ရာစု ဒစ်ပလိုမေစီ၊ လူများ ဖြစ်ရပ်များနှင့် တူရှူချက်များ၊ ရေစီးကြောင်းများ ပြောင်းလဲချိန် စသော စာအုပ်များ ထွက်။
၂၀၀၃ - ၂၀၀၄ - ခေတ်ဆန်းဂျာနယ် အယ်ဒီတာချုပ်။
၂၀၀၄ - ၂၀၀၆ - မိုးဂျာနယ် အယ်ဒီတာချုပ်။
၂၀၀၄ - စိန်ခေါ်ကြသူများ၊ ဦးနှောက်မုန်တိုင်းဆင်ခြင်း၊ နှစ်ပေါင်း နှစ်ထောင်က ဘိဇနက် စကား၊ ထောင်စု-ရာစု- ဆယ်စုများ (ဒု-အကြိမ်)၊ ပုံရိပ်-ရှုခင်း-အမှတ်ရချက်နှင့် ခေတ်ရေစီး၊ ပညာရှင်များရဲ့ ၂၁-ရာစု၊ အီရတ်-အလွန်၊ ဘိဇနက် ဂျာနယ်လစ်ဇင်၊ ကောင်းကင်တွင် စင်တင်မည့် ဒရမ်မာသစ်၊ အင်တာဗျူး၊ ဂလိုဘယ်အမြင်- ဂလိုဘယ် လိုက်ဇေးရှင်း၊ ၂၁-ရာစု သားရွှေဥ၊ ခေတ်ပြိုင် ဘောဂဗေဒ၊ ရာဇ၀င် တွင်ရစ်မယ့် စကားဝိုင်းများ၊ အယ် ဒီတာစကား- အယ်ဒီတာ အကြိုက် စာအုပ်များထွက်။
၂၀၀၅ - သူတို့အမြင် သူတို့အပြော၊ ဂျပန်အိပ်မက်၊ နိုင်ငံ၏ စီးပွားရေး (ဒု-အကြိမ်)၊ ကမ္ဘာ့ အစီအစဉ်သစ် ရှာပုံတော်၊ အာရှစီးပွားရေး အနှစ်လေးဆယ်၊ နိုင်ငံ တည်ဆောက်ရေး ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းနှင့်ပန်း၊ ပေါက္ခရ၀ဿမိုး၊ ပလာတိုရဲ့ မြင်းနှစ်ကောင်၊ သစ္စာရှာဖို့ မြင်းစီးသူ၊ အက်ဆေးဆရာရဲ့ ဖြတ်သန်းခြင်း စသော စာအုပ်များ ထွက်။
၂၀၀၆ - ဇွန်လမှစ၍ The Wave မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေလျက်ရှိ။ ''ကမ္ဘာပြားပြီ (၃-တွဲ)'' ထွက်။
၂၀၀၆ ခုနှစ် - အမျိုးသားစာပေ (ဘာသာပြန်သုတ) ဆု ရရှိ။
၂၀၀၇ - ထိ ရေးသားပြီး လုံးချင်းစာအုပ်ပေါင်း ၆၀ ရှိပြီ။
ယခုအခါ အမှတ် ၂၀၊ အခန်း ၂၂၊ ပြည်ရိပ်မွန်အိမ်ရာ၊ ၇ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းတွင် ဇနီး ဒေါ်ကြူကြူမြင့်၊ သမီး ပွင့်သစ်ငြိမ်းချမ်း၊ မျိုးဆက်ငြိမ်းချမ်းနှင့် သား ခွန်းဆက်ငြိမ်းချမ်း တို့နှင့်အတူ နေထိုင်ရင်း စာပေများ ရေးသား ပြုစုလျက်ရှိ။ ဆက်သွယ်ရန် တဆင့်ဖုန်း - ၅၁၄၅၁၇။

ထင်ရှားသည့် စာအုပ်အချို့

၁။ ကမ္ဘာပြားပြီ (၃-တွဲ)
၂။ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း
၃။ ထောင်စုသစ် အိုင်ဒီယာများ
၎။ ပင့်ကူအိမ် လူ့အဖွဲ့အစည်း
၅။ ကမ္ဘာ့အစီအစဉ်သစ်ရှာပုံတော်
၆။ ၂၁ ရာစု သားရွှေဥ
၇။ သစ္စာရှာဖို့ မြင်းစီးသူ
၈။ အတောင်ပါသော စကားလုံးများ
၉။ ဦးနှောက်မုန်တိုင်းဆင်ခြင်း
၁၀။ နှင်းခဲပျော်ချိန် (အာရင်ဘတ်၏ ၀တ္ထု)



Ref: ဒေါက်တာလွမ်းဆွေ

....

Read More...

တဘက်သတ်တွေ့ဆုံ ဆွေးနွေးရေးမလိုလား ဟု SSA ကြေငြာချက်ထုတ်ပြန်

ဗုဒ္ဓဟူးနေ့၊ 25 မတ်လ 2009

နအဖ ဗမာစစ်အစိုးရ နှင့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ဖို့ရန် RCSS/SSA ဘက်မှ အစဉ် တံခါးဖွင့် လက်ကမ်းကြိုဆို သော်လည်း တဘက်သတ် ဆန္ဒဖြင့် ဆွေးနွေးရေးကိုမူ မလိုလားကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA ယနေ့ (၂၅/၃/၀၉) တွင် ကြေငြာချက်ထုတ်ပြန်၏။

[RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်] မတ်ခ်ျ ၂၅ ရက် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ ကြေငြာချက်အရ အဓိက အကြောင်းအရာ ၄ ချက် ပါဝင်သည်။ (၁) လက်ရှိ နိုင်ငံရေး ပြဿနာကို မျှတ မှန်ကန်စွာ ဖြေရှင်းလိုလျှင် ၁၉၄၇ ပင်လုံ သဘောတူညီချက် ဇစ်မြစ်ကို ပြန်ကောက်ရမည်၊ (၂) ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံမူကို အားလုံးပါဝင် ဝေဖန် ပြင်ဆင်ခွင့် ပြုပြီးမှ ရွေးကောက်ပွဲ ကျင်းရမည်။ (၃) ၁၉၉၀ ရွေးကောက်ပွဲ တကယ့် အနိုင်ရပါတီများ ဖြစ်ကြသည့် NLD နှင့် SNLD တို့အား ရွေးကောက်ပွဲ ဆိုင်ရာ ပါဝင် ဆွေးနွေးနိုင်သည့် အခွင့်ထူးများ ပေးရမည်၊ ၎င်းတို့အား ဘေးဖယ်ထားလျှင် အဓိပ္ပါယ် မရှိ၊။ (၄)နိုင်ငံရေး ပြဿနာ မဖြေရှင်းဘဲ မူးယစ်ပြဿနာ ဖြေရှင်း၍ မရ၊ မူးယစ်ဆေးဝါးများ သျှမ်းပြည်မှ ထွက်ရှိသောကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အ၀ ရရှိမှသာ အောင်မြင်အောင် အားလုံး စုပေါင်းပါဝင် ဖြေရှင်းနိုင်မည်။

RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်က -“ ရွေးကောက်ပွဲ ကျင်းပါတယ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ပြုပြင် ပြောင်းလဲဘို့ စစ်အုပ်စုက ၀ါဒဖြန့် ကြွေးကြော်နေပေမဲ့ ဦးဆောင် လုပ်နေသူတွေရဲ့ လမ်းစဉ်က မမှန်ကန်ဘူး။ တဘက်သတ် မဟုတ်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ကော်မရှင်လည်း ရှိရမယ်” ဟု ဆို၏။

“တွေ့ဆုံဆွေးနွေးရေးက နအဖ စစ်အစိုးရဘက် ယိမ်းယိုင်လိုက်လျောရမယ့် ဆွေးနွေးမှု မျိုးတော့ လက်မခံနိုင်ဘူး။ နှစ်ဘက် စလုံး ရဲ့ လိုလားချက် အစစ်အမှန်ကို ဆွေးနွေးညှိနှိုင်း နိုင်ရင် အကောင်းဆုံးဘဲ” - ဟု ဆက်ပြောပြ၏။

သျှမ်းပြည်သည် ဗမာစစ်အစိုးရ၏ ကိုလိုနီနယ်မြေ မဟုတ်သည့် မျှတ တန်းတူ လွတ်လပ် စစ်မှန်သော ပြည်ထောင်စု အတွင်းမှ ပြည်ထောင်တခု ဖြစ်ကြောင်း၊ သျှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံး သျှမ်းပြည်သားများ ကိုယ်တိုင် ဖြေရှင်းနိုင်သည့် အခွင့်အရေးများ ရှိရမည် ဖြစ်ကြောင်း၊ ထို့အပြင် ဗမာစစ်အစိုးရ ထိန်းချုပ် ခြယ်လှယ်မှု မရှိဘဲ ဘိန်း အစားထိုး သီးနှံများကို သျှမ်းပြည်သားများ လွတ်လပ်စွာ စီမံဆောင်ရွက် စိုက်ပျိုးရောင်းဝယ်ခွင့် ရှိမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးယွက်စစ်က ပြောဆိုပါသည်။

Ref: သျှမ်းသံတော်ဆင့်

....

Read More...

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင်းကို အမေရိကန် အရာရှိ သီးခြားစီ တွေ့ဆုံ

25 March 2009

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ဒေသဆိုင်ရာ အရာရှိ တဦးဟာ မြန်မာနိုင်ငံ က နိုင်ငံရေး အခြေအနေတွေကို အကဲခတ်ဖို့ အတွက် အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရင်း မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင် အာရှရေးရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ စတီဖင် ဘလိတ်ခ် (Stephen Blake) ဟာ ဒီကနေ့ ဆိုရင်လည်း ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို ကော်မတီဝင် တွေနဲ့ ဌာနချုပ်မှာ တွေ့ဆုံခဲ့တာပါ။ ဒီအကြောင်းကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ် ဟာ ရန်ကုန်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်မှာ ဗဟိုကော်မတီဝင်တွေ အပါအ၀င် ပါတီတာဝန်ရှိသူ တချို့နဲ့ တွေ့ဆုံခဲ့တာပါ။ တနာရီကြာ တွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံက မပြေလည်နိုင် သေးတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေး ဖြစ်ခဲ့ကြတယ်လို့ အန်အယ်လ်ဒီ က ပြောပါတယ်။ ဒါဟာဆိုရင် မကြာသေးခင် တုန်းကပဲ အာရှတိုက်ကို ခရီးထွက်လာရင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်ပြောင်း သုံးသပ် စဉ်းစားနေတယ်လို့ ပြောဆိုလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ်နောက်ပိုင်း အမေရိကန် အစိုးရ အရာရှိတဦး မြန်မာနိုင်ငံကို သွားပြီး စစ်အစိုးရနဲ့ရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ပါ တွေ့ဆုံမှု တခုလည်းဖြစ်ပါတယ်။ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်း ကတော့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အမေရိကန် အစိုးရရဲ့ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။

“ နိုင်ငံရေး အခြေအနေရ NLDက ဘာတွေလုပ်နေတယ်။ ဘာတွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့က ပြောတယ်။ သူတို့ဘက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တဲ့ ကိစ္စတွေကို ရှင်းပြတယ်။ နောက်ထပ် နည်းလမ်းသစ်တွေကို ရှာတုန်း ဘယ်တော့ ဖြစ်မယ်ဆိုတာ တိတိကျကျတော့ မပြောနိုင်ဘူး။ ကျွန်တော်တို့ဘက်က CEC ၇ ယောက်၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦး သန်းထွန်းဦး၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ နောက် ပြန်ကြားရေး အနေနဲ့ ကျွန်တော်ရယ်၊ ဦးဟန်သာမြင့်ရယ်၊ ဒေါက်တာ သန်းငြိမ်းရယ်တို့ ပါတယ်။ သူ့ခရီးစဉ်က အာစီယံ နိုင်ငံတွေဖြစ်တဲ့ လာအိုတို့ ၊ ဗီယက်နမ် သူတို့ နဲ့ သက်ဆိုင်တဲ့ ကိစ္စမို့ သူ့လာချင်တာ ကြာပြီပေါ့။ အခု အခွင့်အရေး ရတုန်း လာတယ်။”

လာမယ့်နှစ်မှာ ရွေးကောက်ပွဲက လုပ်တော့မှာမို့ နိုင်ငံရေး ရပ်တည်ချက်တွေ မျိုးကိုရော ပြောဆို ဆွေးနွေးတာတွေ ရှိပါသလားခင်ဗျ။

ဟုတ်ပါတယ်။ အဲဒီ ရပ်တည်ချက်တွေလည်း ဆွေးနွေးတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရွေးကောက်ပွဲ ကိစ္စကို အာဂျင်ဒါထဲမှာ မထည့်ရသေးဘူး။ ကျွန်တော်တို့ အဓိက ထားနေတာက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ပဲ။ ဒါဟာ သိပ်အရေးကြီးတယ်။ ဒါကိုပဲ လောလောဆယ် ဦးစားပေး စဉ်းစားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲတာတွေ ဘာမှ မရှိရင်တော့ ကျွန်တော်တို့ အတွက် စဉ်းစား ဆုံးဖြတ်ရတာ အခက်အခဲတွေ ရှိမယ်။ သို့သော် ဆုံးဖြတ်ရမှာပဲလို့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ အမေရိကန် အနေနဲ့ ဆောင်ရွက်ဖို့ အကြံပြုချက်တွေ ရှိရင်လဲ အကြံပြုချက်တွေလည်း လိုချင်ပါတယ်လို့ ဆွေးနွေးသွားပါတယ်။ ကျွန်တော်တို့ အမြင်ချင်း ဖလှယ်လို့ရတယ်။ သူတို့ နိုင်ငံကြီးတွေ အနေနဲ့ သူတို့ အမြင်တွေကို ကြားရတာကို အမြဲတမ်း ကြိုဆိုတယ်။ ပိုပြီးတော့လည်း နိုင်ငံရေး အခြေအနေကို သုံးသပ်လို့ ရတာပေါ့။”

တနင်္ဂါနွေနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ စတီဖင် ဘလိတ် ဟာ ဒီကနေ့ ခရီးစဉ် အဆုံးသတ်ဖို့ ရှိတယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးက ပြောပါတယ်။ အင်္ဂါနေ့မှာ တုန်းကတော့ သူဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း နဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရပိုင် သတင်းတွေမှာတော့ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနဲ့ အကျိုးတူ ကိစ္စတွေကို ဆွေးနွေးတယ်လို့သာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ဆောင်ရွက်ဖို့ ပျက်ကွက်တယ် ဆိုပြီးတော့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ခံနေရတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။

Ref: VOA News

....

Read More...

မြန်မာဆန်ကို မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်မှ ထိုင်းသို့ တရားဝင် တင်သွင်းခွင့်ပြုပြီ

NEJ / မတ်လ(၂၅) ရက်၊ ၂၀၀၉

ယခုလမှစပြီး ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ မဲဆောက်ဘက်သို့ မြန်မာဆန် တင်သွင်းခွင့် ပြုလိုက်သဖြင့် ယခင်ကဲ့သို့ ညဘက် ဆန်များ ခိုးသွင်းရန် မလိုတော့ဟု မြန်မာ ဆန်ကုန်သည် များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မြန်မာဆန်တန်ချိန် (၂၃,၀၀၀) ကို တင်သွင်းခွင့် ပြုလိုက်သဖြင့် မြန်မာဆန် များ မဲဆောက်သို့ တရက်ခြား တင်သွင်းလျက်ရှိသည်။

မြန်မာဆန် ဇီယာရှယ် အမျိုးအစားကို ထိုင်းကုန်သည်များနှင့် မြန်မာကုန်သည်များသည် ယခင်က ညဘက်တွင် တရားမ၀င် ခိုးသွင်း နေရသော်လည်း ထိုင်းဘက်မှ သတ်မှတ်ချက်ဖြင့် တရားဝင် တင်သွင်းခွင့် ပြုလိုက်သည့် အတွက် နှစ်ဘက် ကုန်သည်များ ပိုမို အကျိုး ရရှိကြသည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းဆန်ကုန်သည်များသည် ဇီယာဆန်ကို တင်သွင်းရာတွင် မြန်မာတံဆိပ်ပါ အိတ်ခွံ များနေရာတွင် ထိုင်းအိတ်ခွံ များဖြင့် အစားထိုးပြီး ထိုင်းနိုင်ငံတွင်းနှင့် ဆန်လုံလောက်မှု မရှိသည့် နိုင်ငံငယ်များသို့ တဆင့်ပြန်လည် ရောင်းချကြသည်ဟု ၎င်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာ မန်နေဂျာတဦးက ပြောသည်။

မြန်မာဆန်ကုန်သည်တဦး၏ အဆိုအရ “ဆန်တတန်ကို အခုငွေဈေးနဲ့ ဆိုရင် မဲဆောက်ဘက်ပို့တာ အမေရိကန် ဒေါ်လာ (၂၈၀) အများဆုံးပဲ၊ ဒီထက် ပိုမရဘူး။ ကီလို (၅၀) ၀င် ဆန်တအိတ်ကို ထိုင်းဘတ်ငွေ (၅၀၀) ကျော်ပဲ ရှိတယ်။ ဒီဆန်တွေကို အိတ်ခွံပြောင်းပြီး သူတို့လက်ကား ပြန်ဖြန့်တာ တအိတ် ဘတ် (၇၀၀) လောက်ရှိတယ်။ မဲဆောက်ဘက်မှာ ဆိုရင် ဆိုင်ပေါ်တင်ရောင်းတာ တအိတ် ဘတ် (၈၀၀) လောက်ရှိတယ်။ ဒါကြောင့် ထိုင်းတွေက မြန်မာဆန်ကို ၀ယ်တာပါ။ အဓိက ဇီယာရှယ်ကို ပိုဝယ်ကြတယ်” ဟု ပြောသည်။

ထိုင်းဆန်အရောင်းဆိုင်မှ မြန်မာဝန်ထမ်းတဦးက “မြန်မာ ဇီယာဆန်ရှယ်က ထိုင်းဆန်နီးပါး ကောင်းတော့ ထိုင်းတွေက အိတ်ခွံပြောင်းပြီး ဒေသ တွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေနဲ့ မြန်မာ အလုပ်သမားတွေကို တဆင့်ပြန် ရောင်းတယ်။ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် တခုတည်းမှာပဲ မြန်မာဆန်က တန်ချိန်ထောင်နဲ့ချီပြီး ရောင်းရတယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့စည်းများ၏ မှတ်တမ်းများ အရ မဲဆောက် ဒေသအတွင်း အလုပ်ရုံ စက်ရုံပေါင်း (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၁) သိန်းခန့် အလုပ်လုပ်ကိုင် လျှက်ရှိကာ မဲဆောက် အပါအ၀င် တာ့ခ်ခရိုင် တခုလုံးတွင် မြန်မာအလုပ်သမား (၃) သိန်းခန့်ရှိသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ တင်သွင်းသည့် မြန်မာဆန်နှင့် အခြား မြန်မာ စားသောက်ကုန် များကို အဓိက စားသုံးသည့် ဈေးကွက်ကြီးတခု ဖြစ်သည်ဟု မဲဆောက်ဈေးတွင် မြန်မာ စားသောက်ကုန်များ ရောင်းချသည့် နိုင်စုံချိုင်းက ပြောသည်။

တရားဝင်ဆန်တင်သွင်းခွင့်ပြုသော်လည်း အမြတ်အစွန်း ပိုမိုရရှိရန်အတွက် သတ်မှတ်ချက်ထက် ပိုမိုတင်သွင်းနေ ကြရသည်ဟု မြန်မာ ကုန်သည် တဦးကလည်း ပြောသည်။

၎င်းက “ဒီအခွင့်အရေးက ကုန်သည်တွေအတွက် မိုးရွာတုန်း ရေခံပဲ။ လက်ရှိပေါက်ဈေးကို ထိုင်းက ပို့သမျှ အကုန်ယူတယ်။ အရင်လို ခိုးသယ်စရာ မလိုတော့ဘူး။ အခွန်အကောက် ကတော့ နှစ်ဘက်စလုံး ပေးရတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းက အလုပ်ဖြစ်တယ်။ မြန်မာ ဘက်ကတော့ သိတဲ့အတိုင်းပဲ။ အိတ် (၁၀၀) အခွန်ဆောင်ရင် နောက်ထပ် အိတ် (၁၀၀) ကို အခွန်လွတ် ဖြစ်အောင် ညှိရတာတွေ ရှိတယ်။ ဒါကတော့ ဘယ်နေရာမှာ မဆို ရှိတဲ့ မြန်မာ့နည်း မြန်မာ့ဟန်ပဲ” ဟု ပြောသည်။

မြန်မာကုန်သည်ကြီးတဦး၏ အဆိုအရ “နိုင်ငံခြားကို ဆန်အိပ်စ်ပို့ လုပ်တော့ အစိုးရက သူ့နဲ့ ရင်းနှီးပြီး သူ့ကို ထောက်ခံတဲ့ ကုမ္ပဏီကြီးတွေ ကိုပဲ ခွင့်ပြုတယ်။ ကျန်တဲ့လုပ်ငန်းရှင် အငယ်လေးတွေကျတော့ ကန့်သတ်ချက် အမျိုးမျိုးလုပ်ပြီး နှိပ်ကွပ်တယ်။ ဒါကြောင့် နယ်စပ်ကို ဆန်အပါအ၀င် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်နဲ့ အခြား ထွက်ကုန်တွေက နယ်စပ်ကနေ အခုလို တင်ပို့တော့ တဖက်ဝယ်လက်ရဲ့ ဈေးနှိမ်တာကို အမြဲတမ်းပဲ ခံနေရတယ်။ ဒါဟာ စနစ်မကျတဲ့ နယ်စပ် ကုန်သွယ်ရေးနဲ့ အစိုးရရဲ့ မူဝါဒကြောင့် ဖြစ်တယ်” ဟု ပြောသည်။

မြန်မာဆန်သည် နိုင်ငံတကာရှိ ဆန်တင်ပို့သည့် နိုင်ငံများနှင့်ယှဉ်လျှင် အရည် အသွေးပိုင်းနှင့် ထုတ်လုပ်မှု ပိုင်းတွင် ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးဘဲ ဈေးနူန်းဖြင့်သာ ယှဉ်ပြိုင်နေရသည်။

Ref: ခေတ်ပြိုင်

....

Read More...

တပ်မတော်ခန်းမ အရောင်းပြပွဲ စစ်အစိုးရသတင်းစာတွေ မဖော်ပြ

NEJ / မတ်လ(၂၅) ရက်၊ ၂၀၀၉

မတ်လ (၂ဝ) ရက်မှစပြီး ရန်ကုန် ဦးဝိစာရလမ်း တပ်မတော် ခန်းမတွင် Yangon Expo-၂ဝဝ၉ ဆိုသည့် ဈေးရောင်းပွဲ တခု ကျင်းပ နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ကွန်ပျူတာ ကုမ္ပဏီ ဖွင့်လှစ်ထားသူ တဦးက “တပ်မတော် ခန်းမမှာ အရင်က လုပ်တာ ကုန်စည်ပြပွဲတွေ၊ ထုတ်ကုန်ပြပွဲတွေ၊ အိုင်တီ ပြပွဲတွေ စသဖြင့် ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားတွေ လုပ်ခဲ့တယ်။ ခုလို စုပေါင်းပြီး ဈေးရောင်းပွဲ ကျင်းပတာကတော့ ဒီတခါပဲ မြင်ဖူးတယ်။ ကျနော်တို့ကိုလည်း ဆိုင်ခန်းဝယ်ပြီး ဝင်ရောင်းမလား မေးတယ်။ အမျိုးအစားတွေ စုံလွန်းတော့ ဝင်မရောင်းတော့ဘူး” ဟု ပြောသည်။

အဆိုပါဈေးရောင်းပွဲတွင် ပြည်တွင်းထုတ် ကုန်ပစ္စည်း အနည်းငယ်၊ နယ်စပ် သွင်းကုန် ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ စသဖြင့် အမျိုးအစားစုံ၊ ပစ္စည်းစုံ ပါဝင်ပြသ ရောင်းချလျက် ရှိသည်။

ပြည်တွင်းထွက် သနပ်ခါးအချောင်းများ၊ ပြည်တွင်းထုတ် အားဖြည့်အချိုရည်များ၊ ကော်ဖီမစ် အထုတ်များ၊ တိုင်းရင်း ဆေးဝါးများ၊ ရှူဆေးများ၊ လက်ကိုင်အိတ်များ၊ ရှပ်အင်္ကျီများ၊ မိတ်ကပ် အပါအဝင် အလှကုန် ပစ္စည်းများ၊ အမျိုးသမီးဝတ် ဘော်လီများ၊ နိုင်ငံခြားမှ တင်သွင်းလာသည့် တီဗွီ၊ ဒီဗွီဒီ စက်များ၊ တရုတ်လုပ် အီးဗွီဒီ စက်များ၊ ကွန်ပျူတာများ၊ ပရိဘောဂများ၊ ဆေးဝါးများ၊ ကြွေပြားများ စသည်တို့အပြင် ကွန်ဒိုတိုက်ခန်း တခန်းဝယ်ပါက လက်ဖ်တော့ ကွန်ပျူတာတလုံး လက်ဆောင်ပေးမည့် ဆောက်လုပ်ရေး လုပ်ငန်းလည်း ပါဝင်သည်။

တနင်္ဂနွေနေ့က ဈေးဝယ်သွားခဲ့သူ အမျိုးသားတဦးက မြန်မာတိုင်းမ် ကုမ္ပဏီကလည်း အခန်းတခန်း ယူပြီး ပိဿာချိန်ဖြင့် ရောင်းချရတော့မည့် ၂ဝဝ၈ ခုနှစ်က ဂျာနယ် အဟောင်းများကို လက်ဆောင်ဆိုပြီး ဝေငှပေးကြောင်း ပြောသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မြန်မာနိုင်ငံတွင်း၌လည်း စီးပွားရေး ကျဆင်းခဲ့ပြီး ကုန်ပစ္စည်း ရောင်းချရမှု များလည်း နှေးကွေးလာသည့် အတွက် ကုမ္ပဏီများ စုပေါင်းပြုလုပ်သည့် ဈေးရောင်းပွဲများ ကုန်တိုက်များတွင် မကြာခဏ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ကုမ္ပဏီကြီးအချို့ စုပေါင်းပြီး မျှော်စင်ကျွန်းတွင် ဈေးရောင်းပွဲတခု ကျင်းပခဲ့သည်။ ယခု အဆိုပါ ဈေးရောင်းပွဲမျိုး တပ်မတော် ခန်းမတွင် ကျင်းပ ပြုလုပ်လာခြင်း ဖြစ်သည်။ ယခင်က တပ်မတော် ခန်းမတွင် ပြပွဲပြုလုပ်ပါက အစိုးရပိုင် သတင်းစာများ အပါအ၀င် ပုဂ္ဂလိက ဂျာနယ်များတွင် တခမ်းတနား သတင်းဖော်ပြ ခဲ့ကြသော်လည်း ယခုပွဲနှင့် ပတ်သက်ပြီး မဖော်ပြ သလောက်ပင် ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

Ref: ခေတ်ပြိုင်

....

Read More...

မြန်မာနိုင်ငံဒီမိုကရေစီစနစ်သို့ပြောင်းလဲရေး ထိုင်းထောက်ခံ ဟု အဖိဆစ်ပြော

အူဆာ ပီချိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ 25 2009

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံးနှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စမှာ မြန်မာ စစ်အစိုးရနှင့် ကုလ အပေါ်တွင်သာ တည်မှီကြောင်းနှင့် ထိုင်းနိုင်ငံ အနေဖြင့်မူ မြန်မာပြည် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် စေရန်နှင့် စစ်အစိုးရနှင့် ရင်ကြားစေ့ရေး အတွက် ဖျောင်းဖျပေးပါရန် မြန်မာစစ်အစိုးရ၏ တိုက်တွန်းချက်နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ယမန်နေ့က ဤသို့ မှတ်ချက်ပေး ပြောကြား သွားခြင်းဖြစ်သည်။

“ဒီပြဿနာက မြန်မာအစိုးရအပေါ် မူတည်ပါတယ်။ ကုလသမဂ္ဂက ဆွေးနွေးပွဲကို လုပ်ပေးရမှာပါ။ ထိုင်းနိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံတနိုင်ငံ အနေနဲ့ အကူအညီ ပေးသွားမှာပါ။ ဒါပေမဲ့ တချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်း နေထိုင်နေကြလို့ ဒီပြဿနာကို ဖြေရှင်းဖို့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်” ဟု အဖိဆစ်က ပြောကြောင်း ထိုင်းအစိုးရ၏ ဝဘ်ဆိုဒ်စာမျက်နှာတွင် တင်ထားသော သတင်းပေးပို့ချက်အရ သိရသည်။

မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောမတူသော တိုင်းရင်းသား အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက သဘောတူခဲ့သည်ဟု မိမိကို အကြောင်းကြားခြင်း မရှိသေးကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်ပြောသည်။

“အခုလောလောဆယ်တော့ မြန်မာစစ်အစိုးရဟာ အာဆီယံ (အရှေ့တောင်အာရှ နိုင်ငံများအသင်း) အဖွဲ့ထက် စာရင် အဓိက အားဖြင့် ကုလသမဂ္ဂနဲ့ ဆက်ဆံ လုပ်ကိုင်နေပါတယ်” ဟု သူက ပြောသည်။

မြန်မာအစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းနှင့် ဒီိမိုကရေစီ ထွန်းကားရေး ကြိုးပမ်းချက်များကို ထိုင်းအစိုးရက ထောက်ခံပါကြောင်း သူက ပြောသည်။

ထို့ပြင် သူက ဆက်ပြောရာ အာဆီယံ၏ ရပ်တည်ချက် သဘောထားမှာ အလွန်ပင် ရှင်းလင်းကြောင်းနှင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အဖွဲ့အစည်းအားလုံး ပါဝင် ယှဉ်ပြိုင်သည်ကို မြင်လိုကြောင်း ပြောသွားသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှ ထွက်လာသော အသံ အတော်များများက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အဖွဲ့အားလုံးကို မျှတစွာ ယှဉ်ပြိုင်ခွင့် ပေးမည် ဆိုသည်ကိုမူ သံသယ ဖြစ်ကြကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော မိမိ၏ ခရီးစဉ်အတွင်း တိုင်းရင်းသား သူပုန်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာ စစ်အစိုးရ၏ ဒီမိုကရေစီ လမ်းပြမြေပုံတွင် ပူးပေါင်း ပါဝင်ရေးအတွက် KNU ကို ဖျောင်းဖျ နားချပေးပါရန် မြန်မာ စစ်အစိုးရက မိမိအား အကူအညီ တောင်းခဲ့ကြောင်းဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာဆစ်က ထုတ်ဖော်ပြောကြားအပြီး ဤသို့ အဖိဆစ်၏ မှတ်ချက်ချ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

မစ္စတာကာဆစ်သည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပဏာမ မိတ်ဆက် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များနှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ်၏ တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုကို ဆောင်ရွက်ခဲ့သည်။

KNU နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့သည် စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ လမ်းပြမြေပုံကို လက်မခံဘဲ ဗဟိုအစိုးရကို ဆက်လက်၍ လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် အဓိက လက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ ဖြစ်သည်။

မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများက သူတို့၏ လမ်းပြမြေပုံတွင် အပြောင်းအလဲများ မလုပ်ပါက၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့် ပုံစံဖြင့် ဖိအားပေးမှုမျိုးကို မဆို အလျှော့ပေး လိုက်လျောမည် မဟုတ်ကြောင်း KNU ၏ ဒုဥက္ကဌ ဒေးဗစ်တာကပေါက အင်္ဂါနေ့က တုံ့ပြန်ပြောကြားခဲ့သည်။

သို့သော် KNU အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို ကိုင်တွယ် ဖြေရှင်းရန် ရည်ရွယ်ပါက မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒေးဗစ်တာကပေါက ပြောကြားခဲ့သည်။

Ref: မဇ္ဈိမ

....

Read More...

ပါတီခေါင်းဆောင်များ တွေ့ဆုံခွင့်ရရေး အန်အယ်ဒီက စစ် အစိုးရကို တောင်းဆို

မြင့်မောင်
အင်္ဂါနေ့၊ မတ်လ 24 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခွင့် ရရန် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက မြန်မာ စစ်အစိုးရထံ တောင်းဆို လိုက်သည်။

နိုင်ငံရေးအရ အရေးကြီးချိန်ဖြစ်သဖြင့် ပါတီဆုံးဖြတ်ချက်များ ချမှတ် နိုင်ရန်အတွက် ယခုလ ၁၉ ရက်နေ့က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ - နအဖ ဥက္ကဋ္ဌထံ လိပ်မူကာ စာရေးသား တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုသည်။

“အားလုံး သိနေကြတာပဲ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အစိုးရက ကြေညာထားတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစား သုံးသပ်ဖို့ လိုတာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အကြောင်းကြားထားသော်လည်း ယခုအချိန်အထိ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “တောင်းဆိုချက်အတိုင်း ရလာရင် ကျနော်တို့ လုပ်ဆောင်ရမှာပေါ့။ ရမလာရင် အဓိပ္ပာယ် တမျိုးရသွားတယ်။ ကျနော်တို့ တမျိုး စဉ်းစားရမှာပဲ” ဟု ပြောသည်။

အန်အယ်ဒီက ယခုလို တောင်းဆိုမှုမျိုး ပြုလုပ်နေချိန်မှာပင် အာဏာပိုင်များက အတိုက်အခံ လှုပ်ရှားသူများကို ထောင်ဒဏ်များ ယမန်နေ့က ချမှတ်ခဲ့သည်။

အန်အယ်ဒီ အဖွဲ့ဝင်များ၊ လေဘေးဒုက္ခသည်အရေး ကူညီသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦး အပါအ၀င် ၁၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးများမှ ယမန်နေ့က ထောင်ဒဏ်များ ချခဲ့သည်။

အန်အယ်ဒီ လူငယ် မထက်ထက်အိုးဝေ၊ ကိုဝင်းမြင့်မောင် (ခေါ်) ပဲပြုပ်နှင့် ကိုထွန်းထွန်းဝင်း တို့ကို အရေးပေါ် စီမံမှု အက်ဥပဒေဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရုံးဖြစ်သည့် ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချခဲ့သည်။

သူတို့မှာ ၂၀၀၈ ခု ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အန်အယ်ဒီ ဗဟိုရုံးချုပ်ရှေ့မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ပိုစတာများ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြသဖြင့် အဖမ်းခံခဲ့ရသည်။

အလားတူပင် နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီသဖြင့် မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ ကိုမြတ်သူနှင့် မနီမိုးလှိုင်တို့ကို ရန်ကုန် လ္ဘက်ရည်ဆိုင်တဆိုင်မှ ၂၀၀၈ ခု ဇွန်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ယမန်နေ့က တရားမ၀င် အသင်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချသည်။

ထို့အပြင် ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ၈၈ ကျောင်းသားများနှင့် ပူးတွဲကာ စာရွက်စာတမ်း ဖြန့်ဝေရန် ကြိုးစားခဲ့သူ ရန်ကုန်မှ လူငယ် ၆ ဦးကိုလည်း အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ်ချခဲ့သည်။

ကိုအောင်အောင်ကျော်နှင့် ကိုဇေယျဦးကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ နှစ်ခုဖြင့် ၇ နှစ်၊ ကိုထင်အောင်၊ ကိုသန်းထွန်းဇင်နှင့် ကိုတင်ထွန်း ကို တရားမ၀င် အသင်း ဖွဲ့စည်းမှုဖြင့် ၅ နှစ်၊ ၈၈ ကျောင်းသားဟောင်း ကိုမျိုးသန့်ကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်အဖြစ် မြောက်ဥက္ကလာပ တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။

Ref: မဇ္ဈိမ

....

Read More...

ဒေါ်စုလွှတ်ပေးလျှင် ဒဏ်ခတ်ထားမှု ရုပ်သိမ်းရန် အီးယူ စဉ်းစားမည်

AFP / မတ်လ(၂၅) ရက်၊ ၂၀၀၉

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးဆိုင်ရာ တိုးတက်မှုများရှိလာမည်ဆိုပါက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် အီးယူက စဉ်းစား နိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူ အကြီးတန်း အရာရှိတဦးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများ အပေါ် တင်းကျပ်ထားမှုများ လျှော့ပေးလျှင် လာမည့်လ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပ ကောင်စီက မဲပေးနိုင်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ အရာရှိ ပီယာရိုဖတ်ဆီနိုက သတင်းထောက်များကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင် အကျဉ်းကျနေမယ်ဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး မျှတတဲ့ ရွေးကောက်ပွဲ ဥပဒေမျိုး ထုတ်ပြန်ပေးမယ် ဆိုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ အီးယူက သတ်မှတ်မှာဖြစ်တယ်” ဟု ပီယာရိုဖတ်ဆီနိုက ပြောသည်။

Ref: ခေတ်ပြိုင်

....

Read More...

သင်္ကြန်နားနီး လောင်စာဆီဈေး ပြန်တက်

မင်းနိုင်သူ / မတ်လ(၂၅) ရက်၊ ၂၀၀၉

ပြည်တွင်းလောင်စာဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ နေကြောင်း ပြင်ပ လောင်စာဆီ ပွဲစားတဦးက ပြောသည်။

ဖေဖော်ဝါရီလလယ်ပိုင်းတွင် ဒီဇယ်၊ ဓာတ်ဆီ တပေပါ ကျပ် (၉) သောင်းအောက် ရှိနေရာမှ မတ်လဆန်းတွင် ကျပ် (၉) သောင်းကျော်လာကာ ယနေ့ပေါက်ဈေး ကျပ် (၁) သိန်းကျော်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယနေ့ပေါက်ဈေး ဓာတ်ဆီတပေပါ ကျပ် (၁၀၈,၀၀၀)နှင့် ဒီဇယ် တပေပါ ကျပ် (၁၀၄,၀၀၀) အထိ ရောက်ရှိ လာသည်။

“သင်္ကြန်နားနီးလို့ တက်တာပါ။ နိုင်ငံတကာဈေးက မတက်ပါဘူး။ ဈေးပြန်တက် လာပေမယ့် လှောင်လက်တော့ မတွေ့ရဘူး။ သင်္ကြန်ဈေးကွက် တခုတည်းကြောင့်ပါ” ဟု လောင်စာဆီ ပွဲစားတဦးက ပြောသည်။

ပြင်ပလောင်စာဆီဈေးနှုန်း မြင့်လာသော်လည်း အစိုးရထုတ် ဈေးထက် သက်သာနေဆဲ ဖြစ်ကြောင်း အဝေးပြေး ကားဂိတ် ပိုင်ရှင်တဦးက ပြောသည်။

“ဆီဈေးတက်လာပေမယ့် တန်ဆာခတွေ မတက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကုန်မှ သိပ်မရဘဲနဲ့။ အလုပ် ဖြစ်အောင်တောင် မနည်း လုပ်နေကြရတာ။ အခုဟာ ရန်ကုန်-မန္တလေး ကုန်ကျစ်တပိဿာ (၄၀)၊ ကုန်ပွတပိဿာ (၆၀) နှုန်းလေ။ အဲဒါပြီးခဲ့တဲ့ (၃) လလောက်ကတည်းက ဈေးရယ်။ ဆီဈေးက ပြန်ကျမှာပါ။ သင်္ကြန် အရှိန်လေးနဲ့ လှိမ့်နေတာ။ ပြန်အေးမှာရယ်” ဟု ဂိတ်ပိုင်က ပြောသည်။

ပုံမှန်ကုန် တန်ဆာခများ ဈေးမတက်သော်လည်း လောင်စာဆီပေပါ တင်ခနှုန်းများ တက်သွားကာ ယခင် ဆီတပေပါ ရန်ကုန်-မန္တလေးတင်ခ (၆,၀၀၀) ကျပ်သာရှိရာမှ ယခု ကျပ် (၈,၀၀၀) သို့ ရောက်ရှိသွားသည်။

ပြင်ပလောင်စာဆီဈေး အတက်အကျရှိသော်လည်း အစိုးရ လောင်စာဆီဈေးမှာ ကမ္ဘာ့ လောင်စာဆီဈေး တက်စဉ်က လိုက်တက်ခဲ့သော်လည်း ပြန်ကျချိန်တွင် ပြန်ချ မပေးကြောင်း ပြင်ပ လောင်စာဆီ ပွဲစားက ပြောသည်။

Ref: ခေတ်ပြိုင်

....

Read More...

Wednesday, March 25, 2009

ပြည်ထောင်စု/ပြည်နယ်အမည်ကို ပထ၀ီဝင်အမည်မှည့်ရန် SSCDC အကြံပြု

24 မတ်လ 2009

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဒုတိယမူကြမ်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရှင်းလင်းပွဲအစည်း အဝေး တစ်ရပ်ကို ပြီးခဲ့သည့် အပတ်က ထိုင်းနယ်စပ် တစ်နေရာ၌ ကျင်းပခဲ့ပါသည်။

မတ်ခ်ျ ၁၅ မှ ၁၈ ရက်နေ့အထိကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်သား ကယန်း၊ ပအိုဝ်း၊ ၀၊ ကချင်၊ လားဟူ၊ လီဆူး နှင့် သျှမ်း လူမျိုးစု ၇ စု ကိုယ်စားလှယ် အယောက် ၂၀ တက်ရောက် ခဲ့ကြသည် ဟုဆိုပါသည်။

တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တန်းတူညီမျှရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယ မူကြမ်းပါ အခန်းကြီး ၁၄ ခန်း၊ ပုဒ်မ ၁၉၉ ခု အနက် ‘နိုင်ငံ အမည် ပြည်နယ်အမည်ကို လူမျိုးအမည် မခေါ်မှသာလျှင် လူမျိုးရေး ပဋိပက္ခ လျော့နည်းမည်’ ဆိုသည့် အချက်ကို အကြောင်း အရာတစ်ခုအဖြစ် အကျယ်တ၀င့် ဆွေးနွေးခဲ့၏။ သျှမ်းပြည်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင် အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်း ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဤကဲ့သို့ပြောပြသည်။

“ပြည်နယ်အမည်ကို လူမျိုးနာမည်မှည့်ခြင်းအားဖြင့် အဲဒီလူမျိုး အစွန်း ရောက်သွားတတ်တယ်။ အဲဒီ လူမျိုးက တခြား လူမျိုးတွေထက် ပိုပြီးလုပ်ပိုင်ခွင့် ရှိတယ် ပိုပြီး မြင့်မြတ်တယ် ဆိုတဲ့ အထင် ရောက်တတ်တယ်။ အဲလို ရောက်သွားရင် ပြည်နယ်အတွင်း ညီညွတ်ရေး ထိခိုက်တယ်။ ( ဥပမာ- သထုံခရိုင်နဲ့ မော်လမြိုင်ခရိုင် ဟာ မွန်ပြည်နယ်ထဲမှာ ရှိတယ်။ သထုံ ခရိုင်မှာက ကရင် နဲ့ ပအိုဝ်းတွေ များတယ်။ ပြည်နယ်က မွန်ပြည်နယ် ပေးထားတယ်။ မွန်ပြည်နယ်က ကိုယ်စား လှယ်တွေ ရန်ကုန် သွားမယ်ဆိုရင် သထုံက ပအိုဝ်း ကိုယ်စားလှယ် တွေက ပအိုဝ်းဝတ်စုံနဲ့ ၀တ်သွားဖို့ပြင်တော့ မွန် ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ အဲပုံစံဆိုရင် ကရင်တွေ ပအိုဝ်းတွေ မွန်လိုဘဲနေ မွန်လိုဘဲ စကားပြော အတင်းအကြပ်လို ဖြစ်သွားတယ်) အဲလိုမျိုး မဖြစ်အောင် ရှမ်းပြည်မှာလဲ ရှမ်းပြည်လို့ ခေါ်တော့ ရှမ်းတွေက ဒီပြည်ဟာ တို့ပြည်၊ တခြားလူမျိုးတွေက ဧည့်သည်၊ တကယ် ပိုင်ဆိုင်တာက တို့ဘဲ ဆိုတဲ့ အစွဲရှိသွားရင် အစွန်းရောက် သွားတတ်တယ်။ အစွန်းရောက်သွားရင် ညီညွတ်ပျက်ပြီး အေးချမ်းမှု မရတော့ဘူး။”

လက်ရှိတိုင်းပြည်သည် လူတဦးချင်းပုဂ္ဂလိက အခွင့်အရေး ဟုခေါ်သည့် Individual right အာမခံချက် အပြည့် အ၀ မရသောကြောင့် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသား အသီးသီးက မိမိ လူမျိုးကိုသာ ဖက်တွယ် ထားလိုကြကြောင်း၊ မိမိလူမျိုး နာမည်ကို ဖက်တွယ်ခြင်း အားဖြင့် လူမျိုး characteristic စရိုက် လက္ခဏာ၏ အခြေ ခံထူးခြားချက်များ မပပျောက်အောင် ထိန်းသိမ်းနိုင်မည်ဟု ယူဆကြကြောင်း၊ ထို့ကြောင့် လူမျိုးအမည် နှင့် နယ်မြေဒေသ တခုရရန် လူမျိုး၏ လက္ခဏာIdentity ထိန်းသိမ်း နိုင်မည်ဟု မျှော်လင့်ချက်ထား ကြကြောင်း၊ တဘက်တွင် လည်း လူမျိုးအမည်ဖြင့် ပေးလိုက် ပါက အစွန်း ရောက်သွား နိုင်ကြောင်း၊ လူမျိုးအမည်နှင့် မပေးလျှင် လူမျိုးပါ ပျောက်သွား မည်ကို စိုးရိမ်သည့် လူများလည်းရှိကြောင်း၊ အစွန်းနှစ်ဘက် ဖြစ်နေသည့် လူမျိုးစု အကြား တဖြည်းဖြည်း ညှိသွားရမည်ဖြစ် ကြောင်း - ရှင်းလင်း ပါသည်။

“တိုင်းပြည်တခုလုံးရဲ့ နာမည်ကို ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် မခေါ်ဘဲနဲ့ အားလုံး သဘောကျနိုင်တဲ့ တခြား geographic name ခေါ်သင့်တယ်လို့ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုတာ ကြာပြီ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ရဲ့ နာမည် ကို ဗမာ/မြန်မာ ထည့်ခြင်း အားဖြင့် ဗမာလူမျိုးက တိုင်းပြည် တပြည်ထဲမှာ ရှိတဲ့ လူမျိုး တမျိုးလို့ မခံယူတော့ဘဲနဲ့ တပြည်လုံးကို ပိုင်ဆိုင်တဲ့ လူမျိုးဖြစ်သွားတယ်။ ကျန်တဲ့ လူမျိုးစုများ က ဗမာပြည်မှာ လာပြီး ပူးပေါင်း နေထိုင်တယ်၊ ပိုင်ရှင်က ဗမာဖြစ်သွားတဲ့ သဘော။ ဒီတော့ ငါတို့ဗမာ က လူမျိုး အများစု ဖြစ်တယ်။ အသိဉာဏ် ပိုကြွယ်ဝတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက ငါတို့နဲ့ တန်းတူ နေရာပေးလို့ မဖြစ်ဘူး။ သူတို့ကို အခွင့်အရေး ပေးထားတဲ့ အပေါ်မှာ ငါတို့ဗမာ ရှိရမယ်ဆိုပြီး တဘက်စွန်း ရောက်တဲ့ အမြင်တွေ တယူသန်တွေ ဖြစ်သွားတယ်။ တကယ်လို့ ပြည်နယ်တွေကို တိုင်းရင်းသား နာမည်ကနေ ပထ၀ီ ဒေသ အမည်ပြောင်းရင် တတိုင်းပြည်လုံးရဲ့ နာမည်ကိုလည်း ပြောင်းသင့်တယ်လို့ ကျနော်က အကြံ ပြုတာပါ ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆို၏။

၁၉၉၄ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီမိုကရေစီစနစ် ပြောင်းလဲရန်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိရန် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ချက် ချခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက် ကို အခြေခံ၍ ကွယ်လွန်သွားပြီ ဖြစ်ကြသော စ၀်စန့်ယောင်ဟွေ့၊ စ၀်ဆိုင်စစ်တို့က စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၏ အဓိက လုပ်ငန်းစဉ် တခုအဖြစ် ပြည်နယ်တိုင်း - မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကြရန် မဖြစ်မနေ လိုအပ်ကြောင်း စတင်လှုံဆော် တိုက်တွန်း လမ်းညွှန်ခဲ့၏။ နောက်ပိုင်း ချင်း၊ မွန်၊ ကရင်၊ ကရင်နီ တို့က ပြည်နယ်ဖွဲ့ စည်းပုံ မူကြမ်း ရေးဆွဲရေး ကော်မတီ/ ကော်မရှင်များ အသီးသီး ဖွဲ့စည်း ရေးဆွဲ လာခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်၌ သျှမ်းပြည်သားများဖြစ်သည့် ကယန်း၊ ပအိုဝ်း၊ ၀၊ လားဟူ၊ ပလောင် နှင့် ရှမ်းလူမျိုးစု ကိုယ်စားလှယ် များကလည်း အစည်းအဝေး တရပ် ကျင်းပပြီး သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံဥပေဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင်(Shan State Constitution Drafting Commission – SSCDC) ကို ဖွဲ့စည်း ထူထောင်ခဲ့ သည်။

Ref: သျှမ်းသံတော်ဆင့်

....

Read More...

စမူဆာ တပ်မတော်

ဂါမဏိ
Saturday, March 14, 2009

မြန်မာ့တပ်မတော်ထဲမှာ ရာထူးနေရာတွေ ဖောင်းပွနေပြီး တပ်မှူးကြီး အဆင့် အရာရှိတပ်ဖွဲ့ တောက်လျှောက် တိုးချဲ့နေပေမဲ့ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ လုံလုံလောက်လောက် မဖန်တီးပေးနိုင် တော့ဘဲ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာ နအဖရဲ့ အဓိပ္ပါယ် ထူးခြား ဆန်းပြား လှတဲ့ ဒီမိုကရေစီ ဆီကို တရွေ့ရွေ့ သွားနေရင်း အရပ်ဖက် အစိုးရ အဆောက်အအုံ ကြီးဟာလည်း ပိုလို့ပိုလို့ စစ်ဇာတ် သွင်းခံရမယ့် အလားအလာ ရှိနေပါတယ်။


မြန်မာစစ်တပ်က အာဏာသိမ်းပြီး နဝတကို မတည်ထောင်ခင် တရက် အလို ၁၉၈၈ ခု စက်တင်ဘာ ၁၇ ရက်မှာ တပ်မတော် တခုလုံး အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထက် ကြီးတဲ့ အရာရှိ နှစ်ယောက်ဘဲ ရှိပါတယ်။ သူတို့ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဖြစ်ပါတယ်။

အခုနောက်ပိုင်း အသုံးအနှုန်းအတိုင်းဆိုရင်တော့ အဲဒီရာထူးတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (တပ်ချုပ်) နဲ့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် (ကြည်း) (ကြည်းချုပ်) လို့ ပြောပါလိမ့်မယ်။ ဒီကနေ့ တပ်မတော်မှာတော့ လက်ရှိ ဒုဗိုလ်ချုပ်ကြီးနဲ့ အထက်ဆင့် တာဝန် ထမ်းဆောင်နေဆဲ အထက်တန်း တပ်မှူးကြီး အနည်းဆုံး ၂၄ ယောက် ရှိနေပါပြီ။

အထက်တန်းတပ်မှူးကြီးရာထူး ၁၂၀၀ ရာခိုင်နှုန်း တိုးများ လာတာဟာ ဒီကာလ အတွင်းမှာဘဲ တပ်မတော် တခုလုံး အင်အား ၂၅၀ ရာခိုင် နှုန်း တိုးလာတာထက် အများကြီး ပိုလွန်နေပါတယ်။ အခုလို ထိပ်ပိုင်းအလွှာကို တိုးချဲ့တာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အာဏာ ကို ခိုင်ခိုင်မြဲမြဲ ချုပ်ကိုင် ထားနိုင်ဖို့ အတွက် အခရာ ကျနေပါတယ်။

တပ်တွင်းမှာ ရာထူးတိုးမြင့်ရေးအခွင့်အလမ်းတွေ တိုးချဲ့ပေးထားခြင်း အားဖြင့် ဗိုလ်သန်းရွှေဟာ အရာရှိ တပ်ဖွဲ့ကြီးရဲ့ သစ္စာစောင့်မှု ဆက်လက်ရရှိရေး သေချာအောင် အောင်မြင်စွာ လုပ်ဆောင် ထားနိုင်ခဲ့ပါတယ်။ တပ်မှူးရာထူးတွေ တိုးချဲ့ လိုက်ခြင်းအားဖြင့် ရာထူးတက်ဖို့ အခွင့်အလမ်း ပိုများလာလို့ ဗိုလ်သန်းရွှေဟာ ကိုယ်ကျိုးစီးပွား ဆုလာဘ်လေး တဝင့်ဝင့်ပြပြီး စစ်ဗိုလ်တွေ အနေနဲ့ စစ်အာဏာ စနစ်ကြီးကို ဆက်လက် ထောက်ခံနေဖို့ ဆွဲဆောင် နိုင်ပါတော့တယ်။

တိုးချဲ့ပြန်လည်ဖွဲ့စည်းမှု
ရာထူးတိုးရေးအခွင့်အလမ်းတွေကို တိုးချဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ ကြိုးပမ်းချက် တွေကို ၂၀၀၁ ခု တပ်မတော် ပြန်လည် ဖွဲ့စည်းမှုက သက်သေ ပြနေပါတယ်။ အဲဒီတုံးက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စီမံကိန်းနဲ့ ကောင်းကောင်း အကျွမ်းတဝင် ရှိခဲ့တဲ့ အကြီးတန်း မြန်မာ့တပ်မတော် အရာရှိ တယောက်ရဲ့ အဆိုအရ တပ်မတော်ကို အကြီးအကျယ် ပြင်ဆင် ဖွဲ့စည်းခဲ့တာဟာ အရာရှိ တပ်ဖွဲ့ကြီးရဲ့ ရာထူးတိုးရေး အခွင့်အလမ်း တွေကို တိုးချဲ့ဖို့နဲ့ တိုင်းမှူးတွေရဲ့ အာဏာကို လျှော့ချဖို့ ဖြစ်ပါ တယ်။

၁၉၉၀ ခုနှစ်များအဆုံးပိုင်းမှာ တပ်မတော်တွင်း စိတ်ဓာတ် ကျဆင်းမှုတွေ အထူး တလည် ဖြစ်နေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် တပ်မတော်နေ့ မှာ စစ်တပ်တွင်း လစာတွေကို ၅၀၀ ရာခိုင်နှုန်း တိုးပေးလိုက်တာဟာ အခြေအနေကို နည်းနည်းပါးပါး တိုးတက် စေခဲ့ပါတယ်။ ဒါပေမဲ့ လည်း ရှေ့တန်းထွက် အောက်ခြေ အရာရှိတွေ အတွင်းမှာ ရာထူးတိုးရေး အခွင့်အလမ်း နည်းပါးတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ အုံ့ပုန်းရှိနေဆဲ ဖြစ်ခဲ့တယ်လို့ ခုနက အရာရှိက ပြောပါတယ်။

အဲသလိုဖြစ်ရတာဟာ တစိတ်တပိုင်းအားဖြင့် တိုင်းမှူးတွေက ရာထူးကို ကာလရှည် ကိုင်ထားတာတွေကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာထူးနေရာတွေကို အသုံးပြုပြီး အာဏာကို ကြီးကြီးမားမား တည်ဆောက် ထားပါတယ်။ သူတို့ဟာ အနှစ်သာရအားဖြင့် စစ်ဘုရင်တွေ ဖြစ်နေပြီး တိုင်းရင်းသား သူပုန်အဖွဲ့တွေနဲ့ တိုက်နေရတဲ့ မြန်မာ့ မြေပြင် တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား အားလုံးနီးပါးကို ထိန်းချုပ် ထားပါတယ်။ ဗိုလ်သန်းရွှေဟာ တိုင်းမှူး တယောက်ယောက်ကို ကိုင်ချင်ရင်လည်း ကျန်တဲ့ တိုင်းမှူးတွေ စုပြီး သူ့ကို ပြန်ပုန်ကန်မှာ စိုးလို့ မကိုင်ရဲဘူး ဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန်တုံးက တိုင်းမှူးတွေဟာ နအဖကောင်စီဝင်တွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒီလို သတ်မှတ်ချက်ကြောင့် ဝန်ကြီးတွေထက် ပိုအဆင့် မြင့်နေခဲ့ပြီး ဝန်ကြီး ဌာနတွေဟာ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ဖို့ ခက်ခဲ့ပါတယ်။ တိုင်းမှူးတွေက ဘယ်အမိန့်ကို ဆောင်ရွက်မယ် ဘယ်အမိန့်ကို ခေါက်ထားမယ်ဆိုတာကို ဆုံးဖြတ် နိုင်ခဲ့ကြပါတယ်။ အဲဒီတော့ တိုင်းမှူးတွေကို စစ်ရုံးချုပ်မှာ တဆင့်မြင့် ရာထူးတွေ တိုးပေးခြင်းအားဖြင့် နယ်စား ပယ်စား ဘဝကနေ ဆွဲထုတ်ပြီး ပြဿနာကို ဖြေရှင်းခဲ့ရပါတယ်။ ပေါ်လစီ အပြောင်းအလဲမှာ တိုင်းမှူးသစ်တွေဟာ နအဖ ကောင်စီဝင် မလုပ်ရတော့ပါဘူး။

တိုင်းမှူးသစ်တွေ သစ္စာရှိဖို့ ကျေးဇူးသိစေဖို့အတွက် ဗိုလ်သန်းရွှေဟာ တိုင်းမှူး ရွေးရာမှာ တန်းစီ ဇယားထဲက တဆင့်နိမ့် စစ်ဗိုလ်တွေထဲက မရွေးဘဲ ၄-၅ ဆင့် နောက်ရောက်နေသူ တွေထဲက ရွေးတင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ စဉ်းစားချက်က နောက်တဆင့်နိမ့် အရာရှိဟာ မိမိရဲ့ ဝါစဉ်အရ လုပ်သက်အရ ရာထူး တိုးခံရတာဖြစ်ပြီး ဝါနု လုပ်သက်နု အရာရှိတယောက် အချိန်မတိုင်ခင် ရာထူး တိုးခံရရင်တော့ ဆရာသမား (သန်းရွှေ) ဂုဏ်ကျေးဇူးကို တန်ဖိုးထား သစ္စာရှိလိမ့်မယ် ဆိုတဲ့ စဉ်းစားချက် ဖြစ်ပုံရပါတယ်။

ဒီစီမံချက်အရ တိုင်းမှူးတွေကို နေရာပေးနိုင်ဖို့ ဒုဗိုလ်ချုပ်ကြီး ရာထူးတွေ အများကြီး တိုးချဲ့ဖို့ လိုလာပါတယ်။ ဒုဗိုလ်ချုပ်ကြီး ရာထူးတွေအတွက် နည်းလမ်းနှစ်ခုနဲ့ လမ်းဖွင့်ခဲ့ရ ပါတယ်။ တခုက ၂၀၀၁ ပြင်ဆင် ဖွဲ့စည်းမှု မတိုင်ခင်လေးမှာ ဒုဗိုလ်ချုပ်ကြီး နှစ်ယောက်ကို အကျင့်ပျက် ခြစားမှုနဲ့ အနားပေးပစ် လိုက်တာ၊ နောက်တခု ကတော့ စစ်တိုင်းတွေကို ဖြန့်ကိုင်ရတဲ့ ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) ကို ၄ ခု ခွဲပစ်လိုက်တာ ဖြစ်ပါတယ်။

နောက်ထပ်နေရာတွေ ဖန်တီးပေးလိုက်တာကတော့ ကြည်း-ရေ-လေ ကွပ်ကဲ ညှိနှိုင်းရေးမှူး ရာထူးသစ်နဲ့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံးနဲ့ လေ့ကျင့်ရေး အရာရှိချုပ် ရုံးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ အရာရှိ ချုပ်ရုံးတွေကို ဒုဗိုလ်ချုပ်ကြီးက ကွပ်ကဲပြီး ညွှန်ကြားရေးမှူး ရုံးတွေကိုတော့ ဗိုလ်ချုပ်အဆင့်က ကွပ်ကဲရပါတယ်။ တကယ်တော့ ကြယ်သုံး ပွင့် အဆင့်ဗိုလ်ချုပ် (ဒုဗိုလ်ချုပ်ကြီး) ကို နေရာပေးဖို့ အရာရှိချုပ်ရုံး ဖန်တီးတာကို အရင်ကတည်းက လုပ်ခဲ့ဖူးပါတယ်။

၁၉၉၃ သြဂုတ်လမှာ ယခင်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဒုဗိုလ်ချုပ်ကြီး အဆင့် တင်တာနဲ့ ကိုက်ညီအောင် စစ်မဟာ ဗျူဟာ လေ့လာရေးရုံး OSS ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ OSS ရဲ့ လုပ်ငန်းတာဝန်နဲ့ ဝန်ထမ်းတွေဟာ ဗိုလ်ခင်ညွန့်ရဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး DDSI ဌာနချုပ် ဝန်ထမ်းတွေ လုပ်နေတာတွေနဲ့ ဘာမှ သိတ်ကြီး မထူးခြားပါဘူး။

အပြင်လူတွေနဲ့ အနောက်နိုင်ငံက လေ့လာသူတွေဟာ OSS တည်ထောင်တာကို အလွန်အကျွံ အလေးပေး အထင်ကြီး နေခဲ့ကြတယ်လို့ ထောက်လှမ်းရေး အရာရှိဟောင်း တယောက်က အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။ တကယ့် အနှစ်သာရကတော့ OSS ဆိုတာ ဗိုလ် ခင်ညွန့်ကို နောက်ထပ် ကြယ်တပွင့် တိုးပေးလိုက်တာနဲ့ ကိုက်ညီအောင် စာရွက်ပေါ်မှာ ကလဖန် ထိုးလိုက်တာဘဲ ဖြစ်ပါတယ်။

ရာထူးအဆင့်ဖောင်းပွမှု
၂၀၀၁ နိုဝင်ဘာ ပြင်ဆင်ဖွဲ့စည်းမှုဟာ နောက်ပိုင်းမှာ တပ်မတော်ထိပ်ပိုင်း တပ်မှူး အုပ်ကြီးကို တိုးချဲ့ဖို့ အကြောင်း အချက် တခုသာ ဖြစ်ပါ တယ်။ ရာထူးအဆင့် သစ်တွေ တီထွင်တာ၊ ရာထူး နေရာသစ်တွေ ဖော်ထုတ်တာနဲ့ အစိုးရ ဝန်ထမ်းလောကထဲ စစ်ဘက်က ထိုးဖောက်ဝင် တာတွေက ရာထူးအဆင့် ဖောင်းပွမှုနဲ့ ထိပ်ပိုင်း တပ်မှူးအုပ် ကြီးထွားမှုကို အားပေး မီးထိုး ပေးခဲ့ပါတယ်။

ထိပ်ပိုင်းတပ်မှူးအုပ် တိုးချဲ့ဖို့လမ်းစကို နဝတ အာဏာသိမ်းပြီး ၁၈ လအကြာ ၁၉၉၀ မတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီတုံးက ဗိုလ်ချုပ် တွေနဲ့ ဗိုလ်မှူးကြီး တချို့ကို အစုလိုက် အပြုံလိုက် ရာထူးတိုးပေး ခဲ့ပါတယ်။ စမူဆာပုံ စစ်မိန့်ပေး ဦးစီးကွပ်ကဲမှု အဆောက် အအုံကို ပုံစံပီဖို့ အတွက် ဗိုလ်သန်းရွှေ အရင်လူ ဗိုလ်စောမောင်ဟာ ဗိုလ်ချုပ်မှူးကြီး ရာထူး အသစ်ထွင်ပြီး ကိုယ့်ကိုယ်ကို ရာထူး တိုးခဲ့ပါတယ်။

၂၀၀၂ စက်တင်ဘာလမှာ စစ်အစိုးရရဲ့ နံပတ် ၂ ဗိုလ်မောင်အေးကို ဒုဗိုလ်ချုပ်မှူးကြီး အဆင့် (ကြယ် ၄ ပွင့်ခွဲ) ကို တိုးပေးခြင်းအားဖြင့် ရာထူးသစ် တီထွင်မှု ထပ်လုပ်ခဲ့ပါတယ်။ ဒီရာထူး သစ်ကြောင့် ဦးအေးဟာ ပြိုင်ဖက် ဗိုလ်ခင်ညွန့် စတုတ္ထမြောက်ကြယ် ထပ်တပ်ချိန်မှာလည်း ရာထူး အဆင့် သာလွန်မှုကို ဆက်ထိန်းထား နိုင်ခဲ့ပါတယ်။

ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးရာထူးတိုးဖို့ဟာလည်း စောစောပိုင်းက ရာထူးတိုးခဲ့ သလိုမျိုး စာရွက်ပေါ်မှာ ကလဖန်ထိုးဖို့ လိုခဲ့ပါတယ်။ ကြယ် ၄ ပွင့်အဆင့်နဲ့ ကိုက်အောင် ဦးခင်ညွန့်ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက် အကြံပေးအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ခန့်အပ်ခံရတော့ ရာထူးအဆင့်နဲ့ ပို ကိုက်ညီသွားပါတယ်။ သိတဲ့အတိုင်း ၂၀၀၄ မှာ ဗိုလ်ခင်ညွန့် ဖြုတ်ထုတ် အုပ်ခံရပြီး အခုထိ အကျယ်ချုပ် ချခံ နေရပါတယ်။

ဗိုလ်ခင်ညွန့်ကို ရာထူးတိုးပေးတာတွေဟာ စက္ကူပေါ်မှာ အကြံအဖန် လုပ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ထိပ်ပိုင်းတပ်မှူး အုပ်ကြီးကို တိုးချဲ့ နိုင်ဖို့ စစ်ဆင်ရေး ရာထူး နေရာသစ်တွေလည်း ဖန်တီး ပေးခဲ့ရပါတယ်။ ၂၀၀၁ နိုဝင်ဘာ ပြန်လည်ဖွဲ့စည်းမှုက လမ်းပြခဲ့ပြီးနောက်မှာ နောက်ထပ် ကစထ နှစ်ခု ထပ် တည်ထောင်ခဲ့ပါတယ်။ ကစထ-၅ က ရန်ကုန်တိုင်းကို ကိုင်ပြီး ကစထ-၆ က ရခိုင်ပြည်နဲ့ မကွေးတိုင်းကို တာဝန် ယူရပါတယ်။

အခုနောက်ဆုံးတီထွင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီး ရာထူးကတော့ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဖြစ်ပါတယ်။ ကစထ တွေ တည်ထောင် တာဟာ စစ်ဆင်ရေးအတွက် တစုံတရာ အသုံးဝင်မှု ရှိနိုင်ပေမဲ့ အခုနောက်ဆုံး ထွင်လိုက်တဲ့ ရာထူးကတော့ နောက်ထပ် ဗျူရိုကရေစီ အလွှာ တခု ထပ်ပိုးလိုက်တာထက် ဘာမှ သိတ်ထူးပုံ မရပါဘူး။

ဒုဗိုလ်ချုပ်ကြီးအဆင့်အောက် စစ်ဗျူရိုကရေစီ ယန္တရားကြီး ဟာလည်း ကြီးထွား လာခဲ့ပါတယ်။ စစ်တိုင်း အသစ်တွေ ဖန်တီးတာ၊ စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တွေ တိုးများလာတာ၊ တပ်မအဆင့် အမြောက်ကြီး စခန်းဌာနချုပ် နဲ့ သံချပ်ကာ တပ်ကွပ်ကဲမှု စခန်း ဌာနချုပ်တွေ ဖွင့်လှစ်လိုက်တာ တို့ဟာ ထိပ်ပိုင်းတပ်မှူး အရာရှိ တပ်ဖွဲ့ ကြီးထွားလာစေဖို့ အများကြီး အားပေး ခဲ့ပါတယ်။

ဖောင်းကားနေတဲ့ အစိုးရဝန်ထမ်း
စစ်ဗျူရိုကရေစီယန္တရားကြီးကို စစ်အစိုးရက ချဲ့ထွင်တာနဲ့ တပြိုင်တည်းမှာ အစိုးရ အရပ်ဖက် ဗျူရိုကရေစီ ယန္တရားကြီးကိုလည်း တောက်လျှောက် တိုးချဲ့နေပါတယ်။ ၁၉၈၈ ခု နဝတ အာဏာယူပြီး သိတ်မကြာခင် တုံးက အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီး ၉ ယောက် ခေါင်းဆောင်တဲ့ ဝန်ကြီးဌာန ၁၈ ခု ရှိခဲ့ပါတယ်။ ဝန်ကြီး ၉ ယောက်မှာ ၈ ယောက်ဟာ ကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာ ရာထူးနေရာတွေ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တွေ ဖြစ်ပါတယ်။

အဲဒီကတည်းကစလို့ ဗိုလ်သန်းရွှေဟာ သူ့စနစ်ကို ထောက်ခံ အားပေးတဲ့ သူခိုးဝန်ထမ်းကြီးတွေကို ဆုချဖို့ အခွင့်အလမ်းတွေ တိုးချဲ့တဲ့ အနေနဲ့ အရပ်ဖက် အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရားကြီးကိုလည်း တိုးချဲ့ လာခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ဝန်ကြီးချုပ်ရုံး အပြင် ဝန်ကြီးဌာန ၃၂ ခု၊ ဝန်ကြီး ၃၂ ပါး ရှိနေပါတယ်။ ဒီထဲမှာ ၇ ယောက်ဘဲ "အရပ်သား" ဖြစ်ပြီး အများစုက ဗိုလ်ချုပ်ဟောင်းတချို့ အပါအဝင် စစ်မှုထမ်း ဟောင်းတွေ ဖြစ်ပါတယ်။

အထက်တန်းစစ်အရာရှိကြီးတွေနဲ့ ရင်းရင်းနှီးနှီးဆက်သွယ်မှုတွေ ရှိတဲ့ မြန်မာ သတင်းရင်းမြစ် တခု အဆိုအရ ၂၀၀၄ ခုနှစ်က အထက်တန်း အရာရှိကြီးတွေရဲ့ အစည်းအဝေးတခုမှာ လူအင်အား ကိစ္စတွေ အကြောင်း ဆွေးနွေးတဲ့ အခါ ဗိုလ်သန်းရွှေက ရာထူးတိုးရေး အခွင့်အလမ်းတွေ နောက်ထပ် ဖန်တီးပေးနိုင်ဖို့ အတွက် ဝန်ကြီး တယောက်ထဲက ဝန်ကြီးဌာန အများအပြားကိုင်တဲ့ လုပ်ရပ်ကို ဆက်မလုပ်ဖို့ ညွှန်ကြား ခဲ့ပါတယ်။

အရင်နှစ်ဇွန်လမှာ ဗိုလ်ချုပ်မောင်မောင်ဆွေက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနကို လက်လွှတ်လိုက်တဲ့ အတွက် ခုန ပြောတဲ့လုပ်ရပ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ဦးအောင်ကြည် ကတော့ အလုပ်သမား ဝန်ကြီးလည်းဖြစ်၊ ဆက်ဆံရေး ဝန်ကြီးလည်း ဖြစ်နေပေမဲ့ ဆက်ဆံရေး ဝန်ကြီးဆိုတာ တကယ့်ရုံးဌာန ဆုပ်ဆုပ်ကိုင်ကိုင် မရှိဘဲ ဆိုင်းဘုတ် သက်သက်ဘဲ ဖြစ်ပါတယ်။

ဝန်ကြီးဌာနသစ်တွေ ဖန်တီးလိုက်တာဟာ စစ်ဘက်ဝန်ထမ်းတွေ ရာထူးတိုးဖို့ လမ်းကြောင်း ပိုကျယ်သွားစေ ခဲ့ပေမဲ့ တိုင်းပြည်မှာတော့ ပိုဖောင်းပွ ပိုအရည်အချင်း မဲ့တဲ့ ဗျူရိုကရေစီ ယန္တရားကြီးက ဖိစီးနှိပ်စက်မယ့် အန္တရာယ် ကျနေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲက မျှော်မှန်းထားသလို ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရဆီ တနေ့နေ့မှာ အာဏာလွှဲပြောင်း သွားတဲ့အခါ အဲဒီအစိုးရဟာ စစ်တပ် အုပ်စိုးမှု အောက်မှာ ဖြစ်ထွန်းလာခဲ့တဲ့ ကမောက်ကမ ဗယုတ်သုက္ခ အစိုးရ အဆောက်အအုံ ကြီးကြောင့် အုပ်ချုပ်ရေး စွမ်းရည် ချို့ယွင်း ပျက်ပြားနေဖို့ အလားအလာ များပါတယ်။

ဒါ့အပြင် အရပ်ဖက်ဗျူရိုကရေစီယန္တရားထဲကို စစ်ဘက်ပုဂ္ဂိုလ်တွေ စိမ့်ဝင် ထိုးဖောက်နေမှုဟာ ပမာဏအရရော၊ အတိုင်းအတာ အရရော ပိုများလာစရာ ရှိပါတယ်။ ၂၀၀၆ တုံးက ဗိုလ်မှူးချုပ် ၄ ယောက်ကို ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေး ဘုတ်အဖွဲ့မှာ ခန့်အပ်လိုက်တာဟာ အရပ်ဖက် အစိုးရဝန်ထမ်း နယ်ပယ်ထဲ စစ်ဖက်က ပိုပြီး ပါဝင်ပတ်သက်မယ့် အလားအလာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။

မကြာသေးခင်က အင်တာနက်သတင်းတပုဒ်အရ သင်တန်းသား ဦးရေ များလာတဲ့ အတွက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC ကျောင်းဆင်းတွေဟာ စစ်တိုင်း သို့မဟုတ် တပ်မ ရာထူးတွေ သေချာပေါက် ရမယ်လို့ တွက်မထားဖို့ သင်တန်းဆရာ တယောက်က သင်တန်းသားတွေကို သတိပေးတယ်လို့ ဆိုပါတယ်။ အဲဒီ အဆင့်မြင့် တပ်ရာထူးတွေ အစား ကာကွယ်ရေး ဝန်ကြီးဌာန အပြင်ဖက်က ဝန်ကြီးဌာန တွေမှာဘဲ ညွှန်ချုပ်ရာထူးတွေ ယူရနိုင် ပါလိမ့်မယ်တဲ့။

အက်ကွဲနေတဲ့စမူဆာ
ဗိုလ်သန်းရွှေ မြန်မာ့တပ်မတော်ကို ကိုင်တွယ်နေပုံဟာ တချို့ပုံစံတွေ အရ စံနမူနာပြ ပိရမစ် စမူဆာပုံ (ဝါ) ပွန်ဇီ စီးပွားရေး ကစားကွက် Ponzi ပုံ ပေါက်နေပါတယ်။ [ပွန်ဇီ ဆိုတာ လွန်ခဲ့တဲ့ ၄-၅ နှစ်က မြန်မာပြည်မှာ ခေတ်စားပြီး အကြီးအကျယ် နာမည် ပျက်သွားခဲ့တဲ့ ဖိုးတွမ်တီး "အကျိုးဆောင်ကုမ္ပဏီ" တွေ လုပ်စားပုံကို ပြောတာဖြစ်ပါတယ်။]

ပွန်ဇီ (ပိရမစ်) ကစားကွက်မှာ အစောပိုင်းရင်းနှီးမြှုပ်နှံ သူတွေကို နောက်ကျ ဝင်လာတဲ့ ရင်းနှီး မြှုပ်နှံသူတွေရဲ့ ထည့်ဝင် ရှယ်ယာတွေနဲ့ အမြတ်ဝေ စုပေးတာ လုပ်ပါတယ်။ ဒီပိရမစ် ကြီးထွားကျယ် ပြန့်နေသရွေ့ ရှေ့လူတွေကို နောက်လူတွေ ဆီကရတာနဲ့ အကျိုးအမြတ် ပေးနေတော့ အားလုံး အကျိုးရှိနေပါတယ်။ ပိရမစ်ကြီးထွားမှု ရပ်ဆိုင်းသွားတဲ့ အခါမှာတော့ အစောပိုင်း ငွေရင်း ထည့်ထားသူတွေ အနေနဲ့ ဧရာမ အမြတ်ကြီးတွေ ရထားပြီး ဖြစ်သလို နောက်ဝင်သူတွေ ကတော့ နည်းနည်းလောက်ဘဲ မြတ်လိုက်တာ သို့မဟုတ် လုံးဝ မရလိုက်တာ ဖြစ်ကုန်ပါတယ်။

လက်ရှိစစ်အစိုးရခေါင်းဆောင်ပိုင်းဟာလည်း စစ်အာဏာရှင် စနစ်ကြီးထဲမှာ မိမိတို့ သစ္စာရှိမှုကို အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့လို့ အဆီတဝင်းဝင်း ရာထူး နေရာတွေ အခွင့်ထူးတွေ ဆုချ ခံထားရပါတယ်။ မကြာသေးခင်က NDC ကျောင်းဆင်းတွေ တွေ့လိုက်ရသလို ပိရမစ်ထိပ်လွှာ တွေမှာ ကျပ်ညပ် ပြွတ်သိပ် လာတဲ့အခါ အမြတ်ဝေစုတွေက သေးလိုက် လာပါတော့တယ်။

စစ်အာဏာရှင်စနစ်ကြီးရဲ့ ပွန်ဇီစီးပွားရေးကွက် သဘာဝကြောင့် တပ်မတော်ကို တိုးချဲ့ဖို့ ဖိအား အမြဲ ဖြစ်နေပါတယ်။ တချို့ တပ်ဖွဲ့တွေမှာ စစ်သား တယောက်ဟာ လူသစ် ၂ ယောက် စုဆောင်း မပေးနိုင်ရင် တပ်ထွက်ခွင့် မရပါဘူး။ ဒီလိုဖိအားကြောင့် လမ်းသွားလမ်းလာတွေ ကလေးစစ်သားတွေကို အဓမ္မ စစ်သားဆွဲတဲ့ အောက်တန်းကျ အလေ့အထတွေ များပြား လာစေပါတယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ဒါမှမဟုတ် စစ်သား စုဆောင်းရေး ရည်မှန်းချက် ပန်းတိုင်တွေ ဖြည့်ဆီးဖို့ ၂၀၀၇ ခုမှာ တပ်မတော် စစ်သားစုဆောင်းရေး ညွှန်ကြားရေးမှူးရုံး အသစ် တိုးချဲ့ ခဲ့ပါတယ်။

စစ်အုပ်စုဟာ ကိုယ့်ဖာသာကိုယ် အဓိပ္ပာယ်ဖွင့်ထားတဲ့ ဒီမိုကရေစီ ပန်းတိုင်ဆီ တိုင်းပြည်ကို မောင်းနေရာမှာ စစ်ဗိုလ်တွေ အတွက် ရာထူး တိုးရေး အခွင့်အလမ်းတွေ ပိုရလာစေဖို့ စစ်တပ် အဆောက်အအုံနဲ့ အစိုးရ အဆောက်အအုံကို နောက်ထပ် ပြင်ဆင်ပြောင်းလဲ အကွက်ချ ကစားတာတွေ လုပ်ဖို့ များပါတယ်။ ရာထူး နေရာတွေ ပိုများများ ဖန်တီးဖို့ အရင်က ကျင့်သုံးခဲ့တဲ့ နည်းနာတွေကိုလည်း ထပ်လုပ်နိုင်ပါတယ်။ လက်ရှိ ကစထ တွေထဲက တော်တော်များများကို စိတ်ပိုင်းပြီး နောက်ထပ် ကြယ် ၃ ပွင့် ရာထူးနေရာ (ဒုဗိုလ်ချုပ်ကြီး)တွေ ဖော်ပေးနိုင်ပါ တယ်။

မကွေးတိုင်း၊ ကရင်နီပြည် ဒါမှမဟုတ် ကရင်ပြည်တို့မှာ စစ်တိုင်း အသစ်တွေ ထပ် ပေါ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ ကြယ် ၂ ပွင့် နဲ့ ကြယ် ၁ ပွင့် ရာထူး နေရာတွေ တိုးချဲ့နိုင်ပါတယ်။ နောက်ဆုံးအားဖြင့် ကစထမှူး တွေက ဗိုလ်ချုပ်ကြီး အဆင့် တက်လာပြီး တိုင်းမှူးတွေက ဒုဗိုလ် ချုပ်ကြီးအဆင့် တက်လာတာအထိ ရာထူးဖောင်းပွမှု ဖြစ်လာနိုင်ပါတယ်။

ဒီမိုကရေစီနာမည်ခံရင်း စစ်တပ်ဆက်လက်ကြီးစိုးမှုအောက်မှာ အရပ်ဖက် အုပ်ချုပ်ရေး အစိုးရ အဆောက်အအုံထဲ စစ်ဗိုလ်တွေ နောက်ထပ် စိမ့်ဝင်ပျံ့နှံ့လာပြီး ဗျူရိုကရေစီ ယန္တရား သစ်ပင်ကြီးမှာလည်း အကိုင်းအခက် သစ်တွေ ဖန်တီးခြင်း အားဖြင့် မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည် နိမ့်ကျတဲ့ အစိုးရ အုပ်ချုပ်ရေး အဆောက်အအုံက ဖိစီး နှိပ်စက်မယ့် အန္တရာယ် ကျရောက်နေပါတယ်။ ဒီလို ဖောင်းကား ပွယောင်းနေတဲ့ စစ် စနစ်ကြီးကို အသက်ဆက်ဖို့ ဘယ်က ရင်းမြစ်တွေရမှာလဲ ဆိုတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အနာဂတ်အတွက် နောက်ထပ် အရေးပါတဲ့ မေးခွန်း ဖြစ်ပါလိမ့်မယ်။

အရှေ့တောင်အာရှရေးရာ အထူးပြု အလွတ်သတင်းထောက် နော်မန်ရိုး ဘက်စပီးယဲ (အမည်ရင်း မဟုတ်) ၏ မတ်လ ၁၂ ရက် အေးရှားတိုင်းမ် အင်တာနက် ဂျာနယ်ပါ ဆောင်းပါးကို ဂါမဏိ ဘာသာ ပြန်သည်။

ဂါမဏိ

Ref: နေ့သစ်

........

Read More...

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကုလကြေညာချက် အမေရိကန် ထောက်ခံ

25 March 2009

တရားလက်လွတ် ဖမ်းဆီးမှုတွေကို ကြားနာတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့က မြန်မာနိုင်ငံမှာ အကျဉ်းချ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို တောင်းဆို လိုက်တာကို အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာနက ကြေညာချက်တစောင် ထပ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။

စစ်အစိုးရက နိုင်ငံတကာရဲ့ မေတ္တာရပ်ခံချက်တွေကို လိုက်နာခြင်း မရှိတဲ့အပေါ် စိတ်ပျက်မိတယ် လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချိုနဲ့အခြား နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတာဟာ တရားဥပဒေနဲ့ မညီဘူး၊ စစ်အစိုးရ အနေနဲ့ ဒီလို ဖမ်းဆီးထားတာကို မှန်တယ်ဆိုပြီး ဘယ်လိုမှ သက်သေ မပြနိုင်တဲ့ကြောင်း ကုလ သမဂ္ဂအဖွဲ့က သဘောထား ထုတ်ပြန်ထားတာကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်မှာ ထပ်ဆင့် ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားတာဟာ မြန်မာစစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်တာ ဆိုပြီးတော့လည်း ပြောပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ မက်ဂန် မတ်ဆန် (Meggan Mattson) က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ချုပ်နှောင်ထားတဲ့ အတွက်နဲ့ စစ်အစိုးရက နိုင်ငံတကာနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက် တွေကို လေးစားလိုက်နာဖို့ တောင်းဆိုချက်တွေကို စစ်အစိုးရက မသိကျိုးကျွံ ပြုနေတာကို စိတ်ပျက်မိတဲ့ အကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်ဂန် မတ်ဆန်က ပြောဆိုသွားပါတယ်။

Ref: VOA News

....

Read More...

အပေါ်သို့